Unicode
မနက်စာပြင်နေတဲ့ Doyoung ကို သူဘေးကနေသာရပ်ကြည့်နေမိသည်။ အရင်ကတည်းက ဟင်းချက်တော်တဲ့ Doyoung က ဒီကိစ္စတွေ နိုင်နင်းနေတာတော့ မထူးဆန်း။အသီးအရွက်လှီးဖြတ်နေတဲ့လက်ချောင်းသွယ်သွယ်တွေကိုက အစ တယုတယလိုက်ကြည့်မိတယ်။ သူ့စိတ်ထဲမှာ အခု Doyoung ပြန်လက်ခံဖို့ တစ်ဆင့်သာကျန်တော့တာမို့ ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားနေမိတယ်။ အတွေးထဲနစ်မျောနေတုန်း ခေါ်လာတဲ့ Doyoung
Doyoung - Jaehyun သားကဘယ်အချိန်ပြန်လာမှာလဲ?
Jaehyun - Jeno နဲ့နေပြီး ညနေ သူပဲပြန်ပို့ပေးလိမ့်မယ်
Doyoung - သားကို ညီလက်ထဲ ထိုးထည့်ထားတော့တာပဲ
Jaehyun - မဟုတ်ပါဘူး သားက Jeno နဲ့တော်တော် အဆင်ပြေတာ ညကပဲကြည့်ပါလားသူ့ ဦးငယ်နဲ့ အိပ်မယ်ဆိုပြီး နေခဲ့တာ
Doyoung - အဲ့ဒါနဲ့ပဲ မင်းက...
Doyoung ထွက်တော့မယ့် စကားကို အမြန်ပြန်ထိန်းလိုက်မိသည်။ ညကကိစ္စကိုပြန်တွေးမိတော့ ပါးပြင်က ရဲကနဲ
Jaehyun - ငါက? ငါက ဘာဖြစ်လဲ
Doyoung ကျောနားကပ်ကာ ခါးကိုဖက်ပြီး သိသိကြီးနဲ့ စနေတဲ့ Jaehyun ရယ်ပါ
Doyoung - ကျစ် ဖယ်စမ်း ငါကိုင်ထားတာ ဓားနော် ထိုးရင်သေတတ်တယ် ဘာမှတ်နေလဲ
Jaehyun - အိုး ကိုယ့် ဘေဘီလေးက သိပ်စွာနေပါလား
Doyoung - ဘာ ဘေဘီလေးလဲ မနက်စာတောင် မစားလိုက်ရပဲ အိမ်ပြန်ချင်လို့လား မင်း
အံတကျိတ်ကျိတ်နဲ့ ပြောနေတဲ့ Doyoung ဟာကြောက်စရာမကောင်းပဲ ဒေါသထွက်နေတဲ့ ယုန်ပေါက်လေးလို ချစ်စဖွယ်အတိ
Jaehyun - ကောင်းပါပြီ မင်းမကြိုက်ရင် မစတော့ပါဘူး
Jaehyun လဲမစတော့ပဲ သူ့ကိုယ်ပိုင် ပါးချိုင့်တွေခွက်နေတဲ့အထိပြုံးကာ ချစ်ရသူကိုသာ ဆက်ကြည့်နေမိသည်။ Doyoung ဟင်းချက်ပြီးခါနီးမှ စားပွဲပေါ်မှာ ပန်းကန် ခွက်တွေ ချတဲ့အလုပ်ကို ပြေးလုပ်ရတော့သည်။ ချစ်ရသူလေးလက်ခံဖို့ ဒီလောက်တော့ အလိုက်ကန်းဆိုးသိပြီး အပိုးကျိုးရမယ်မလား ဟဲ ဟဲ
ဒီလိုနဲ့ မနက်စာစားပြီး ဆိုဖာမှာထိုင်နေတုန်း အနားရောက်လာတဲ့ Doyoung
YOU ARE READING
Another Chance(Complete)