💉Part 1🍯

14.1K 604 9
                                    

"စိတ်ညစ်လိုက်တာ"

"ဒုန်း"

အတန်းထဲ ခုနှစ်ခေါက်ချိုး၊ရှစ်ခေါက်ချိုး မျက်နှာနဲ့ ဝင်လာပြီး ခုံပေါ်အိတ်ကို စောင့်ချလိုက်တာကြောင့်

"အဟန်!!! လန့်သွားတာပဲ မိန်းကလေးဖြစ်ပြီး ဖြည်းဖြည်းသာသာလုပ်ပါ ငါတို့က အသဲနုတယ်"

ဟန်နီနွေဦးဆိုတဲ့ သူမကို အတိုကောက်နာမည်ပြောင်အဖြစ် အရှေ့မှာ 'အ' ထည့်ပြီး 'အဟန်' ဆိုပြီးခေါ်ကြတဲ့
သူ့ပြောမနာဆိုမနာ သူငယ်ချင်းနှစ်ယောက်။

"ဟုတ်တယ် ပြောလိုက် အနိုးမ"

"အံမယ် ရုပ်ကြမ်းကြီးတွေနဲ့ လာနွဲ့ချင်နေကြတယ်...။
ငါ့ကို အိမ်က မားသားကြီးပွါးလိုက်လို့ ညစ်လာတာနော်
ကြည်နေတာမဟုတ်ဘူး"

"နင်က ဘယ်တုန်းကကြည်လို့လဲ အထူးဆန်းလုပ်ပြီး လာပြောမနေနဲ့ လေကုန်တယ်"

"ကျစ်...အဲ့ဒါကြောင့် နင်ရည်းစားမရတာ မြတ်နိုးရွှေရည်"

ဖတ်စ်...ဖတ်စ်

ဟန်နီ စကားကြောင့် မြတ်နိုးလက်တွေက သူ့လက်မောင်းကို ဖျက်ခနဲဆိုသလို ရိုက်ပြီးသား။

"နာတယ်! Shit ငါ့အသားနုနုကို လက်ကြမ်းကြီးနဲ့"

"ဟန်နီနွေဦး!!!!"

"ကဲ...ကဲ တော်ကြတော့! ငါစိတ်ညစ်ပါတယ်...နင်တို့ နှစ်ယောက်ကလေ သူများတွေ နဲ့ မကိုက်ရရင် အချင်းချင်းကို ကိုက်နေကြရော"

""ကျော်ကြီး! မျောက်မ! ငါတို့ကို ခွေးနဲ့ မနှိုင်းနဲ့စမ်း!""

အခုလိုကျတော့ ဟန်နီနဲ့ မြတ်နိုး နှစ်ယောက်လုံး လေသံ တစ်သံတည်း ထွက်လာသည်။ ဒါမျိုးကျ ညှိစရာမလို အတိုင်ပေါက်ညီသည်။

"ငါပြောတာမှားလို့လား!! ဟိုနေ့ကတောင် ကံကောင်းလို့
Club မှာ ပြဿနာမတက်တယ်...နင်တို့နဲ့ ပေါင်းတာ
ထောင်ထမင်းစားရတော့မှာလား အခုမှ
အသက်ပြည့်တုန်း မသာပေါ်တော့မလား မသိဘူး"

Selfish LoveWhere stories live. Discover now