ကျောင်းပျက်ရတာ မကြိုက်တဲ့ ပိုးက အခုတော့ ကျောင်းကျက်ပြီး YUFL ကို ရောက်ရောက်သွားတာ ၃ ရက်ဆက်တိုက်လောက်ရှိသည်။ ချစ်ရတဲ့သူက မလာတော့ တွေ့ချင်တဲ့ သူက သွားရတာပေါ့။
"ဟဲ့ ဟိုအစ်မလာပြန်ပြီ နင်ဟာ မကောင်းလိုက်တာ"
မြတ်နိုးရဲ့ အပြစ်တင်စကားကို ရရှိလိုက်ပေမယ့် ဟန်နီကတော့ အခြေနေကို သဘောကျဟန်ဖြင့် ပြုံးလျက်ပင်။
"ငါကတော့ ဟန်နီကို လေးစားတယ် ငါအဲ့အစ်မကို မြင်ဖူးတယ် ကြည့်နေတာ မနေ့ကမှ မှတ်မိတယ်"
ဟန်နီ မျက်ခုံးပင့်သွားသည်။ မြတ်နိုးကလည်း သိချင်စိတ်နဲ့
"ဘယ်သူလဲ? ဒီ အစုတ်ပလုတ်မက အဲ့အစ်မအကြောင်းကို ဘယ်လိုမေးမေးမပြောပြတော့ နင်ပဲပြောတော့"
ဟန်နီ သူတို့နှစ်ယောက်ကို သူနဲ့ပိုးရဲ့ ဇာတ်လမ်း အစအဆုံးကိုပြောပြထားပါတယ်။ သို့ပေမယ့် ပိုးရဲ့ နာမည်
နဲ့ ကျောင်းကိုတော့ မပြောပြထား။ အဲ့ဒါကြောင့် မြတ်နိုး
စပ်စုပြီး သိချင်နေခြင်း။မေကျော်က ဟန်နီကို တစ်ချက်ကြည့်ရင်း
"အဲ့ အစ်မ နာမည်က ပိုးမမှီသာမလား... ဆေးကျောင်း နောက်ဆုံးနှစ်က ဆေးကျောင်း Queen လေ! Right?"
ဟန်နီ ခေါင်းညိမ့်ချင်ပေမယ့်သူတကယ်မသိပါ ပိုးက ဆေးကျောင်းရဲ့ အလှဘုရင်မဆိုတာကို။ ဟန်နီ အူလည်လည်နဲ့ ခေါင်းညိမ့်လိုက်တော့။ မေကျော်က အံ့သြပြီး
ဂုဏ်ယူတဲ့ ပုံနဲ့"ဟဲ့ နင်ဘယ်လိုတွေတောင် အဲ့အစ်မကို ကစားလိုက်တာလဲ ငါတကယ် မနေ့ကသိတော့ အံ့သြလွန်းလို့!"
"ဘာကိုလဲ! ဒီတိုင်း ယောကျ်ားလေးတွေကို ပျင်းလာလို့
မ'...အဲ အစ်မ ပိုးမမှီသာကို တွေ့တော့ ငါမိန်းကလေးတစ်ယောက်ကို ဟဲဟဲ..."ဟန်နီ ဆက်မပြောပဲ ဆက်ဖြဲဖြဲရယ်ပြလိုက်ပေမယ့် မြတ်နိုးနဲ့ မေကျော် နှစ်ယောက်လုံးက အခြေနေကို သဘောပေါက်လိုက်သည်။ ကျောင်းအပြင်မထွက်သေးပဲ ကျောင်းရှေ့မှာ ရပ်စောင့်နေတဲ့ ပိုးကို ကြည့်ရင်း မေကျော်က
"ငါ့အစ်ကိုလို အကြိုက်ခံ လူတန်းစားတောင် အဖက်မလုပ်ခံရတဲ့ ပိုးမမှီသာကို နင်ဘယ်လိုတောင်!... ငါတကယ် အံ့သြလို့မဆုံးဘူး"
YOU ARE READING
Selfish Love
Fanfiction"ဘယ်လမ်းက သွားသွားရောက်မယ့်နေရာက တစ်နေရာတည်းတဲ့ တကယ်ပဲနော် နောက်ဆုံးတော့လည်း ဒီဘူတာပဲ စိုက်တာပဲ!...ဟန်နေး ပြောပြီးသားပဲ အစ်မကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး" "ချစ်တက်လာအောင်လုပ်တယ်...မျှော်လင့်ချက်တွေပေးတယ်...။ ပြီးမှ မချစ်ဘူးတဲ့လား ကလေး!... အဲ့လောက...