🖤Part 9🖤

3.4K 385 35
                                    

[Unicode]
ဒီလိုနဲ့ ကြင်ယာတော်ငယ်ဟာ မနက်ပိုင်းအချိန်တွင်အိမ်တော်သို့ပြန်တော်မူလေသည်

Jung kookဝေါယာဉ်ပေါ်မှာ လိုက်ကာလေးနည်းနည်းဖွင့်ပြီးသူအိမ်‌ေတာ်သို့သွားနေတဲ့ ရွာလမ်းတစ်လျောက်ကလူတွေကိုသူလိုက်ကြည့်နေမိသည် ငယ်ငယ်တည်းကလူကြောက်တက်တဲ့သူဟာ ထိုလူကြားထဲမသွားပါ ကြောက်လားဆိုငယ်ငယ်ကလောက်တော့မကြောက်တော့ပါဘူး ဒီအတိုင်း ဒီအတိုင်းမသွားချင်တော့တာပါ

မနက်ကထ‌ေတာ့လည်းလွတ်နေတဲ့နေရာကြောင့်မင်းသားသူ့မနိုးခင်ထသွားမှန်းသိလိုက်သည် မင်းသားဘာလို့အဲ့လိုလုပ်နေမှန်းသူမသိပါ မင်းသားသူ့အပေါ်ခံစားချက်နည်းနည်းရှိနေပြီလို့တော့ထင်တာပဲ

ဘာလိုလိုနဲ့သူ့အိမ်တော်တောင်ရောက်ပြီ တံခါးကိုဖွင့်ကာ၀င်လိုက်တော့ ခြံ၀န်းအတွင်းဘာတွေမှာနေလဲမသိပါဘူး အစေခံမလေးတွေကိုမှာနေသောသူ့မယ်တော်

"မားမား"

"ဟယ် ~~~သားလေး~~"

သူပြေးသွားကာ သူ့မယ်တော်ရင်ခွင်ထဲခို၀င်မိသည် လွမ်းနေခဲ့တာ

"သား သားလေးမှလား"
မယ်တော်ကလည်းအံ့ဩသည်ထင်အသံတွေတောင်တုန်လို့

"Omm မားမားသား Kookieလေး"

"သားရယ် မယ်မယ်လွမ်းနေခဲ့တာ ဟိုမှာအဆေပြေရဲ့လား"
ရင်ခွင်ထဲမှခေါင်းဘဲညိမ့်ပြလိုက်သည်
တကယ်တော့သူအဆေမပြေပါ

"အာရေဂူးမျက်နှာလေးပြပါဦး"

"ဟ ဟ မငိုရဘူးလေ"
မငိုရဘူးပြောတဲ့မယ်မယ်ဟာလည်းမျက်ရည်တွေဝှဲလို့

"မားလည်းမငိုနဲ့လေ ဟင့်"

မားကပြုံးကာသူ့ဆံပင်လေးတွေကိုဖွသည်

"သား မယ်မယ်ကြီးကိုသွားတွေ့လိုက်ဦး မယ်မယ်ကြီးကလည်းသားလေးကိုလွမ်းနေတာ"

မယ်မယ်ကြီးဆိုတာ Yoongiအမေကိုပြောတာပင်

"ဟုက်မား"

"အင်းကဲ မားသားကြိုက်တာချက်ဖို့သွားမှာကြားလိုက်ဦးမယ်ဟုက်ပြီလား"

"ဟုက် မားအမဲနံရိုး‌ေနာ်မ‌ေမ့နဲ့ ဟီး"

"ဟဟဟဟုက်ပါပြီရှင်"

🖤Once upon a time 🖤Where stories live. Discover now