ဥတုရာသီသုံးခုရှိတဲ့မြန်မာနိုင်ငံမှာ ယခုရောက်ရှိနေတဲ့ ကာလကတော့ နွေအကုန်မိုးအကူးကာလ နွေရာသီရဲ့ သဘာဝအရ ပူအိုက်လွန်းလှသဖြင့် ယခုကဲ့သို့ နွေအကုန်မိုးအကူးကာလ တစ်နည်းအားဖြင့် June လသည်
ဟန်လင်းထက် ရဲ့အကြိုက်ဆုံးလလည်းဖြစ်သလိုသူ၏မွေးလ လည်းဖြစ်သည်။မနက်အိပ်ယာနိုးနိုးခြင်းအချိန်ကတော့အရင်ကဆို အလုပ်တွေရှိလို့စောစောထနေကြဖြစ်နေပေမဲ့ ဒီနေ့ကတော့ သူ့အတွက်အထူးနေ့တစ်ရက်လည်းဖြစ်သည့် သူ့မွေးနေ့ဖြစ်သည့်အတွက် အလုပ်တွေအားလုံးကိုခွင့်ယူကာ စိတ်လွတ်ကိုယ်လွတ်အနားယူမည့်နေ့ပင်ဖြစ်သည် ဒါပေမဲ့လည်းစိတ်သွားတိုင်းကိုယ်မပါသည့်အတွက် နေ့လည်မရောက်ခင်ထရကာ ဖေဖေနဲ့မေမေ နှစ်ယောက်လုံးဆုံးသွားပြီးကတည်းက သွေးသားရင်းဆိုလို့တစ်ဦးတည်းသော ညီမ ဟန်ရတီသန့်ခေါ်(အာဗြဲမ) အားကျောင်းသွားရန်နိုးကာမနက်စာအတွက် ချက်ပြုတ်ပြင်ဆင်ပြီး၍ မနက်စာစားလို့ရပြီဖြစ်တဲ့အကြောင်းလာပြောတာကို အခုထိသွားတိုက်နေတုံးဖြစ်နေသည့် ညီမဖြစ်သူအားဆဲရန်ပြင်ရလေသည်
" ဟန်ရတီသန့် ရေနင်အခုထိသွားတိုက်လို့မပြီးနိုင်သေးဘူးလား ငါနင့်ကိုနိူးထားတာဘယ်လောက်ကြာနေပြီလဲ ငါမနက်စာတောင်ပြင်လို့ပြီးနေပြီ အဲ့တာကိုအခုထိမပြင်ရသေးဘဲ ဒီမှာငိုက်နေတယ်ဟုတ်လား"
" ဟာာာ ကိုကြီးကလည်းမနက်ခင်းအိပ်ယာနိူးနိူးချင်းကိုပွစိပွစိလုပ်နေပြန်ပြီ ရေချိုးတာမြန်တယ်စိတ်မပူနဲ့ 5 မိနစ်နဲ့ပြီးတယ် ဒုတ်တဝေါရီး(Don't worry)
မနေ့ညကWatt pad ထဲအဝင်ကောင်းသွားလို့ အခုနည်းနည်းလေးအိပ်ငိုက်သွားတာ ဝါးးးး( သန်းသံ)" အေး အားနေကျောင်းစာဖတ်မယ်မရှိဘူးအဲ့တာတွေဘဲဖတ်နေ ငါ့မှာတော့အစကငါ့ညီမလေးကစာတွေဖတ်လိုက်တာဆိုပြီးချီးကျုးနေတာ ဒါပေမဲ့ဒင်းဖတ်နေတာတွေက ဟင်းဟင်းငါမပြောလိုက်ချင်ဘူး...... "
"ကိုကြီးလည်းစိတ်ပါရင် ဖတ်ကြည့်လေ မဖတ်ချင်ရင်လည်းအားတဲ့အချိန်ရုပ်ရှင်ကားလေးဖြစ်ဖြစ်ကြည့်ပေါ့ ကိုကြီးလည်းဗဟုသုတ တိုးတာပေါ့မဟုတ်ဘူးလား ဗက်ဟက်ဟက်ဟက်🤭🌚"
ESTÁS LEYENDO
Searching My Soulmate In A Päřàllêl Wøřlđŝ With My System✨
Romance"အပြစ်ဒဏ်...... ဟက်...ဒီလိုသစ္စာမရှိတဲ့ကောင်ဆီကနေ ကျုပ်ရဲ့ယုံကြည်မူ့ကိုအလွဲသုံးစားလုပ်သွားတဲ့အတွက်တန်ရာတန်ကြေးပြန်ယူတာကို ခင်ဗျားတို့က ကျုပ်ကိုအပြစ်သားလို့သတ်မှတ်ကြတယ်ဆိုတော့ ခင်ဗျားတို့ကတကယ့်ကိုမျက်နှာကြီးရာဟင်းဖတ်ပါချင်ကြတဲ့သူတွေဘဲ..... " "မင်း...