Unicode
အငိုတိတ်တော့ ရင်ခွင်ထဲရုန်းထွက်ကာ ချစ်ရသူ ပြောလာတဲ့စကားက "သားမျှော်နေတယ်"တဲ့
နီရဲနေတဲ့ပါးပြင်ပေါ်က မျက်ရည်သုတ်ေပးတော့ မျက်နှာကိုလွှဲပစ်ပြန်တယ်။-
အခန်းထဲဝင်လိုက်တာနဲ့ ကုတင်ပေါ်ကပြေးဆင်းလာတဲ့သားဟာ နေမကောင်းတာရော ဟုတ်ရဲ့လား
Dohyun - Daddy ကိုလွမ်းနေတာ
ပြောပြီး ဘယ်ကတည်းမျိုသိပ်ထားလဲမသိတဲ့ မျက်ရည်တွေဟာ ဖခင်ရင်ခွင်ထဲမှာ ဒလဟောကျလျက် ကြည့်နေတဲ့ ကြီးကြီး ပင်မျက်ရည်ဝဲမိသည်။
Jaehyun - နောက်တစ်ခါအကြာကြီး မပြစ်သွားတော့ပါဘူး သားရယ်
ကလေးအဖေကို ချော့ရ ကလေးကို ချော့ရနှင့် Jung Jaehyun တို့ အမှန်ပင် အိမ်ထောင်ဦးစီးဖြစ်နေလေရဲ့။
ကြီးကြီးလဲ အခန်းထဲကထွက်လာတော့ ဧည့်ခန်း မှာထိုင်နေတဲ့ Doyoung
ကြီးကြီး - သားရေ ကြီးကြီး ဆန်ပြုတ်နွေးပေးမယ် ကလေးကိုတိုက်ရအောင်
Doyoung - ဟုတ် ကြီးကြီး
ကြီးကြီးနွေးပြီးတဲ့ ပန်းကန်ကိုယူ အခန်းထဲ ကစောစောကအေးသွားတဲ့ ပန်းကန်နဲ့လဲကာ ပြန်ထွက်လာတဲ့ Doyoung
ကြီးကြီး - ဘယ်လိုလဲ ?
Doyoung - သူ့အဖေကျ နှစ်ခါမတိုက်ရဘူး မျက်နှာလဲလန်းလာတယ်
ကြီးကြီး - အဆိုးလေး သူ့အဖေကိုသိပ်ချစ်
-
Dohyun - Daddy ဆိုင်ဖွင့်ရင် သားကိုခေါ်နော်
Jaehyun - ခေါ်မှာပေါ့ဗျ သားကိုအရင်ဆုံး ဖိတ်မှာ သားက Daddy ရဲ့ Special Guest လေ
Doyoung ဝင်လာတော့ ကုတင်ပေါ်က သားအဖနှစ်ယောက်က ပြုံးစစနဲ့ မော့ကြည့်လာသည်။
Doyoung - သား အကျီလဲရအောင်
ညအိပ်ခါနီးမို့ ချွေးအနည်းငယ်စို့နေတဲ့ အကျီကိုချွတ်ပြီး pajama လေးလဲပေးနေတုန်း ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကြောင့် ချောက်ကမ်းပါးစွန်းမှာ ရပ်နေသလို ရင်တလှပ်လှပ်
Dohyun - Daddy သားနဲ့တူတူအိပ်နော်
Jaehyun - ဟုတ်ပါပြီ
YOU ARE READING
Another Chance(Complete)