EP - 3

111 15 4
                                    

စည်းကမ်းချက်များ

1. သင့်သက်တမ်းတစ်ဝက်နှင့်ကျန်းမာရေးကို
Satanစီသို့ပေးအပ်ရမည်။

2. ဘာသာရေးနဲ့ပက်သက်သောနေရာများသို့
မသွားရ။

3. ဤလျှို့ဝှက်ချက်ကိုဘယ်သူ့ကိုမှပြောပြခွင့်
မရှိ။

4. မူးယစ်ဆေးသုံးစွဲ၍မျောနေချိန်တိုင်း
Satanနှင့်တွေ့ဆုံးပြီ လိုအပ်ပါက
အသုံးတော်ခံယူပါ။

ဘာသာရေးအစီအရင်များဖြင့် နှုတ်ထွက်
ထွက်ပြေးမည်ဆိုး၍တာဝန်နှင့်ကျိန်စာများ
ထားရှိသည်။ သင်သည်သင့်ကို
မနှစ်သက်သူအားရင်နှင့်သည်း၍
ချစ်မိနေလိမ့်မည်။ဤကားကျိန်စာဖြစ်သည်။
ထိုလူ၏ချစ်ခင်မှုကိုရယူပြီး ကျိန်စာမှ
လွတ်​မြောက်နိုင်သည်။

အကယ်၍ကတိမတည်ပဲဖောက်ဖျက်ပါက
ရင်နင့်အောင်ချစ်ရသောကြေကွဲဒဏ်ကြောင့်
နှလုံးသားကွဲအက်ကာ ထိုနေရာ၌သွေးအန်၍
အသေဆိုးနဲ့သေရမည်။ သေလွန်ပြီးသော်
ဝိဉာဥ်အားငရဲ၌ဝဋ်ခံစေပြီးလျှင် Satanထံ၌
သံသရာအဆက်ဆက်ကျွန်ခံရမည်။

By orders of Satan

စာချုပ်မှာပါသည့်factတွေကိုဖတ်ပြီး
Yoongiငြိမ်ကျသွားသည်။ တစ်ခုမှ
အမှားမခံပါ။ အမှားလုပ်မိတာနဲ့ဒီဘဝတင်
မပြီးပဲ ဘဝပေါင်းအကြိမ်ကြိမ်ခံရမည်။
အဘွားကြီးပြောခဲ့သလိုပဲပေးဆပ်ရမှာ
အရမ်းများလွန်းသည်။

"နင်ပြန်ရမှာက ဒီကမ္ဘာမှာဘယ်သူ့မှ
လိုက်မမှီတဲ့လူတစ်ယောက်ဖြစ်မယ်
အောင်မြင်ရုံတင်မကဘူး သြဇာအာဏာပါရမှာ
ဘယ်လိုလဲရင်းရဲရဲ့လား"

Zachကိုလှည့်ကြည့်ပြန်တော့ သူလဲ
ဘာပြောရမှန်းမသိ၍ပုခုံးသာတွန့်ပြနိုင်သည်။

ငယ်ငယ်ထဲကရည်မှန်းချက်ကြီးမားခဲ့သည့်
သူသည်ထိုဘဝအား တပ်မက်ပါသည်။
ခွေးသာသာလိုလမ်းဘေးမှာသေမသွားချင်ဘူး။
ထောက်ထားစရာဆိုလို့မိဘဆွေမျိုးလဲမရှိ
မိဘမဲ့ကျောင်းကကျွေးတာစား ပေးတာနေ
ဘဝမျိုးနဲ့အရွယ်ရောက်လာပြီးမှ
တန်ဖိုးမရှိတဲ့ဘဝမျိုးသူမလိုချင်ပါ။

"နင်ပေးဆပ်ရမှာသိပ်များတယ်မလား
ဒီလမ်းမှာအခွင့်အရေးတစ်ခုတော့ရှိပါတယ်
နင့်ကျိန်စာကိုဖြည်ပိုင်ခွင့်ရှိတယ်
Satanရေးတဲ့ကံကြမ္မာကသေချာပေါက်
လွယ်မှာမဟုတ်ပေမယ့်
နင်ကြိုးစားခွင့်ရှိပါတယ် လက်ခံတယ်ဆို
ဓားနဲ့လက်မကိုခွဲပြီး သွေးနဲ့လက်ဗွေနှိပ်"

Glamorize StuffWhere stories live. Discover now