Ep 3

480 37 1
                                    

Unicode

ဒီလိုနဲ့ နေ့လည်ရောက်တော့ Taeil Hyung နဲ့တွေ့ဖို့ Cafe ကိုရောက်လာခဲ့တယ်။ Americano တစ်ခွက်မှာပြီး Taeil Hyung အလာကိုစောင့်နေလိုက်တယ်။

Taeil Hyung က ကျွန်တော်တို့ စတွဲတုန်းက ပထမဆုံးသိတဲ့သူ။ Doyoung ရဲ့အကိုဝမ်းကွဲ   မလို့ အစက အတော်ရှိန်ခဲ့ပေမယ့် Hyung ကသဘောကောင်းတာထက် ပိုပါတယ်။ ကျောင်းမှာ Senior လဲဖြစ်တာမို့ ကျွန်တော့်ကို သူ့ညီတစ်ယောက်လို အမြဲဂရုစိုက်တယ်။ အခုကျွန်တော်ပြန်လာတော့လဲ အကြောင်းစုံရှင်းပြတော့ နားလည်ပေးပြန်တယ်။ ပြောရင်းဆိုရင်း Taeil Hyung က ဆိုင်ထဲကိုဝင်လာတယ်။ ကျွန်တော်လက်ပြပြီး နှုတ်ဆက်လိုက်တယ်။

Jaehyun - Hyung 👋

Taeil - မတွေ့ရတာကြာပြီ Jaehyun

Jaehyun - Hyung ကိုလဲသတိရပါတယ်

Taeil - အေးပါ Doyoung နဲ့တွေ့ပြီးပြီပေါ့ အခြေအနေဘယ်လိုလဲ?

Jaehyun - တွေ့တော့တွေ့ပြီးပြီ သိပ်တော့ အဆင်မပြေဘူးပေါ့ ဒါပေမဲ့ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော် သားနဲ့လည်း တွေ့ခဲ့တယ်

Taeil - ဪ မင်းသိပြီးပြီကို၊ Doyoung ပြောတာလား

Jaehyun - သူကအစကတော့ မပြောဘူး ကျွန်တော် အတင်းမေးမှသာ ပြောတာ

Taeil - ဪ...

Jaehyun - ကျွန်တော် Hyung နဲ့‌တွေ့ချင်တာက ကျွန်တော် ထွက်သွားပြီးနောက်ပိုင်း Doyoung အကြောင်းတွေသိချင်လို့ သူ့ကိုမေးဖို့ကျတော့လဲ စကားပြောဖို့တောင် အဆင်မပြေဘူး‌ေလ အခုကျွန်တော်တို့က သားကြောင့်သာ ဆက်ဆံနေရတဲ့ ပုံစံမျိုးဖြစ်နေတယ်လေ

Taeil - အင်း ပြောရရင်တော့ မင်းထွက်သွားတုန်းကတော့ ငါမသိခဲ့ဘူး အဲ့တုန်းက အမေက ဘူဆန်က အိမ်ကိုသွားပြင်ဆောက်ခိုင်းတာနဲ့ တစ်လလောက်ကြာသွားတယ် Seoul ပြန်ရောက်တော့ ငါ ကျောင်းကို သူငယ်ချင်းတွေနဲ့ ပြန်သွားတော့ Doyoung ကို ကျောင်းမှာ မတွေ့တာနဲ့ မေးကြည့်တာ သူ့‌ေကျာင်းမတက်တာ ၃ရက်လောက်ရှိပြီဆိုတာနဲ့ တိုက်ခန်း‌လိုက်သွားမှသိတာ

Jaehyun - အဲ့တုန်းက ကိုယ်ဝန်ရှိတာရောသိပြီလား

Taeil - ဟင့်အင်း သူ့ကိုယ်သူတောင်မသိသေးဘူး မင်းပျောက်သွားလို့သာ သူစိတ်ညစ်ပြီး ကျောင်းလာမတက်တာ

Another Chance(Complete)Where stories live. Discover now