2

366 50 3
                                    

" Changbin-ah နောက်ကျလှချည်လား? "

"ထုံးစံအတိုင်း သူ့ crushမကျ ကလေးမကျ ကောင်လေးကို ကျောင်းလိုက်ပို့ပေးနေလို့ နေမှာပေါ့" Chan ရဲ့အမေးကို Minho က အရွှန်းဖောက်ကာ ဝင်ဖြေသည်

"Hyung တို့ကလည်းနော် ကျွန်တော့်တွေ့တာနဲ့ စ,မယ်ဆိုတာပဲ"

"ကလေးမုန့်ပေးကြိုက်တဲ့ ငါတို့တက္ကသိုလ် ကျောင်းသားကြီးကို ချစ်လို့စတာပါကွာ" ရယ်သံနှောတဲ့ Minho စကားက Changbin ကိုပိုပြီး အနေခက်စေတယ်

ဒါပေမယ့် သူ့ သူငယ်ချင်းတွေအတွက်တော့ တက္ကသိုလ်က မဒီလေးတွေကို ပလပ်ပြီး အထက်တန်းကျောင်းသားလေးကို ကြိတ်ချစ်နေတဲ့ Changbin ဟာ စရင်လည်းစချင်စရာပင်

"တစ်နှစ်လေးကွာတာပါ"

" ထားပါ ဒါနဲ့ဘယ်တော့ ဖွင့်ပြောမှာလဲ? " Chan မေးတဲ့ မေးခွန်းကို Changbin ဖြေမှာမဟုတ်ပါ

"မေးမနေပါနဲ့ Hyung ရာ..
သူက အုံ့ဖုန်းအချစ်သမားလေးလေ ဟား ဟား"

နောက်ဆက်တွဲအနေနဲ့တော့ နှစ်ထပ်ကျောင်းဆောင်ထဲသို့ ရယ်မောကာ ဝင်သွားကြတဲ့ သူငယ်ချင်းသုံးယောက်ကို မျက်မြင်တွေ့ရမည်သာ....။

»»————- ♡ ————-««

"Lix ဘာတွေ တွေးနေတာလဲ? " ပုခုံးပေါ်ကျလာတဲ့ လက်နဲ့အတူ Jisung ဆီက မေးခွန်းတစ်ခု


"ဘာမှ မဟုတ်ပါဘူး ဒီလိုပါပဲ ဟိုတွေးဒီတွေးပေါ့.."

"Lix လိမ်လည်းမလိမ်တတ်ဘဲနဲ့..
သူငယ်ချင်းအချင်းချင်းပဲ.. မင်းပြောချင်တာကို ရင်ဖွင့်လို့ရတယ်" ကျွန်တော့ပုခုံးကို ဖက်ရင်း အနားမှာ ကပ်ထိုင်လာတဲ့ သူ့ကို ဟန်မဆောင်ဘဲ အမှန်တိုင်း ပြောဖို့ ဆုံးဖြတ်လိုက်တော့တယ်

"Changbin Hyung က အရင်လိုငါ့ကို ဂရုမစိုက်တော့သလိုပဲ.."

" မင်းလူကြီး ရည်းစားရသွားတာနေမှာပေါ့ " ခပ်ပေါ့ပေါ့ ရယ်သံနဲ့ ပြန်ဖြေတဲ့ Jisung ကို မရည်ရွယ်ပါဘဲ ဘုကြည်ြ့ကည့်မိတယ်

"ရည်းစား?"

"အွန်း တက္ကသိုလ်မှာ ရည်းစားရနေလို့ မင်းကိုအရင်လို အရေးမပေးတာနေမှာပေါ့ "

Love is...YouWhere stories live. Discover now