1

904 60 0
                                    

"သားရေ Lix လာပြီ" Changbin မေမေ ပြောလို့တောင် မဆုံးသေး.. Felix တစ်ယောက် အချိုသာဆုံး အပြုံးတွေနဲ့ ဝင်လာတော့တယ်

" လာထိုင် Lix " မိမိဘေးက ခုံကို အသာညွှန်ပြလို့ Changbin လည်း စာအုပ်တွေနဲ့ ကောင်လေးကို လာထိုင်စေလိုက်တယ်

"Hyung ဒီနေ့ ကျောင်းမှာသင်တဲ့ စာတွေက အရမ်းခက်တာပဲ..သိလား" ကလေးတစ်ယောက် သဖွယ် နှုတ်ခမ်းလေးစူလို့ ပြန်တိုင်နေပုံက တကယ် အသည်းယားစရာ

တမင်အရှည်ထားထားတဲ့ ရွှေဝါရောင်ဆံပင်တွေက မျက်စိစူးနေတာမို့ ရှေ့ဆံပင်တွေချည်းစုကာ ထိပ်မှာစည်းထားတာကြောင့် မျက်နှာပေါ်က မြတ်နိုးဖွယ် freckle လေးတွေ ပိုထင်းနေတယ်

"Hyung ကျောင်းက အိမ်စာတွေလည်း အများကြီး ပေးလိုက်သေးတယ် အဲ့ဒါလည်း ကူလုပ်ပေးနော် ဟီးဟီး"

"အေးပါ ငပျင်း​လေးရယ်"

" Hyung နော်..
ကျွန်တော်က မပျင်းပါဘူး စိတ်မပါတာပါ ပြီးတော့ စာလုပ်ရတာ ကျွန်တော့ style မှ မဟုတ်တာ "

" ဒါဆို မင်း style က ဘာလဲ "

" Hyung နဲ့ မုန့်စားမယ် ဂိမ်းဆော့မယ် ရုပ်ရှင်ကြည့်မယ် အဲ့ဒါကျွန်တော့ style"

အသက် တစ်နှစ် ကြီးတဲ့ Changbin ကို အလွန်ခင်တွယ်တဲ့ ကြက်ပေါက်စ၏ မထူးဆန်းတဲ့အဖြေ..

" တော်ပြီ စာလုပ်မယ် ငပျင်းလေး " ခေါင်းကိုဘောပင်နဲ့ ဖွဖွခေါက်လိုက်တာနဲ့ အား ဆိုတဲ့အသံနဲ့အတူ
တစ်တောင်လောက် စူထွက်နေတဲ့ နှုတ်ခမ်းနဲ့ ​ကောင်လေးတစ်ယောက်ကို မြင်ရမည်ဖြစ်သည်

ဟိုး..ငယ်ငယ် ခြံထဲပြေးကစားတဲ့ အရွယ်ကတည်းက ခင်တွယ်ခဲ့ကြသည်
မတူညီတဲ့အကျင့်စရိုက်ကိုယ်စီ ရှိကြပေမယ့် တူညီတဲ့ ကံကြမ္မာပတ်လမ်း တစ်ခုမှာ သံယောစဉ်အမျှင်လေးတန်းဖို့ရာ ကံပါလာပြီးသားမို့ ခင်မင်မှုသက်တမ်းဟာ ဆယ်စုနှစ် တစ်ခုနီးပါး..။

" Hyung........ " အသံကို ခပ်လေးလေးဆွဲခေါ်နေသည်မို့ ငပျင်းလေး တစ်ယောက် စာလုပ်ရတာငြီးငွေ့နေပြီဆိုတာ Changbin သိသည်

" ဘာမှအထွန့်မတက်နဲ့ Lee Felix
စာကိုပြီးအောင်လုပ် " ခပ်တင်းတင်းမျက်နှာထားနဲ့ Felix မပြောခင် ဟန့်လိုက်ရတယ်

Love is...YouWhere stories live. Discover now