EP - 6

155 14 2
                                    

ဘုရားသခင်က ကိုယ့်ကိုဖန်ဆင်းတယ်
ပြီးတော့သူထွက်သွားတယ်။
ကိုယ့်မှာတော့ကံဆိုးမှုတွေတပွေ့တပိုက်နဲ့
သူပြန်ရောက်လာပြန်တယ်
တာဝန်မကျေခဲ့တဲ့အတွက်တဲ့
ကိုယ့်ကိုလေ ရင်ကွဲမတက်နင့်နေအောင်
ချစ်ရမယ့်လူသားလေးကိုအဝေးကြီးမှာ
ဖန်တီးထားပြီးလက်ဆောင်ပေးတယ်
သူထွက်သွားပြန်ရော ထိုလူသားလေးကလဲ
ကိုယ့်ကိုခါးသက်နေတဲ့အမုန်းတွေပဲပေးတယ် ကိုယ်ကလဲထိုအမုန်းတရားကြီးထဲမှာ
ပျော်ပျော်ကြီးနေရစ်နေခဲ့မိတယ်
မကျေနပ်ဘူးဘုရားသခင်ရယ်....။

*************************

ညမီးတိုင်တွေတစ်တိုင်ပြီးတစ်တိုင်
ဖြတ်လာရတာနဲ့အမျှပူပင်မှုတွေကလဲ
တစ်ရစ်ထက်တစ်ရစ်ပိုတိုးနေသည်။
လေတိုးသံတွေဟာ သူ့အားပိုမို
ထိတ်လန့်စေလိမ့်မည်။

Yoongiဘယ်မှာဆေးရုံတက်နေလဲဆိုတာ
စုံစမ်းရမခက်ခဲပါ။ ထို့ကြောင့်ယုံကြည်ရမည့်
လူတစ်ယောက်ကိုပြောပြခိုင်းပြီး
အမြန်လိုက်သွားခြင်းဖြစ်သည်။
ဟိုရောက်ရင်တော့အရင်ဆုံးZachနဲ့
ရင်ဆိုင်ရမည်။ သူဘာ​ကြောင့်ဒီကို
ရောက်လာရသလဲပေးဖို့ အကြောင်းပြချက်
ရှိမနေပါ။ ရင်တွေပူလွန်းလို့
လိုက်လာရတာဆိုအကုန်ဒုက္ခရောက်ဦးမည်။

အကြိမ်ကြိမ်အခါခါနောင်တရပေမယ့်
ဒီတစ်ခါရသည့်နောင်တကတော့
အဆိုးဆုံးနဲ့အနာကျင်ဆုံးဖြစ်လိမ့်မည်။

ဆေးရုံသို့ရောက်သော်....

Nurseတွေအားမေးမြန်းကာ
အရေးပေါ်အခန်းသို့ရောက်သွားသည်။
သူ့ကိုမြင်တဲ့လူမှန်သမျှအံ့သြနေကြသည်
ဓာတ်ပုံရိုက်သူကရိုက် အတင်းပြောသူကပြော
Jiminတို့လေးယောက်ရဲ့ဇာတ်လမ်းကို
ဒီနိုင်ငံမှာမသိတဲ့သူမရှိလောက်ကို
လူပြောများလွန်းသည်။

ထင်ထားသည့်အတိုင်းပထမဆုံး
ခေါင်းငိုက်စိုက်နေသောZachကို
မြင်လိုက်ရသည်။

ကျတော်ဖြည်းဖြည်းချင်းအနားကပ်သွားတော့
အပေါ်မော့၍ကြည့်လာသည်။
သူ့မျက်လုံးထဲကဒေါသကို
ကျတော်မြင်လိုက်ရတော့အမှန်ကိုကြက်သေသေအောင်ကြောက်သည်။
အမှားလုပ်ထားတဲ့သူအဖို့ ရင်ဆိုင်ဖို့
သိပ်ခက်ခဲလွန်းသည်။

Glamorize StuffWhere stories live. Discover now