EP - 4

101 15 0
                                    

အချစ်ဆိုတာလူနှစ်ယောက်
တွေ့ဆုံခြင်းကစတယ် မင်းနဲ့ကိုယ်ကျတော့
ဝေးကွာစေခြင်းရဲ့အစမှာ အချစ်ဖြစ်ပေါ်တယ်။

"Yoongiမင်း ငါ့ကိုနှောင့်ယှက်နေတာတွေ
ကျေးဇူးပြုပြီးရပ်လိုက်ပါတော့လား
မင်းရဲ့မန်နေဂျာပြောသလိုပါပဲ
ငါရောကိုကိုရောရဲ့ဝင်ငွေက
မင်းမန်နေဂျာလောက်တော့မရှိပါဘူး
အဲ့တော့မင်းအဆင့်နဲ့မင်းနေပါတော့လား"

"ကိုယ်မင်းကိုချစ်တယ်လေ မင်းကကိုယ်နဲ့
အရင်ဆုံးတွေ့တာပါ ဘာလို့နောက်မှ
ရောက်လာတဲ့လူကိုရွေးရတာလဲ"

"အချစ်မှာ အချိန်ဘယ်လောက်ကြာလဲ
အရေးမကြီးဘူးYoongi ငါသူ့ကိုချစ်တယ်
အဲ့တော့ရွေးချယ်တယ် သူကလဲသစ္စာရှိတယ်
ထွက်ရမယ့်လူက မင်းပဲ"

*အချုပ်ထဲကထွက်လာရင်
ငါနဲ့ခဏလာတွေ့ပါYoongi*

တစ်ခါမှမဝင်ဖူးတဲ့messageလေးရ၍
ပျော်ပြီးသူချိန်းတဲ့နေရာကိုအရောက်
လာခဲ့ရသည်။ အမှန်ဆိုYoongiအတွက်
ဒီနေ့ကသတင်းစာရှင်းလင်းပွဲရှိသည်။

Clubမှာရန်ဖြစ်တဲ့ကိစ္စနှင့်
ဂီတလောက်ကနေ ခဏအနားယူမည်ဟု
ကြေညာရန်ဖြစ်သည်။ 10နှစ်တာ
ဂီတလောကမှာခြေဆန့်လာခဲ့သည့်
သူ့အတွက်စိတ်ဖိစီးမှုတွေ
အရမ်းများလာခဲ့ပြီ။ ဒီလောက်ဆို
တော်လောက်သင့်သည်။

အခုတော့အရှေ့မှာသူ့အား
ထွက်သွားစေချင်သည့်ချစ်သူလေးရဲ့
စကားလုံးတိုင်းမှာရစရာမရှိတဲ့မာနနဲ့
သိက္ခာတွေ။ အချိန်တွေအများကြီး
သူ့အတွက်ပေးဆပ်ခဲ့သည်။ အရာရာမှာ
အောင်မြင်နေခဲ့ပေမယ့် အထီးကျန်နေသည့်
သူ့အကြောင်းကိုZachလွဲရင်မည်သူ့မှ
မသိပေ။

"ကိုယ့်မှာအခွင့်အရေးနည်းနည်းတောင်
မရှိတော့ဘူးလား Jiminရယ်
တောင်းပန်ပါတယ် ကိုယ်မင်းကို
တကယ်ချစ်တာပါ"

ဒီစကားတွေကိုသာ paparazziတွေ
ကြားရင်ဘယ်လောက်တောင် အကျယ်တဝင့်
အပိုလုပ်ရေးကြဦးမလဲမသိဘူး။ အရှေ့က
ကောင်လေးအတွက်ဘာမှတန်ဖိုးမရှိပေမယ့်
အခုလိုအောက်ကျို့နေရတဲ့သူ့ပုံစံကို
Fanတွေမြင်ကြရင် လွယ်မယ့်ကိစ္စမဟုတ်။

သူထိုကောင်လေးကိုချစ်နေတာ
သိကြပေမယ့် အောက်ကျခံ
တောင်းပန်နေရတာကိုတော့မသိကြပေ။
သိရင်လဲJiminသေချာပေါက်
လုပ်ကြံခံရဦးမည်။

Glamorize StuffWhere stories live. Discover now