"ဟဲ့ နင်ရှင်းရမှာနော် ဟန်နီ! နင်ရှင်းမယ်ပြောထားပြီး မသိချင်ယောင် ဆောင်မနေနဲ့!"
"မသိချင်ယောင်ဆောင်တာ မဟုတ်ဘူး! ငါတကယ် ပိုက်ဆံအိတ်ကျန်ခဲ့တာ အခုမှ သိတာ...ငါ မလိမ်ဘူး အတည်"
"ကျစ် စလာပြီ...! မေကျော်နင် ရှင်းလိုက် ငါ့မှာ ပိုက်ဆံမပါဘူး"
"အပိုစာသားတွေမပြောနဲ့ ထုတ် နင်ရယ်ငါရယ်တစ်ယောက်တစ်ဝက်ရှင်းရမှာပဲ!... ပြီးမှ အဲ့မိန်းမဆီက ပြန်တောင်းမယ်"
မြတ်နိုး မကျေနပ်ပဲ စူပုတ်ကာ ၃ သောင်းကျော်ကျော်ကျသွားလို့ ၁ သောင်းခွဲစိုက်လိုက်ရသည်။ မေကျော်ရော မြတ်နိုး နှစ်ယောက်လုံး ဟန်နီကို မကျေနပ် ဟိုတစ်ခါ သူတို့ ၃ ယောက်ပေါင်းစားမယ်ပြောပြီး အဲ့နေ့က သူ့ပိုက်ဆံမရှိလို့ နောက်တစ်ခါ ဝယ်ကျွေးမယ်ပြောပြီး အခုတော့ သူတို့ပဲ ထပ်စိုက်ထုတ်လိုက်ရတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲ။
စားသောက်ဆိုင် ကအထွက်မှာ မြတ်နိုးနဲ့ မေကျော်နှစ်ယောက်လုံး စူပုတ်နေကြပေမယ့် ဟန်နီကတော့ ပြုံးစိစိနဲ့။
"ဒီမှာကြည့်"
""နင်!!!""
မြတ်နိုးနဲ့ မေကျော် နှစ်ယောက်လုံး ဒေါသထွက်သွားကာ အော်လိုက်သည်။ ဟန်နီ သူ့ပိုက်ဆံအိတ်ကို ထုတ်ပြလိုက်ခြင်းကြောင့် ဖြစ်တယ်။
"ပေး အဲ့ပိုက်ဆံအိတ် ငါတို့ ပိုက်ဆံ ပြန်ယူမယ်"
ပြောရင်း အလျင်မြန် ပိုက်ဆံအိတ်ကို လှမ်းဆွဲလိုက်တဲ့ မြတ်နိုး... မြတ်နိုးထက် လက်မြန်တဲ့ ဟန်နီ အနောက်ကို ပြန်ဆွဲရင်း
"လိုချင်ရင် ရအောင်လု"
လျာထုတ်ပြရင်းပြောကာ ထွက်ပြေးသွားတဲ့ အနောက်ကနေ မေကျော်တို့ လိုက်လုရသည်။
"Ah!!..."
ရှေ့မကြည့် နောက်မကြည့်ပြေးတာကြောင့် လူတစ်ယောက်ကို ဝင်တိုက်မိသွားသည်။
"Sorry sorry ဟန်နီ မရည်ရွယ်..."
"ရပါတယ် ဘာမှမဖြစ်ပါဘူး"
တိုက်ခံရတဲ့ ကောင်လေး စကားကို ဟန်နီ နားထဲမဝင်တော့ ။ သူ့ဘေးနားက သူ့ကို မျက်လုံးစိမ်းစိမ်းတွေနဲ့ ကြည့်နေတဲ့ မ'... ဟုတ်တယ် သူ့ရဲ့ မ' ...သူရက်စက်ခဲ့တဲ့ မ' တစ်ချိန်တစ်ခါလောက် လမ်းမှာတွေ့ရင် တောင်းပန်ချင်ခဲ့တဲ့ ပိုးမမှီသာ ဆိုသူ။
YOU ARE READING
Selfish Love
Fanfiction"ဘယ်လမ်းက သွားသွားရောက်မယ့်နေရာက တစ်နေရာတည်းတဲ့ တကယ်ပဲနော် နောက်ဆုံးတော့လည်း ဒီဘူတာပဲ စိုက်တာပဲ!...ဟန်နေး ပြောပြီးသားပဲ အစ်မကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး" "ချစ်တက်လာအောင်လုပ်တယ်...မျှော်လင့်ချက်တွေပေးတယ်...။ ပြီးမှ မချစ်ဘူးတဲ့လား ကလေး!... အဲ့လောက...