အပိုင်း(၆)📚

12.5K 1K 196
                                    

#Uni

"အေးကွယ်..သမီးကိုအားကိုးရမှာပဲ..ဒါနဲ့ ရှိုင်းလေး စေ့စပ်တုန်းက အန်တီတို့တောင်မလာလိုက်ရဘူးကွယ် ''

မောင်ရယ် မေ့ချင်တာတောင်မှ မေ့မရပါလားနော်။ ကိုယ့်ပတ်ဝန်ကျင်မှာတော့ မောင်နဲ့ပတ်သတ်တဲ့အမှတ်တရတွေ ပြည့်နှက်နေတာကြောင့် တနေရာကိုတော့ ထွက်ပြေးချင်မိတယ်။ မောင့်ကိုမေ့နိုင်မဲ့ တစ်နေရာကိုပေါ့။

"သားလေး...မာမားသားလေးကို ဘယ်လိုလုပ်ရပါ့မလဲ ''

မာမားကလူကိုဖက်ငိုနေပြီး မောင့်အမကတော့ ဆေးစစ်ထားတဲ့ စာရွက်ကြီးကိုကိုင်နေရင်း ခေါင်းငုံ့ပြီးသာ ငိုနေရှာတယ်။

"နှလုံးရောဂါတောင် မာမားထက် နည်းနည်းပိုဆိုးနေပြီတဲ့...ခွဲစိတ်မှ အဆင်ပြေမယ်တဲ့လား ''

ခွဲစိတ်ဖို့ကို ကိုယ်ငြင်းလိုက်တယ် မောင်။  အသက်ရှည်ရှည်နေရတော့​ရော ဘာထူးမှာလဲ​​နော်။ မောင်မှ ကိုယ့်အနားမှာ မရှိနိုင်​တော့တာ။  မောင်သိလား။ ကိုယ် သိပ်ပျော်မိတယ်။ နောက်ဆုံးတော့ မောင့်အဝေးကို ပြေးလို့ရမယ့်နည်းလမ်းကို သိခဲ့ရပြီ​လေ။

အဲ့လိုနဲ့ ခွဲစိတ်မှုကိုလည်း လက်မခံသလို ဆေးတွေကိုလည်း မသောက်ဘဲ လွှတ်ပစ်ခဲ့မိတယ် မောင်။ မောင့်အမကတောင် အိမ်မှာလာနေပြီး ပြုစု​ပေး​ရှာပါရဲ့။

တစ်နေ့ ကိုယ်အိပ်နေတယ်ထင်ပြီး မောင့်အမက မောင့်ဆီဖုန်းဆက်နေတာကို ခိုးနားထောင်ခဲ့မိတယ်။ မောင့်အမက မောင့်ကို

"နင် လာပြောကြည့်ပါလား ''

"မကြီး ငါမှနင့်သူငယ်ချင်းကို မချစ်တာဟာ...နောက်သူဘာဖြစ်ဖြစ် ပြီးတော့ ''

"...''

"သူ ငါ့ကိုကြိုက်နေတာ babyသိတယ်လေ...ငါသူကိုတွေ့တာသာသိရင် နောက် ငါသူ့ကိုမမြင်ချင်ဘူး ''

မမြင်ချင်ဘူးတဲ့လား။ စိတ်ချပါ မောင်။ မောင်မမြင်ရတော့မှာမို့ မောင်ပျော်ရတော့မှာပါ။

တစ်လလောက်ပဲ ရှိသေးတယ်။ ကိုယ့်အခြေအနေက အရေးပေါ် ဖြစ်နေ​ပြီ​လေ။ အောက်စီဂျင်ပေးပြီး အသက်ရှူနေရတဲ့ကြားက အမောဖောက်နေတဲ့ ကိုယ့်ပုံကိုမြင်ပြီး မေ့လဲသွားတတ်တဲ့ မာမားကြောင့် ညဘက်မှလာဖို့မနည်းပြောလိုက်ရ​သေး။

မောင် မငိုရဘူးနော်📚(completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ