မနေ့ညကနောက်ကျမှအိပ်ပျော်သွားတော့ မနက်ကိုနောက်ကျမှအိပ်ယာထချင်ပေမဲ့လည်း သူများတွေဆိုရင်တစ်နေ့တာကိုတေးဌက်လေးတွေရဲ့တေးသံသာလေးနဲ့နိုးထလာကြပေမဲ့ ကိုယ့်မှာတော့ systemရဲ့ဌက်ဆိုးထိုးသံအသံအာအာကြီးနဲ့နိူးထလာရတယ်'Host Host Host ထတော့ ထတော့ ထပါတော့ မနက်ရောက်နေပြီ ထပါတော့ ပီးပေါ် ~ပီးပေါ် ~ဝီးညော်~'
တွေ့ကြပြီလား အဲ့လိုအသံဆိုးကြီးနဲ့ကိုမနိူးမချင်းကိုနိူးတာ ဘယ်ဘဝကဝဋ်ကြွေးတွေပါလိမ့်🤦♀️
"အင်း~~~အွန်း ထပြီ~~"
"အိပ်ချင်မူးတူး နဲ့system ကိုစိတ်ထဲကနေ မေတ္တာပို့နေရင်း မဖွင့်ချင်သေးဘဲလေးလံနေတဲ့ မျက်ခွံနှစ်ဖက်စလုံးကိုအားယူပြီးဖွင့်လိုက်တော့ ပြတင်းပေါက်ကနေ ဖြာထွက်လာတဲ့နေအလင်းရောင်ကြောင့်မျက်လုံးစူးသလိုဖြစ်ပြီး နူးညံ့လှတဲ့မျက်ကြည်လွှာလေးကိုထိခိုက်မှာစိုးလို့ မျက်လုံးလေးနှစ်ဖက်ကိုပြန်ပိတ်ပြီးအိပ်မယ်ပြင်တော့
(အံမယ် မထချင်ရင်မထချင်ဘူးပေါ့ )
"Host ရေအပျင်းတစ်မနေနဲ့ ထတောာာာာာာ့"
System ရဲ့ခုနစ်အိမ်ကြား ရှစ်အိမ်ကြားအသံကြီးကိုကြားပြီးနောက် ချက်ခြင်းဘဲအိပ်နေရင်းကနေထထိုင်လိုက်ကာ ကော်လိုကပ်ချင်နေတဲ့မျက်လုံးနှစ်လုံးကိုအားယူကာတစ်နေ့တာကိုပြူးတူးပြဲတဲနဲ့စတင်လိုက်တယ်
ဒီလိုချက်ခြင်းထတာ system ကိုကြောက်လို့မဟုတ်ဘူးနော် သူအော်တာအားပါသွားပြီး အသံဝင်သွားမှာစိုးလို့ စေတနာနဲ့ ထပေးတာ ဟုတ်တယ်စေတနာရှိလို့
(ကြောက်ရင်ကြောက်တယ်ပေါ့ စေတနာရှိလို့ကဖြစ်ရသေးတယ်ㄱ_ㄱ)
အိပ်ယာနိူးနိူးခြင်းအမြင်အာရုံတွေဝေဝါးနေလို့မသိသာလိုက်ပေမဲ့ အိပ်ချင်ပြေအောင်မျက်လုံးနှစ်ဖက်လုံးကိုအားအနည်းငယ်သုံးကာပွတ်လိုက်တော့ ထင်ရှားနေတဲ့မြင်ကွင်းတစ်ခုကြောင့် အရင်ginta လိုcool guy image တောင်မထိန်းနိုင်တော့ဘဲ
"What the *u*k ငါ*ိုး လခွီး လန့်လိုက်တာ"
'Host ရေအပြောအဆို ထိန်းအုံးလေ~~'
YOU ARE READING
Searching My Soulmate In A Päřàllêl Wøřlđŝ With My System✨
Romance"အပြစ်ဒဏ်...... ဟက်...ဒီလိုသစ္စာမရှိတဲ့ကောင်ဆီကနေ ကျုပ်ရဲ့ယုံကြည်မူ့ကိုအလွဲသုံးစားလုပ်သွားတဲ့အတွက်တန်ရာတန်ကြေးပြန်ယူတာကို ခင်ဗျားတို့က ကျုပ်ကိုအပြစ်သားလို့သတ်မှတ်ကြတယ်ဆိုတော့ ခင်ဗျားတို့ကတကယ့်ကိုမျက်နှာကြီးရာဟင်းဖတ်ပါချင်ကြတဲ့သူတွေဘဲ..... " "မင်း...