ဟန်နီ ချိန်းထားတဲ့အချိန်ထက် ၅ မိနစ်သာနောက်ကျခဲ့တာ ပိုးက သူ့ထက်အရင်ရောက်
နှင့်ပြီး JC အပေါက်ဝနားက တိုင်နားမှာစောင့်နေသည်။"မမပိုးမှီ စောင့်နေတာကြာပြီလား"
သူပြောခဲ့တာက မလာမချင်းစောင့်နေမယ်လို့
ဒါပေမယ့် ဟိုက ပြန်စောင့်နေတာမို့ နည်းနည်းတော့ အားနာမိတယ်။"ဟင့်အင်းမကြာသေးပါဘူး ကလေး စောင့်နေရတာ ကြာမှာဆိုးလို့ မမ စောထွက်လာတာ နည်းနည်းစောသွားပုံရမယ်"
သူမက ဟန်နီကို ပြုံးပြီးပြောတယ်...သူ့ကို အပြစ်မယူပဲ ပြုံးပြီးပြောတဲ့ အစ်မရဲ့ အပြုံးက ရင်ထဲအေးလိုက်တာ။
"ကလေး...ဟေး ဟန်နေး..."
"အ ဟုတ် မမပိုးမှီ"
"ဘာတွေတွေးနေတာလဲ အစ်မခေါ်နေတာတောင် မကြားတဲ့အထိ"
"ဟီး sorry မမ... မမပြုံးတာလှလို့
ငေးကြည့်မိနေတာ အဲ့ဒါကြောင့် မကြားလိုက်တာ...ဒါနဲ့ ဘာပြောလိုက်တာလဲဟင်"ပိုး ရှက်သွားတာကြောင့်လား နေအပူရှိန်ကြောင့်လား တစ်ကိုယ်လုံး ပူတက်လားသည်။ပိုး ဒီစကားကိုသူကြားဖူးနေကြပါ... သူပြုံးရင်၊ သူရယ်ရင် လှတယ်၊ အေးချမ်းတယ်...ဆိုတဲ့ စကားတွေ သူ့ကို လိုက်ပိုးနေတဲ့ သူတွေ ဆီက ကြားနေကြပါ။ ဒါပေမယ့်
မိန်းကလေးတစ်ယောက်ပြောတဲ့ စကားက သူ့ကို ဘာကြောင့် အရှက်ပိုစေတာလဲ။"ဟို...အ...အထဲဝင်ရအောင်လို့ အပြင်မှာ နေမြင့်နေတော့ ပူနေပြီ"
"ဟုတ်မယ် မမပိုးမှီ မျက်နှာဖြူဖြူလေး ရဲနေပြီ ဝင်ကြမယ်လေ"
"အင်း ဝင်ကြမယ်လေ"
ပိုးက ဝင်မယ်ပဲ ပြောရသေးသည်။ ဟန်နီက သူ့လက်ကို ဆွဲကိုင်လာတာကြောင့် ပိုးကြောင် မိသည်။ မိန်းကလေးအချင်းချင်း ဟုတ်တယ်မလား။ ဘာမှမဖြစ်ဘူးလေ သူငယ်ချင်းတွေလဲ လက်တွဲ ပြီးသွားကြတာပဲ။ ရှက်ချင်သလိုလိုရှိလာသည်...ရင်တွေလဲ ခုန်နေသလား ပိုးမသိပေမယ့် ပိုး ဒီအခြေနေကို ကျေနပ်နေမိတယ် ထင်တယ်။
ဟန်နီဆွဲခေါ်ရာနောက်ပါသွားပြီး အဲ့ဒါကိုပဲ သတိထားပြီးတွေးနေမိတာ ဘယ်လိုလုပ် မလာရှမ်းကော ဆိုင်ရောက်သွားလဲ မသိ။
ဟန်နီက ဆိုင်ရောက်တော့ လက်တွဲ ဖြုတ်လိုက်တာကြောင့် စိတ်အလိုမကျတော့ သယောင် တစ်ခုခု ဟာသွားသလိုမျိုး။
YOU ARE READING
Selfish Love
Hayran Kurgu"ဘယ်လမ်းက သွားသွားရောက်မယ့်နေရာက တစ်နေရာတည်းတဲ့ တကယ်ပဲနော် နောက်ဆုံးတော့လည်း ဒီဘူတာပဲ စိုက်တာပဲ!...ဟန်နေး ပြောပြီးသားပဲ အစ်မကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး" "ချစ်တက်လာအောင်လုပ်တယ်...မျှော်လင့်ချက်တွေပေးတယ်...။ ပြီးမှ မချစ်ဘူးတဲ့လား ကလေး!... အဲ့လောက...