Μãÿ အခုအပိုင်းကနေစပြီးတော့ ဟန်လင်းထက်ကို Ginta လို့ဘဲသုံးပါတော့မယ်နော်
×××××××××××××××××××××××××××Ginta နင်ဘယ်ကပြန်လာတာလဲ?...
Ginta:"......"
'သေပြီသေပြီဟိုလူကြီးဆီမှာမိသွားပြီ ဘုရားသိကြားမလို့ကြုံတဲ့သူဆင်းကယ်ကြပါ အူးဝါးးး'
အပြစ်လုပ်ထားပြီး မိသွားတော့အပြစ်ပေးခံရမှာသိနေပေမဲ့လည်းနည်းနည်းဘဲဖြစ်ဖြစ်အပြစ်ဒဏ်လေးများလျော့ပေါ့ပေးမလားဆိုပြီး ကံစမ်းရန်နောက်အလှည့်မှာ ဘယ်ကမှန်းမသိတဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုအသံတိတ်ခွီနေပုံရသည် နောက်မှတဖြည်းဖြည်းစဥ်းစားကြည့်တော့ မူလပိုင်ရှင်မှတ်ညဏ်တွေထဲမှာပေါ်လာတဲ့သူမ သူမကအရင်gintaရဲ့ညီမအရင်းတစ်ယောက်လိုချစ်ခင်ခြင်းခံရတဲ့ သူရဲ့တစ်ဝမ်းကွဲညီမ တစ်နည်းအားဖြင့်ဇာတ်လိုက်ရဲ့အမဖြစ်သူ Kobayashi Richann ပင်
သူမသည်ပျော်ပျော်နေတတ်ကာ မူလပိုင်ရှင်ကိုလည်းအလွန်စတတ်သည့်အကျင့်ရှိသူဖြစ်သည် မူလပိုင်ရှင်အသတ်ခံရတုံးကလည်းသူ့မှာတစ်ဦးတည်းသောမောင်လေးနှင့်အခင်မင်ဆုံးသူငယ်ချင်းဖြစ်သူအားအလောင်းပင်ပြန်မရလိုက်ဘဲဆုံးရှုံးလိုက်ရသည့်အပြင်သူမသည်ထိုနေရာတွင်သူတို့နှင့်အတူရှိနေခဲ့ပြီး သူတို့ကိုအကူအညီပေးနိုင်ရန်သွားနေတုံးသူမ၏ကိုယ်ရံတော်ဖြစ်သူကမေ့ကြောနှိပ်ကာသူမတို့ထိုနေရာမှလွတ်မြောက်အောင်ထွက်ပြေးနိုင်ပေမဲ့ သူမဘဝတစ်လျှောက်လုံးတွင်တော့ထိုအဖြစ်အပျက်ကြီးက အိမ်မက်ဆိုးသဖွယ်ဖြစ်နေကာစိတ်ဓာတ်ကျရောဂါဖြင့် သတ်သေဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ဘဲနောက်ဆုံးတွင်သတ်သေတာကြောင့်မသေဘဲ မည်သူသတ်လို့သတ်မှန်းမသိဘဲပန်းခြံထဲကအမှီပါသည့်ခုံလေးမှာ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့်သွေးထွက်လွန်ကာသေသွားသော်လည်းမျက်နှာတွင် အလိုမကျခြင်းမရှိဘဲအပြုံးတစ်ပွင့်ဖြစ်သာလောကကြီးကိုနူတ်ဆက်ထွက်ခွာသွားသည် သူမ၏ကိုယ်ရံတော်မှာလည်းသူမအတွက်လိုအပ်သည့်ဆေးအထောက်အကူများကိုသမားတော်များထံမှသွားဝယ်ရင်းပြန်အလာမှာ အိမ်အကူအဒေါ်ကြီး၏သွေးထွက်သန်ယိုမြင်ကွင်းကိုမြင်ပြီးစိုးရိမ်တကြီးဖြင့်သူမရှိနေသည့်ပန်းခြံထဲကိုသွားလိုက်ရာသူမရှေ့ကအလွန်လှပတဲ့ပန်းခင်းကြီးကိုမျက်ကွယ်ပြုပြီး လောကကြီးထဲကထွက်သွားရှာတဲ့သူမကိုမြင်မြင်ချင်းသူ့ကိုခွင့်မလွှတ်ပေးရန်တောင်းဆိုပြီးသူလည်းချက်ချင်းပင်ကိုယ့်ကို့ကိုယ်အဆုံးစီရင်ပြီးသူမနောက်သို့တပ်ကြပ်မကွာလိုက်သွားရှာလေသည်
YOU ARE READING
Searching My Soulmate In A Päřàllêl Wøřlđŝ With My System✨
Romance"အပြစ်ဒဏ်...... ဟက်...ဒီလိုသစ္စာမရှိတဲ့ကောင်ဆီကနေ ကျုပ်ရဲ့ယုံကြည်မူ့ကိုအလွဲသုံးစားလုပ်သွားတဲ့အတွက်တန်ရာတန်ကြေးပြန်ယူတာကို ခင်ဗျားတို့က ကျုပ်ကိုအပြစ်သားလို့သတ်မှတ်ကြတယ်ဆိုတော့ ခင်ဗျားတို့ကတကယ့်ကိုမျက်နှာကြီးရာဟင်းဖတ်ပါချင်ကြတဲ့သူတွေဘဲ..... " "မင်း...