Ring ring 🎶 (phone ringtone)
"hello ဟန်နေး"
"Hello ဘယ်သူပါလဲလို့ အရင်မေးသင့်တယ်လေ မမပိုးမှီကလဲ...တကယ်လို့ ဆက်တဲ့သူက ဟန်နေး မဟုတ်ရင် ဘယ်လိုလုပ်မလဲ"
"ဒါပေမယ့် ဟန်နေးလို့ Contect ထဲမှတ်ပြီးပြီလေ ဒါ ဟန်နေး နံပါတ်ပဲဟာ ဟန်နေးမဟုတ်လို့ ဘယ်သူဖြစ်မှာလဲ"
"ဒါပေမယ့်လည်း မမပိုးမှီကလဲ နည်းနည်းတော့ မသိသလို ပြောအုံးမှာပေါ့"
"ဟယ် ဟုတ်ပါပြီ ဒီကမှားပါတယ် Hello အခု ဖုန်းဆက်တာ ဘယ်သူပါလဲ"
ပိုး အလျော့ပေးပြီးပြန်မေးလိုက်တော့ ဟန်နီဘက်က ရယ်သံ လွင်လွင်လေးကို ပိုး ဖုန်းထဲကနေ ကြားလိုက်ရတော့ ခုနက ဟန်နီ ဖုန်းဆက်တာလို့ ပျော်တာရော စိတ်လှုပ်ရှားတာပါရောယှက်လို့ ခုန်တာမြန်နေတဲ့ သူ့ရင်ဘက်ထဲ က အကောင်ပေါက်က အခုတော့ပိုတော့ မြန်ဆန်လာသည်။
** ပိုး နှလုံးရောဂါများ ရနေပြီလားဟင် **
"ဟယ်လို!! ဟယ်လို မမပိုးမှီလို့"
"အင်း အင်းပြောလေ ဟန်နီ ဘာကိစ္စဆက်တာလဲ"
"ဟာ ကိစ္စရှိမှ မမ ပိုးမှီကိုဆက်ရမှာလား ကိုယ့်ညီမလေးက သတိရလို့ဆက်တာကို"
သတိရလို့ ဆက်တာဆိုလို့ ပျော်ချင်ပေမယ့် ကိုယ့်ညီမလေးဆိုတဲ့ အသုံးနှုန်းကိုသုံးတော့ ရင်ထဲအောင့်တက်တက်။
"ဟန်နေး"
ပိုး သူစကားပြောနေတာကို ပြန်မဖြေပဲ ဟန်နီနာမည်ကို ခေါ်လိုက်တော့။
"ဟုတ်"
"ဘာလို့ မမပိုးမှီလို့ ပြန်ခေါ်နေတာလဲ"
"ဟင်? ဘာကိုလဲ"
"ဟို...ဟို ဟိုဟာလေ"
"ဟိုဟိုဟို နဲ့ ဘာဖြစ်နေတာလဲ မမပိုးမှီရယ် ပြောစရာရှိတာ ပြောလေ အားနာမနေနဲ့"
"မ...မဟုတ်ပါဘူး မမပိုးမှီလို့ ခေါ်တာ မရှည်နေဘူးလားလို့...ဟို မ' လို့ပဲ ခေါ်လို့ရတယ်...လို့ပြောတာ"
ပိုး သူ့ဘက်ကစပြောပြီးသူပဲ အရှက်သည်းနေရပြီ။ ဟန်နီရှေ့မှာ မဟုတ်ပဲ ဖုန်းနဲ့ပြောတာတာတောင် မျက်နှာဖွေးဖွေးလေး နီရဲနေပြီ။ ပြီးတော့ စိုးရိမ်သည်။ သူဘာလို့ မှန်းမသိ ထို ကလေးဆီက သူ့ကို "မ" လို့ ထပ်ခေါ်တာကို ကြားချင်နေမိတာကြောင့် ကလေးက မခေါ်ပဲ "မမပိုးမှီ" လို့ပဲ ဆက်ခေါ်မှာကို သူတကယ်စိုးရိမ်နေမိသည်။
YOU ARE READING
Selfish Love
Fanfiction"ဘယ်လမ်းက သွားသွားရောက်မယ့်နေရာက တစ်နေရာတည်းတဲ့ တကယ်ပဲနော် နောက်ဆုံးတော့လည်း ဒီဘူတာပဲ စိုက်တာပဲ!...ဟန်နေး ပြောပြီးသားပဲ အစ်မကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး" "ချစ်တက်လာအောင်လုပ်တယ်...မျှော်လင့်ချက်တွေပေးတယ်...။ ပြီးမှ မချစ်ဘူးတဲ့လား ကလေး!... အဲ့လောက...