4

301 45 2
                                    

Hyung ကိုသာ စောစောအိပ်မှာမလို့ စာဆက်မလုပ်ဖို့ ပြောခဲ့ရပေမယ့် အိပ်မပျော်နိုင်တာက ကျွန်တော်

ကိုယ့်သူငယ်ချင်းရည်းစားရမှာကို ဘာမဆိုင် ညာမဆိုင် ကျွန်တော်က ရင်တွေတုန်လို့

အိပ်ရာဘေးကဖုန်းလေးကိုယူပြီး ဆက်မိတဲ့ နံပါတ်က
Han Jisung

"အွန်း........Lix ပြော" အိပ်ချင်မူးတူးအသံနဲ့ ဖုန်းဖြေတဲ့ Jisung

"Seungmin က မနက်ဖြန်ပန်းခြံမှာ တွေ့ဖို့ ငါတို့ကို
ချိန်းလိုက်တယ် မင်းကိုလည်းတစ်ခါတည်း အဖြေပေးမယ်တဲ့"

"ဘာ..!!!"

"yahh!!ဖြေးဖြေးအော်ပါ ငါ့နားလေးတွေ သနားပါတယ်"

"ဆောရီး ဆောရီး ငါဒီတိုင်း အရမ်းပျော်သွားလို့ပါကွ ဟီးဟီး"

"ဟီးမနေနဲ့ဦး မနက်ဖြန် စောစောထရမှာနော် ချိန်းထားတာ 9 နာရီ..
ပြီးတော့ အဖြေရပြန်ရင် ငါ့ကိုမုန့်ဝယ်ကျွေးရမယ်နော်"

"အေးပါ သူသာခေါင်းညိတ်ခဲ့ရင် ကျောင်းဖွင့်တာနဲ့ မင်းကိုငါ သက်သက်တစ်ဝိုင်းကျွေးမယ် အခုတော့ အိပ်တော့မယ်
မနက်ကျမနိုးမှာစိုးလို့ "

"အေးပါ ဒါဆိုလည်း အိပ်တော့"

ဘာလိုလိုနဲ့ ကျွန်တော့သူငယ်ချင်းကြီးတောင် စွံတော့မှာပဲ

တလွဲသတ္တိလို့ပဲပြောပြော..
Seungmin ကို သဘောကျနေတယ်လို့ ကျွန်တော့ကို ရင်ဖွင့်ပြီးကတည်းက သူငယ်ချင်းဖွဲ့ကာ Jisung နဲ့ ရင်းနှီးအောင် အခမဲ့ အကျိုးဆောင်ပေးခဲ့တယ်

နှစ်ယောက်တည်းရှိတဲ့ squad လေးလည်း သုံးယောက်ဖြစ်ပြီးနောက် ပိုပြီးအရောင်ပိုစုံလို့

မုန့်စားတိုင်း Seungmin ဆီက အမှတ်လိုချင်လို့ ကျွန်တော်တို့ စားသမျှရှင်းတဲ့ Jisung ကတော့ ကျွန်တော့အကြိုက်ဆုံး ပြောင်းလဲမှုဘဲ

ဒါပေမဲ့ Seungminက ခပ်ပျော်ပျော်နေတတ်တဲ့ Jisung ထက် ကျွန်တော့ကို ပိုခင်တာမို့ Jisung တစ်ယောက် သုံးဘီးလေးလည်း ဖြစ်ရဖူးတယ်

ကျွန်တော့ရဲ့အောင်သွယ်ကောင်းမှုကြောင့် မနက်ဖြန်ဆို Jisung အဖြေရတော့မယ်

Love is...YouWhere stories live. Discover now