Unicode
ညနေစောင်းခါနီး အချိန်ရောက်တော့
Doyoung - Jaehyun သားနဲ့ Jeno ကို စောစောလာဖို့ပြောလိုက် ငါညစာချက်ကျွေးမလို့
Jaehyun - အင်း ပြောလိုက်မယ်
Jaehyun လဲဖုန်းဆက်ပြီး ရင်ခွင်ထဲက ကောင်လေးကို ပိုတိုးဖက်ကာ
Jaehyun - ကိုယ့်ဘေဘီလေးက ဘာတွေချက်မလို့လဲ
Doyoung - ခေါ်ပြန်ပြီ အဲ့အသည်းယားစရာတွေ
Jaehyun - ဘာလို့လဲ? အခုမှစဥ်းစားမိတယ် မင်းနဲ့ ငါနဲ့စတွဲ ကတည်းက ချစ်စနိုးခေါ်တဲ့ နာမ်စားလဲ မရှိဘူး
Doyoung - ဘာလုပ်မှာလဲ အဲ့ဒါအပိုတွေ ပြီးတော့ အသည်းယားစရာကြီးတွေ
Jaehyun - ငါမင်းကို ဘေဘီလို့ခေါ်မယ်လေ မင်းကငါ့ကို ကိုကိုလို့ ခေါ်ပေါ့
Doyoung - တော်စမ်း Jaehyun ခေါ်ရာကနေ Jung Jaehyun မဖြစ်ချင်ရင် ပါးစပ်ပိတ်လိုက်တော့
Jaehyun - ဟုတ်ပါပြီ ဦးစိတ်တို Doyoung shi
မျက်စောင်းတဝင့်ဝင့်နဲ့ Doyoung ကိုကြည့်ပြီး သူ့မှာအသည်းယားလို့ ပါးကိုရွှန်ခနဲ နမ်းလိုက်မိသည်။ ရင်ခွင်ထဲကကောင်လေးရဲ့ လက်ကလေးကို ကိုင်ကာ သူ့မှာ ချစ်မဝဖြစ်မိသည်။
Doyoung - Jaehyun
Jaehyun - ဟင်
Doyoung - ဟို... ဘာမှမဟုတ်တော့ပါဘူး
Jaehyun - ဘာပြောချင်တာလဲ ပြောလေ
Doyoung - မင်းဘာစားချင်လဲ ညကျရင်
Jaehyun - ဟ အဲ့ဒါလေးမေးဖို့ကိုကွာ မင်းကတော့ အင်း... ဘာစားချင်လဲဆိုတော့ မင်းချက်တဲ့ အမဲသားနဲ့ဂင်ချီဟင်းရည်စားချင်တယ်
Doyoung - အင်း အိမ်မှာ အမဲသားရော ဂင်ချီရောရှိတယ် အတော်ပဲ
Jaehyun - တကယ်တော့ ငါစားချင်တာ သက်သက်ရှိတယ်
Doyoung - ဟင် ဘာလဲပြောလေ ဒီနေ့အဆင်မပြေရင်တောင် နောက်နေ့မင်းလာရင် ကျွေးလို့ရတာပဲ
Jaehyun - ငါစားချင်တာ မင်းကို
Doyoung နား နားကိုကပ်ပြီး နားကိုကိုက်ကာ ပြောလိုက်တော့ တုန်သွားတဲ့ Doyoung
YOU ARE READING
Another Chance(Complete)