The World Of Sarmurai 🌀Arc_1

82 4 0
                                    

ဟန်လင်းထက်တစ်ယောက် system ဆိုတဲ့သူရဲ့ကျေးဇူးနဲ့ စကား​ပြောနေတုံးအကောင်းကြီးကနေ အခုတခြားကမ္ဘာကိုရောက်လာတော့ ~~~

ရောက်ရောက်ချင်းမှာဘဲမြေပြင်ပတ်ဝန်းကျင်အနေအထားကဆူညံနေပြီးရန်ဖြစ်နေတဲ့အသံလိုမျိုးတွေ တစ်ချက်တစ်ချက်အော်သံတွေလည်းကြားရတယ် နင်ဂျာကားတွေထဲမှာပါတဲ့တိုက်ခိုက်ရေးအခန်းကလို ဓားချင်းယှဥ်တိုက်ခိုက်တဲ့အသံတွေကြားနေရတယ် ချွပ်...ချွပ်
အတွေးတွေမျိုးစုံပလုံစီနေတုံး ကိုယ့်ကိုယ်ကို သတိထားမိတော့ What The F**k လက်ထဲမှာဓားရှည်ကြီးနဲ့ ပြီးတော့ဓားကိုင်ထားတဲ့လက်မှာသွေးတွေအပြည့် သတိဝင်လာပြီးတဲ့နောက် ချက်ချင်းဆိုသလိုနာကျင်မူ့တွေကိုအပြည့်အဝခံစားလိုက်ရတော့

" S**t နာလိုက်တာ သေပါပြီ"

ခြေထောက်ညာဖက်မှာ ဓားတိုတစ်ချောင်းကစိုက်ဝင်နေပြီး ပေါင်းရင်းကနေစပြီး ခြေထောက်တစ်ချောင်းလုံးသွေးချောင်းစီးနေတဲ့အတိုင်း လက်မောင်းတွေမှာလည်းဓားဒဏ်ရာတွေအပြည့် လေတစ်ချက်အဝှေ့မှာ ခံစားရတဲ့နာကျင်မူ့မှာ အနာအစိမ်းကို ချက်ချင်းအရက်ပြန်နဲ့လောင်းလိုက်ပြီးဆားသိပ်ထားသလိုခံစားချက်ပင်

(အိုက်ယား သူ့အစားကြက်သီးတွေတောင်ထတယ်နာလိုက်မဲ့ဖြစ်ခြင်း)

အိမ်လိုမျိုးအဆောင်တွေသာမီးလောင်နေသည်ကိုမမြင်ခဲ့ရရင် ဟန်လင်းထက်တစ်ယောက်တောထဲမှာရောက်နေသည်လို့တောင်တွေးမိအုံးမှာအသေအချာပင် အခုသူရောက်နေသည့်နေရာက ရှေးဟောင်းအခမ်းအနားပွဲတစ်ခုရှိသည့်နေရာလို့ထင်ရပေမဲ့လည်း လူသတ်နေသည့်မြင်ကွင်းတွေရယ် ကိုယ်တိုင်ခံစားနေရတဲ့နာကျင်မူ့တွေရယ် ကြောက်ရွံစွာအော်ဟစ်နေကြတဲ့ လူတွေရဲ့အော်သံတွေရယ် အားလုံးကိုပေါင်းပြီးစဥ်းစားလိုက်ပါကထွက်လာသည့်အဖြေသည် တစ်ခုတည်းသာ အဲ့တာကတော့ယခုရောက်နေတဲ့နေရာသည် လူသတ်ပွဲအလားပင်
လူတွေအော်ဟစ်ပြီးပြေးနေတာမြင်တော့ ဟန်လင်းထက်လည်းလိုက်​ပြေးပေမဲ့စိတ်သွားတိုင်းကိုယ်မပါစွာဘဲ ခြေတစ်လှမ်း လှမ်းတိုင်းပေါင်ကိုစိုက်နေတဲ့ဓားကပိုနစ်ဝင်လာသလိုပင် ဆွဲထုတ်မယ်လုပ်တော့လည်းမထုတ်နိုင် သေမတတ်နာကျင်လွန်းသည့်အတွက်ပင်ဖြစ်သည်

Searching My Soulmate In A Päřàllêl Wøřlđŝ With My System✨Tempat cerita menjadi hidup. Temukan sekarang