အပိုင်း(၃)📚

12.7K 1K 20
                                    

#Uni

မောင့်ဖုန်းကို မောင်မသိအောင် ခိုးဆက်တာပါတဲ့လေ။ နောက်ဆုံးစာမေးပွဲကြီးဖြေ​ပြီးချိန် ညနေပိုင်း​​လောက်မှာ ဖုန်းသံကြားလို့ ကိုင်လိုက်တော့

"ဟေ့ရောင် ငါပါ...မင်းဖြေနိုင်လား...ဟို ငါကတော့ ''

"ဘယ်သူလဲ ''

လို့သာ​မေးလိုက်ပေမယ့် ​​မောင့်အသံကို နားယဥ်နေတဲ့ကိုယ်ဟာ မောင့်အသံကြားတာနဲ့တင် မောင်ဆိုတာကို ရင်ထဲကနေ သတိ​ပေးလာတာကြောင့်။

"တံခွန်လား ''

မေးလိုက်တော့ မောင်က တချက်ငြိမ်သွားပြီး ခဏနေကျ

"အခုပြောတာ ဘယ်သူလဲ ''

သဘောမကျလိုက်တာ မောင်ရယ်။ မောင်ဆိုတာကိုတော့ ကိုယ်ကချက်ချင်းသိလိုက်ပေမယ့် မောင်ကတော့ ကိုယ့်အသံကိုတောင် မမှိတ်မိဘူးလား။

"ငါလေ...မိုးတိမ်တိုက်...မင်းအမ သူငယ်ချင်းလေကွာ..တံခွန်က အကို့အသံကိုမမှတ်မိဘူးလား ''

လို့ပြောလိုက်တော့

"အာ...အင်း...ဒါပဲ...လူမှားတာ ''

ဖုန်းချမလိုလုပ်နေတဲ့ မောင့်ကို

"ခဏလေး...တံခွန် ဖြေနိုင်လား ''

"ဟင် ''

"စာမေးပွဲဖြေနိုင်လားလို့ ''

"အင်း ''

"ဘာ အင်းလဲ...သေချာပြောလေ ''

"ဖြေနိုင်တယ်...ဒါပဲမလား ''

ဆိုပြီး ဖုန်းချသွားတဲ့မောင့်ကို အပြစ်မမြင်ရက်ပါဘူး။ မောင့်အသံလေးကို ကြားရလို့တောင် ပျော်နေခဲ့​ရသူပါ။

နောက်နေ့ကျ မောင့်အမနဲ့ အပြင်ထွက်လည်ရင်း ည​နေကျတော့ လာကြိုဖို့ မာမားတို့ကိုဖုန်းဆက်မယ်လုပ်​နေတုန်း။ ဖုန်းအသစ်မဝယ်ရ​​သေးလို့ မောင့်ဖုန်းကိုခဏဋ္ဌားဆက်ခဲ့ပေမယ့် ကိုယ့်အမေဖုန်းနံပါတ်တောင် အလွတ်မရတဲ့ ကိုယ်ဟာ အခက်တွေ့နေရတာပေါ့။ နံပါတ်တွေ၊ နာမည်တွေကို တော်ရုံမမှတ်မိတတ်တဲ့ကိုယ်ဟာ ဖုန်းနံပါတ်ကိုမမှတ်မိတာကြောင့် ​စိတ်ညစ်နေတုန်း။

"ဟူး...ဘာလို့ ကိုယ့်ဖုန်းနံပါတ်တောင် ကိုယ်မသိရတာလဲ...နောက်က***နဲ့ ဆုံးတာလေ ''

မောင် မငိုရဘူးနော်📚(completed )Où les histoires vivent. Découvrez maintenant