The World Of Sarmurai 🌀 Arc 1.1

43 5 0
                                    

Mãÿ လေအရင်အပိုင်းတွေတုံးကပြောပြဖို့မေ့သွားလို့
"....." ဒီလိုမျိုးဆိုရင် စကားပြောတာဖြစ်ပြီးတော့
'.....' ဒီလိုမျိုးဆိုရင်တော့ စိတ်ထဲကပြောတာပါနော်
System လေးစိတ်ထဲကပြောတဲ့စကားတွေဆိုရင်တော့*......*လို့သုံးပါမယ်နော်

................................................................

Space ကနေတခြားကမ္ဘာအကူးအပြောင်းမှာ တဖြည်းဖြည်းသိသာလာတဲ့နာကျင်မူ့ ထိုအလင်းစူးစူးကပိုပြီးလင်းလာတာနဲ့အမျှ နာကျင်မူ့ကလာပိုပြင်းထန်လာသည် ခဏကြာတော့ တစ်ကိုယ်လုံးကိုက်ခဲလာကာ အထိုးခံထားရတဲ့အတိုင်း

ထို့နောက်ချက်ချင်းဆိုသလို ကူး​ပြောင်းမူ့ပြီးဆုံးကြောင်းဆိုတဲ့အသံကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရုပ်ရှင်ကားတွေထဲကလိုမျိုး ဂျပန်ကရှေးဟောင်းအပြင်အဆင်တွေနဲ့အခန်းထဲမှာ ရောက်နေတဲ့ကျွန်တော် အခန်းအပြင်အဆင်ကရိုးရိုးလေးဆိုပေမဲ့ စပ်စုတတ်သည့်ကျွန်တော့်အတွက်ကတော့အကုန်လုံးကအထူးအဆန်းလိုပင်

'Host ရေအဆင်ပြေရဲ့လား '

System ရဲ့အသံကြားတော့

" အင်းအဆင်ပြေသွားပြီ ခုနကတော့တော်တော်နာတာ ဒါနဲ့နင့်ကိုငါမမြင်ရတော့သလိုပဲနော် အသံပဲကြားနေရတယ်"

'ဟုတ်တယ် Host, Space ကြမှကျွန်တော့်ကို မြင်ရမှာဒီမှာတော့အသံဘဲကြားရမယ် ပြီးတော့လေ Host ကျွန်တော့်ကို စကားပြန်မပြောလည်းရတယ်သိလား စိတ်နဲ့ပဲပြောလိုက်လို့ရတယ် ကျွန်တော်တို့ကစိတ်ချင်းဆက်ထားတော့ Host စိတ်ထဲကပြောနေတာကိုကျွန်တော်ကြားရတယ် '

'အင်းအာ့ဆိုစိတ်ထဲကဘဲပြောတော့မယ် မဟုတ်ရင်တစ်ယောက်တည်းစကားပြောနေတယ်ဆိုပြီးရူးနေတယ်ထင်နေကြအုံးမယ်🤦‍♀️"

'Host ကိုဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အရင်မှတ်ညဏ်တွေကိုလွှဲပေးပါ့မယ် '
ပြောပြီးပြီးချင်း ခေါင်းထဲကိုအလုံးအရင်းနဲ့ချက်ချင်းဝင်လာတဲ့မှတ်ညဏ်တွေ ......ခဏကြာမှအစီအရီဖြစ်လာတဲ့မှတ်ညဏ်အပိုင်းအစတွေ ခေါင်းကိုက်လာသလိုဖြစ်သွားပေမဲ့ တဖြည်းဖြည်းတော့ သက်သာလာသည်

ဒီကမ္ဘာရဲ့ ဇာတ်လိုက်ကဒီခန္ဓာကိုယ်ပိုင်ရှင်နဲ့အမျိုးတော််တယ် တစ်နည်းအားဖြင့် ဦးလေးနဲ့တူပေါ့ အသက်အရွယ်အားဖြင့်တော့ ဆယ်နှစ်
လောက်ဘဲကွာတာပါ ဇာတ်လိုက်ကဒီခန္ဓာကိုယ်ပိုင်ရှင်နဲ့သူ့အသက်​ခြောက်နှစ်မှာတွေ့ခဲ့တာဖြစ်ပြီး Villan ဇာတ်ကောင်ကိုတော့ စောပြီးအရင်တွေ့ခဲ့တာ Sarmurai တစ်ယောက်မှာ တပည့်ရင်းတစ်ယောက်ပဲထားရမယ်ဆိုတဲ့ စည်းကမ်းချက်အရဒီ ခန္ဓာကိုယ်ပိုင်ရှင်ကရွေးချယ်မူ့မှားယွင်းခဲ့ပြီး သူ့၏တပည့်ရင်းကိုစွန့်လွှတ်လိုက်ကာ သူ၏တူအရင်း(တစ်နည်း နောင်တစ်ချိန်တွင်ခေါင်းဆောင်နေရာအပ်နှင်းရမည့်သူ)ကိုသာ တပည့်ရင်းအဖြစ်ပြောင်းလဲခံယူခဲ့သည် သို့ရာတွင်သူစွန့်ပစ်လိုက်သည့်တပည့်ရင်းသည်အသက်အရွယ်အရဆို
ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်သာဖြစ်သေးသည့်အတွက် ထိုကဲ့သို့စွန့်ပစ်လိုက်မူ့က သူ့မိဘတွေကသူ့ကိုစွန့်ပစ်သွားပြီးနောက်သူ့ကိုနွေးထွေးကြင်နာမူ့တွေအပြည့်ပေးခဲ့သည့်တစ်ယောက်သောသူကသူ့ကို အစေခံတွေကိုခိုင်းကာ ပစ္စည်းအစုတ်စွန့်ပစ်သလိုခွေးရိုက်နွားရိုက်ရိုက်ကာစွန့်ပစ်လိုက်ခြင်းဖြစ်ပြီး ထိုသူတို့၏ကောင်းမူ့ဖြင့်သူ၏မျက်လုံးတစ်ဖက်မှာကွယ်သွားပြီး နောက်တစ်ဖက်ကတော့ ဆေးအကူအညီဖြင့်ပြန်မြင်လာခဲ့သည်
ကလေးဘဝကပျော်ရွှင်ဖွယ် မှတ်ညဏ်တွေဟာလည်းစိတ်ဒဏ်ရာပြင်းထန်သည့်အတွက်ဝိုးတိုးဝါးသားသာဖြစ်နေတော့သည် ထိုအချိန်မှစ၍သူသိလိုက်ရတာက ဒီကမ္ဘာသည်ရွံရှာဖွယ်ကောင်းသည့်လူများဖြင့်ပြည့်နှက်နေကာ အရာအားလုံးဟာအပေါ်ယံတွေဘဲဆိုတာသူသိသွားပြီးနောက် အခုအုပ်ချုပ်နေသည့် Sarmurai ခေါင်းဆောင်တို့ကိုမကျေနပ်သည့် ဂိုဏ်းတစ်ခုထဲကိုဝင်မိရာမှ သူ့၏ယုံကြည်ရတဲ့နောက်လိုက်နှင့်တွေ့ခဲ့ပြီး 15နှစ်ကြာပြီးသည့်နောက်တွင် သူ့ဆရာကိုသူပြန်သတ်သည့်အခါတွင်လည်း ဝမ်းနည်းခြင်းမရှိဘဲကျေနပ်ကာဂုဏ်ယူနေမိသည်အထိ မကောင်းဆိုးဝါး တစ်ကောင်ဘဝသို့ လုံးလုံးပြောင်းသွားခဲ့ရကာ သူရဲ့တပည့်လက်ချက်နဲ့ဘဲသူသေဆုံးသွားခဲ့ရသည် အမှန်ဆိုသူဒီလိုမျိုးရက်စက်စွာအသတ်ခံစရာအကြောင်းတော့မရှိပေ သူ့တပည့်အပေါ်အပြစ်မကင်းသည့်စိတ်ကြောင့်သာ ထိုကဲ့သို့အသတ်ခံလိုက်ချင်းဖြင့်သူ့တပည့်အပေါ်ပြုခဲ့မိသည့်အပြစ်​ကြွေးများကိုကျေစေချင်ယုံသာ.....

Searching My Soulmate In A Päřàllêl Wøřlđŝ With My System✨Tahanan ng mga kuwento. Tumuklas ngayon