အပိုင်း(၂)📚

15.4K 1.1K 14
                                    

#Uni

ဆေးရုံစတက်ကတည်းကလေ မောင့်အမက အိမ်တောင်မပြန်ဘဲ ကိုယ့်အနားမှာအ​​ဖော်အ​​ဖြစ် ရှိနေပေးခဲ့တာပါ မောင်။

တစ်ခါတစ်လေများ အသက်မရှူနိုင်လို့ လူးလိမ့်နေရတဲ့ညတွေမှာဆို မျက်ရည်တွေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိအောင် ပြာယာခတ်နေတတ်တဲ့ သူငယ်ချင်းမ​လေးကို မြင်ရ​ပြန်တော့လည်း စိတ်မကောင်းဖြစ်မိသား။

"နင် ဆက်ရေးနေတုန်းလား ဟူး...တော်ပါတော့ဟာ...ခုလိုဖြစ်နေတာတောင် နင်...နင်''

စာဆက်ရေးနေတဲ့ ကိုယ့်ကို ဆက်မရေး​နိုင်တော့​အောင် သူမက ငိုနေရင်းတား​နေခဲ့တယ်။ ရေးနေတဲ့ ကိုယ့်လက်ကလေးကိုကိုင်ထားရင်း ငိုနေတဲ့သူမကို

"လွှတ်ပါ...သေတမ်းစာလေးတော့ ချန်ခဲ့ချင်တယ် ''

သိပါတယ်။ ဒီစာကလေးကို အားတင်းရင်းရေးနေခဲ့ပေ​မယ့် ဒီစာလေးသာ ပြီးသွားခဲ့ရင် ကိုယ်က အသက်ဆက်ရှင်နိုင်ပါ​တော့မလား။

အခုတောင်စိတ်မလျော့ဘဲ အားတင်း​ပြီး ရေးနေရတာ​​ကြောင့် သူမက ဒီစာကလေးကိုတော့ မပြီးစေချင်။ အနည်းဆုံးတော့ကိုယ် အသက်ဆက်ရှင်​နေတာကို မြင်ချင်​သေးပုံပဲ။

ဟုတ်ပါတယ်​လေ။ သတိတရ သူငယ်ချင်းဆိုလို့ သူမမှာလည်း ကိုယ်တစ်​ယောက်ထဲသာ ရှိခဲ့တာမလား။ သူမကကိုယ့်လိုပဲ အစွဲလမ်းကြီးတယ်။

သံယောဇဥ်ကြီးသလို တ​ခြားသူငယ်ချင်းတွေရှ်ိပေမယ့် ကိုယ့်လောက်ဘယ်သူကိုမှ မခင်တွယ်ဘူးဆိုတာ သိတာ​ပေါ့။ ဒါပေမယ့်လည်း ကိုယ်ပင်ပန်းနေပြီ။

မောင့်အကြောင်းလေး တွေးမိ​ပြန်တော့ ရင်ဘတ်ကအောင့်တက်လာပြီး လည်ချောင်းတစ်ခုလုံး အပ်တွေနဲ့ထိုးနေသလိုမျိုး စူးရှရှ​ကြီး။ လည်ပင်းမှာလည်း တစ်ခုခုတစ်ဆို့နေသလိုလို ခံစားလာရတယ်။

အရမ်းအောင့်တက်လာတဲ့ ရင်ဘတ်ကလေးကို လက်နဲ့အသာဖိထားရင်း အသက်ကို မနည်းရှူနေရတာကြောင့်။

"ဟဲ့...ဟဲ့ စိတ်ကိုမလျော့လိုက်နဲ့နော်...လုပ်ကြပါဦး..အဟင့်ဟင့်..ကယ်ကြပါဦး...ဆရာဝန်...ဆရာဝန် ခေါ်ပေးကြပါ ''

မောင် မငိုရဘူးနော်📚(completed )Donde viven las historias. Descúbrelo ahora