ဒီနေ့တော့ ဆိုင်ကိစ္စ တစ်နေကုန် အလုပ်ရှုပ်ပေမဲ့ ညနေတော့ သားဆီသွားဖြစ်အောင်သွားရသည်။ အိမ်မီးလင်းနေတာမို့ Doyoung ပြန်ရောက်ပြီထင်တယ်။ အိမ်ထဲဝင်တော့ သားကဆော့နေရင်း သူ့ဆီပြေးလာသည်။
Dohyun - Daddy!!
Jaehyun - မွ လွမ်းနေတာ Daddy သားလေး
Dohyun - Appa Daddy လာတယ်လေ
Doyoung - အင်း
Doyoung တစ်ယောက်ဓာတ်ပုံကိုင်ပြီး ဧည့်ခန်းမှာဘယ်နေရာ ချိတ်ရမလဲကြည့်နေတာနဲ့တင် သားကို အသံပေးရုံသာပေးလိုက်သည်။
Dohyun - Daddy
Jaehyun - ဟင်
သားကခပ်တိုးတိုးမေးလာတာမလို့ သူလဲခပ်တိုးတိုးပြန်ထူးလိုက်သည်။
Dohyun - Daddy နဲ့ Appa က မခင်ကြဘူးလား
Jaehyun - သား Appa က Daddy ကို စိတ်နည်းနည်းကောက်နေတာ
Dohyun - အဲ့ဒါဆို Appa ကို သကြားလုံး ကျွေးလိုက် ကျောင်းမှာဆို သားသူငယ်ချင်းစိတ်ဆိုးရင် သားသကြားလုံးပေးရင် သူက စိတ်ဆိုးပြေတယ်
Jaehyun - ဟုတ်လား Daddy လုပ်ကြည့်လိုက်မယ်နော်
Dohyun - အင်း
Jaehyun - သားခဏသွားဆော့ဦး Appa ကို Daddy ကူပေးလိုက်ဦး
Dohyun - ဟုတ်
သူပြောလိုက်တော့ အခန်းထဲဝင်သွားတဲ့သား
Jaehyun - ဘာကူပေးရမလဲ
Doyoung - ရပါတယ် ပြီးတော့မှာ
Doyoung အစီအရင် ချိတ်နေတဲ့ပုံတွေကြည့်လိုက်တော့ သားမွေးကင်းစကတည်းကအခုချိန်ထိပုံလေးတွေ အချို့ပုံတွေက Doyoung ပုံပါ ပါသည်။ သားရဲ့ အမှတ်တရတွေမှာ သူရှိမနေခဲ့လို့ တကယ်ဝမ်းနည်းမိပါသည်။
Doyoung - ရော့
Jaehyun - ဟင်
ဓါတ်ပုံတစ်ပုံကမ်းပေးလာတဲ့ Doyoung ၊ ဓာတ်ပုံထဲမှာ သားကပြုံးနေတာများပါးချိုင့်လေးတွေခွက်လို့ Jaehyun လဲထပ်တူလိုက်ပြုံးမိပါသည်။
Doyoung - မင်း သိမ်းထားချင်မယ်ထင်လို့
Jaehyun - အင်း ကျေးဇူးပဲ ဒါနဲ့ပြောစရာရှိတယ်
YOU ARE READING
Another Chance(Complete)