🖤Part 5🖤

4.3K 434 107
                                    

[Unicode]
နန်းတွင်းညပိုင်းအချိန်••••••••

နန်းတွင်းညပိုင်းတွေမှာ မိဘုရားတွေက စောင်းတီးတာတို့ ချီထိုးတာတွေလုပ်သလို မင်းကြီးနဲ့မင်းသားတွေဟာလည်း ကိုယ့်အဆောင်မှာ လေ့လာသင့်တဲ့စာ‌ေပတွေဖတ်လေ့ရှိသည် ဒါဟာ ပုံမှန်အလေ့အထတစ်ခုပင်

မင်းသား Taehyung အဆောင်•••••••

မင်းသားကင်မ်တစ်ယောက်စာဖတ်နေသော်လည်း စိတ်မပါ သူ့စိတ်ကကြင်ယာတော်ဆီတွင်သာ ကြင်ယာတော် jung kookဟာ နောက်နေ့ပြန်သတိရလာပင်မဲ့ အစားသိပ်မစားပဲ အထဲကငိုသံပဲကြားနေရတယ်လို့ အထိန်းတော်ကြီးလျှောက်ထားလို့သိရသည် သူလွန်သွားသည်လား ဘယ်သူပဲဖြစ်ဖြစ်ကိုယ့်မကောင်းတဲ့အတိတ်အကြောင်းကို ပြန်မြင်ယောင်နေသည်မှာ မည်သူမှမကြိုက် ပြီးတော့ဟိုဟာက သူ့သူငယ်ချင်းဆိုတော့ တော်တော်ခံစားရမှာပဲဟူးး
ဘာလဲ ငါစိတ်ပူနေတာလား မဟုက်ပါဘူး လူသားချင်းစာနာတာပါလေ*********

"မင်းသား"

အ‌ေတွးတွေနဲ့ရောက်ယှက်ခတ်နေသောမင်းသားကင်မ်တစ်ယောက် ကိုယ်ရံတော်ဟိုဆော့အသံကြောင့်ခေါင်းမော့လာပြီး ဘာလဲပေါ့ပုံစံဖြင့်ခေါင်းဆက်ပြလေသည်

"မင်းသားအဲ့စာမျက်နှာကိုဖတ်နေတာတော်တော်ကြာပြီ ကျွန်တော်စာအုပ်တစ်အုပ်‌ေတာင်ပြီးပြီ မင်းသားက"

"အဟမ်း ငါစာအရေးအသား လေ့ လေ့လာနေတာ အဟွတ်"

ဟိုဆော့ပြုံးကာ

"မင်းသားမလိမ်ပါနဲ့ ကြင်ယာတော်ဂျွန်လေး‌ကိုစိတ်ပူနေတာမှလား"

မင်းသားကင်မ်ဘာမှပြန်မပြောလာ တိတ်ဆိတ်ခြင်းသည်၀န်ခံခြင်းမဟုက်ပါလော ထို့ကြောင့်စကားဆက်လိုက်သည်

"ကျွန်တော်မျိုးပြောတဲ့ထဲမှာ အမှားပါရင်ခွင့်လွှတ်ပါ မင်းသားကကြင်ယာတော်ကိုစိတ်ပူနေတာကျွန်တော်သိပါတယ် မင်းသားတို့ကြားကအမုန်းကိုကျွန်တော်နားမလည်ပါဘူး ဒါပင်မဲ့ကျွန်တော်သိသလောက်က ကြင်ယာတော်အမှားကနည်းပါတယ် သူ့ဖခမည်းတော်ကြောင့်သာ အခုလိုသူနေနေရတာ ကြင်ယာတော်ငယ်ငယ်ကအကြောင်း‌ေတွလည်းမင်းသားကြားပြီးပြီပဲ ငယ်ငယ်တည်းက သူ့ကိုအကြောက်တရားနဲ့ထိန်းချုပ်ထားတာ

🖤Once upon a time 🖤Dove le storie prendono vita. Scoprilo ora