3

298 47 0
                                    

ဒီနေ့ အတန်းစောစောဆင်းတာမို့ Felix ကို အပြန်ဝင်ကြိုဖို့ သူငယ်ချင်းတွေနဲ့ tutor ဆီ စာသွားမေးဖို့ကိုတောင် ဖျက်ခဲ့လိုက်တယ်
ဘာနဲ့ပဲ ယှဉ်ယှဉ် ဒီအကောင်ပေါက်ဟာ ကျွန်တော့ရဲ့ ဦးစားပေး ပုဂ္ဂိုလ်လေး

လမ်းမှာ သူစားဖို့ မုန့်အချို့ပါ ဝင်ဝယ်ခဲ့သေးတယ်

လေတစ်ချွန်ချွန်နဲ့ လျှောက်လာတဲ့ခြေလှမ်းတွေဟာ ကျောင်းရှေ့ရောက်တော့ အလိုအလျောက်ရပ်တန့်လို့

အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်နဲ့ အတူကျောင်းဆောင်ထဲက ထွက်လာတာ ကျွန်တော့ကြက်ပေါက်လေးမှ ဟုတ်ပါလေစ..?

အနားကသစ်ပင်နောက်မှာ ကွယ်ကာ သူတို့ဖြတ်လျှောက်သွားတာကို လိုက်ကြည့်မိတယ်

ဘာအကြောင်းတွေပြောနေလို့များ ကျွန်တော့ကိုတောင် သတိမထားမိတာပါလိမ့်...?

ဒါဟာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း နောက်ဆုံးအကြိမ် သူတို့ နှစ်ယောက်ကိုအတူတွဲတွေ့ခြင်းတော့ မဟုတ်ခဲ့

တစ်ခါနှစ်ခါမကသော အကြိမ်အရေအတွက်တွေကြောင့် သံသယစိတ်တွေက ပိုပိုတိုးလာတယ်

ဒီအမည်မသိကောင်လေး သူ့အနားရောက်လာတာပင်
တစ်လ ပြည့်ပြီ
အရင်ကဆို Felix က သူငယ်ချင်းအသစ်ရတိုင်း ကျွန်တော့ကို ပြောပြနေကြ
ဒီတစ်ယောက်အကြောင်းတော့ လုံးဝကို မဟ

ဧကန္တ Felix သဘောကျနေတဲ့သူဆိုတာများလား...?

လူ့စိတ်ဆိုတာအခက်သား
ပိုင်ဆိုင်ရဖို့မကြိုးစားရဲသလို သူများနောက်လည်း မပါသွားစေချင်ဘူး

"Hyung"

"အမ် Lix? "

"ဘာတွေတွေးနေတာလဲ ကျွန်တော်ခေါ်နေတာဖြင့် ကြာနေပြီ"

"ဘာ..ဘာမှမတွေးပါဘူး"

"ဒါဆို ကျွန်တော့ကို ဒီဟာလေးရှင်းပြပါလား" သူ့စာအုပ်လေး ထိုးပေးလို့ မေးလာတဲ့ကောင်လေးကို ခေါင်းညိတ်ပြကာ စာရှင်းပြဖို့လုပ်နေတုန်း တုန်လာတဲ့သူ့ဖုန်းလေး

"Hyung ခဏနော်" ဆိုပြီး ဖုန်းယူကာအခန်းပြင်ပြေးထွက် သွားတဲ့ သူ..

Love is...YouWhere stories live. Discover now