အပိုင်း(၅)📚

12.2K 1K 7
                                    

#Uni

"လူနာ အခြေအနေကိုအားမရဘူး ''

"ဆရာရယ်..အတတ်နိုင်ဆုံး ကုပေးပါလား ''

"ဆရာတို့လည်း အတတ်နိုင်ဆုံးကြိုးစားထားပေမယ့် လူနာရဲ့နှလုံးက တော်တော်ပျက်စီးနေပြီ ''

အိပ်ချင်ယောင်ဟန်ဆောင်ရင်း နားထောင်​နေပေမယ့် ကြားရတာကတော့ သတင်းဆိုးကြီးပါလား။ မဖြစ်သေးဘူးဆို​ပြီး အားတင်းရင်း  လက်တစ်ဖက်မြှောက်​ပေးလိုက်တာကို ဆရာဝန်က မြင်သွားတယ်နဲ့တူပါရဲ့။ မောင့်အမနားကပ်လိုက်​ပြီး

"လူနာကိုစိတ်ချမ်းသာအောင် ထားစေချင်တယ်ဗျာ..သူ့နောက်ဆုံးအချိန်လေးကို​တော့ စိတ်ချမ်းချမ်းသာသာလေး ဖြတ်သန်းသွားစေချင်တယ် ''

တ်ိုးတိုး​လေးသာ ပြော​နေ​ကြပေမယ့် နားပါးတဲ့ကိုယ်ကတော့ ကြားဖြစ်အောင်ကြားလိုက်မိသေး။ ဆရာဝန်ကြီးကတော့ကိုယ့်ကို စိတ်မကောင်းဖြစ်နေတဲ့အကြည့်တွေနဲ့ ပြုံးပြပြီးထွက်သွားပြီ မောင်။ မောင့်အမကတော့ မျက်ရည်​တွေ အမြန်သုတ်လိုက်ရင်း

"နင် ဘာလုပ်မလို့လဲ ''

"ထူ ''

စကားတောင်အများကြီး မပြောနိုင်​လောက်အောင် မောနေတဲ့ကိုယ့်ကို သူနာပြုမလေးနှင့် မောင့်အမကဆွဲထူပြီး ကျောလေးကို ခေါင်းအုံးလေး လာခုပေးတယ် မောင်။

"စာ ''

"နင် အသိတရားမဝင်သေးဘူးလား ဟမ်...အဲ့ကောင်က နင်သေရင်တောင် သိလိုက်မှာမဟုတ်ဘူးဟဲ့...နားလည်လား ''

"...''

"ဒီစာကလည်း ဘာလုပ်လို့ရမှာတဲ့လဲ ''

"ပေး ''

မောနေတာကိုအားတင်းရင်း စာအုပ်က​လေးကိုသာပေးဖို့ တောင်းနေတာကြောင့် သူနာပြုမလေးကတော့ စားပွဲခုံလေးလာချပေး​တယ် မော​င်။ အဲ့တော့ မောင့်အမကို စာအုပ်ပေးဆိုပြီး ကြည့်နေတာကြောင့်

"ရေး...အဲ့မှာ သေတဲ့အထိရေး...ငါလည်းနင့်ကိုဂရုမစိုက်တော့ဘူး ''

"...''

"နင်လည်း သေ... ငါလည်းသေမယ် ''

ပြောပြီး မောင့်အမက စာအုပ်ကလေးကို စားပွဲပေါ်ပစ်ချလိုက်ပြီး အခန်းပြင်ကို​​ပြေးထွက်သွားတာ​​ကြောင့် သူနာပြုမလေးကို လိုက်သွား​ပေးဖို့ အကူညီတောင်းရတာပေါ့လေ။ ကိုယ်ကစကားမပြောနိုင်တော့အောင် မောနေတာကြောင့် သူနာပြုမလေးက ကိုယ့်မျက်နှာလေးကို​ သေချာစိုက်ကြည့်ပြီး

မောင် မငိုရဘူးနော်📚(completed )Opowieści tętniące życiem. Odkryj je teraz