6

520 51 0
                                    

"Lix နေ့တိုင်း စာကောင်းကောင်းလုပ်နော် စာမေးပွဲအတွင်း စာကလွဲပြီးဘာမှ မတွေးနဲ့ဦး ဟုတ်ပြီလား" ကျောင်းရောက်တာတောင် မှာစရာတွေကျန်သေးတာမို့ သူ့ကိုမဝင်ခိုင်းသေးဘဲ စကားဆက်နေမိတယ်

"သိပါတယ်ဆို Hyungကလည်း..ပြောစရာ ကျန်သေးရင် ညအိမ်လာမှပြောတော့..အခုပုံက မသိရင် ကျွန်တော့ကိုထားသွားတော့မယ့် အတိုင်းပဲ"

"အေးပါ ဒါဆိုသွားတော့လေ" လက်ပြနှုတ်ဆက်ကာ ကျောင်းဝန်းထဲဝင်သွားတဲ့ သူ့ကို ကြည့်ပြီး ပြန်ဖို့ ကျောခိုင်းလိုက်ပေမယ့်.......

"Hyung!" သူ့ခေါ်သံကြောင့် ပြန်လှည့်ကြည့်လိုက်တော့ ကျောင်းအပြင်ကို တဖန်ပြန်ပြေးထွက်လာတဲ့ ကောင်လေး

ကျွန်တော့ရှေ့မှာ ခြေစုံရပ်ကာ ဆိုလာတဲ့စကားက...

"Hyung ကျွန်တော့ကိုသဘောကျနေတာမလား"

ခပ်ဖွဖွပြန်ပြုံးပြလိုက်တော့ သူကနားမလည်နိုင်စွာ ကြည့်နေလေရဲ့

နောက်တော့ ကျွန်တော့ဆီက ရေရေရာရာအဖြေတစ်ခု မရခင်မှာပဲ ကျောင်းတံခါးပိတ်တော့မှာမို့ ကျောင်းထဲပြေးဝင်သွားရတဲ့ ကောင်လေးရယ်ပါ...

»»————- ♡ ————-««

ကျောင်းဆင်းချိန် Hyung လာမကြိုပါ..
ဧကန္တ မနက်က ဆိုင်းမဆင့်ဘုံမဆင့် မေးလိုက်တဲ့မေးခွန်း ကြောင့်များလား..?

တကယ်ဆိုကျွန်တော်မေးဖို့ အစီအစဉ်မရှိပါ
ဒါပေမဲ့ ရုတ်တရက်ကြီးမေးချင်စိတ်ဖြစ်လာတာမို့ ဘာမှမတွေးတောနေဘဲ မေးလိုက်မိခြင်း..

အပြုံးတစ်ခုကလွဲပြီးဘာမှ ပြန်မပြောတာကရော ဘာကြောင့်လဲ?

လူခေါ်ဘဲလ်ကို နှစ်ခါလောက်တီးလိုက်တော့ တံခါးဖွင့်ပေးလာတဲ့ Changbin Hyung ရဲ့ အမေ

"Lix?ဘာလာလုပ်တာလဲ?"

"Changbin Hyung ဆီ လာတာလေ အန်တီ.."

ခဏတာတွေဝေပြီးသွားမှ ပြန်ပြောလာတဲ့ စကားက

"သားက ဒီရက်ပိုင်း သူ့သူငယ်ချင်းအိမ်မှာ သွားနေမယ်ဆိုပြီး နေ့လည်ကတည်းက ထွက်သွားတာ
Lixကို မပြောသွားဘူးလား?"

Love is...YouWhere stories live. Discover now