အပိုင်း(၁)📚

25.7K 1.4K 17
                                    

#Uni #

မောင်

အမြတ်တနိုးခေါ်ချင်ခဲ့ပေမယ့် မခေါ်နိုင်တော့ဘူးထင်ပါရဲ့ မောင်ရယ်။ ကိုယ်မငိုနိုင်တော့ဘူး။ ပင်ပန်းလှပါပြီ။ မောင်ကတော့ ဒီစာလေးကိုမြင်ရင် ဘယ်လိုနေမလဲနော်။ စာလေးရေးရင်း အတိတ်ကိုတောင် ပြန်သတိရသွားမိတယ်။

ကလေးဘဝကတော့ တကယ်ပျော်စရာကောင်းခဲ့တယ်​ပေါ့​နော်။ တစ်ဦးတည်းသောသားအဖြစ် ၇နှစ်ကြာအောင်နေခဲ့ရပြီး အဖော်မက်တဲ့ကိုယ့်ကို မာမားတို့က ညီလေးတစ်​ယောက်မွေးပေးခဲ့တယ်​လေ။

မိဘတွေက အရမ်းချမ်းသာတဲ့ထဲမပါပေမယ့် ဆင်းရဲတယ်လို့လည်း မဆိုသာ။ ငယ်ငယ်ကတည်းက လိုချင်တာကို မပြောဘဲနဲ့ကို ရခဲ့တာပေါ့။

ဘဝဆိုတာက လှိုင်းလုံးလိုပဲနော်။ 'မြင့်လိုက်နိမ့်လိုက်' ဆိုတဲ့စကားက တကယ်မှန်ခဲ့တာပဲ။ပါပါးက ဝန်ထမ်းမလို့ တာဝန်ကျရာကို သွားရတော့ မားမားရယ်၊ကိုယ်ရယ်၊ညီလေးရယ်က မာမားအဖေဆီမှာသွားနေခဲ့ရတယ်လေ။

အရင်က ပိုက်ဆံလွှဲရတာတို့၊ လမ်းခရီးတင်မက ဆက်သွယ်ရေးပါ ခုလိုအဆင်မပြေ​သေးတာကြောင့် ငွေရေးကြေးရေး အခက်အခဲဖြစ်နေခဲ့ရတာပေါ့ မောင်ရယ်။

ဘဝက အနည်းငယ်ကြမ်းတမ်းခဲ့တာပေါ့။ အရင်လို ငွေတွေအများကြီး မသုံးနိုင်တော့သလို ကျောင်းလည်းပြောင်းရတဲ့ ကိုယ့်အတွက်တော့ နေရာသစ်၊ ကျောင်းသစ်မှာ တကယ်ကို အားငယ်စရာပဲ မောင်။

ဒါပေမယ့် ကိုယ်သိပ်ကံကောင်းခဲ့တယ် သိလား။ ကျောင်းစတက်တက်ချင်းမှာတင် သူငယ်ချင်းမလေးတစ်ယောက်ကို ရခဲ့လို့ပေါ့။ သူက မောင်ရဲ့အမလေ။

သူမက သိပ်ကိုချစ်စရာကောင်းသလို ဆံပင်ကလည်း အရှည်ကြီးပဲ။ ပါးဖောင်းဖောင်းလေးနဲ့ အမြဲလိုလို ပေါင်မုန့်တွေပါလာတတ်တဲ့ ကောင်မလေး။

ကိုယ်မုန့်ဖိုးမပါလာတဲ့နေ့ရက်တိုင်း အမြဲသူပါလာတဲ့ပေါင်မုန့်လေးတွေ ကျွေးတတ်တဲ့ ကောင်မလေးဟာ ကိုယ့်အတွက်​တော့ ဒိုရာမွန်လို့တောင် ထင်မှတ်ခဲ့မိတယ် မောင်။

ဒီလိုနဲ့နှစ်ကုန်ခါနီးကျ ပါပါးဆီက သတင်းရလာတယ်။ နေရာရပြီဆို​တော့ မိသားစု​တွေအရင်လို​ ပြန်နေကြမယ်တဲ့​လေ။

မောင် မငိုရဘူးနော်📚(completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ