🖤 Part 29🖤

3.1K 324 47
                                    

[Unicode]

"ဟင်း ငါလာခဲ့မယ်"

Coatကိုဆွဲကာ သူအမြန်ထွက်လာခဲ့သည် ဟင်း မင်းလေးဟာလေ နည်းနည်းမှကိုစိတ်မချရဘူး ထင်တိုင်းကြဲလေး

တကယ်တော့ ဂျောင်ဂုကိုစိတ်မပျက်ခဲ့ပါ ဒေါသထွက်ခဲ့ရုံသာ တကယ်ခွဲဆိုသူလည်းမနေနိုင်ပါဘူး သူသိပ်ချစ်ခဲ့သည်လေ ပြီးတော့ သူသိခဲ့ရသည်ကသူဟာဂျောင်ဂုဆိုတဲ့ဖြစ်တည်မှုလေးကိုပဲသဘောကျခဲ့တာပါ ထိုသည်ကဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေ သူ့ကလေးငယ်ကို သူချစ်ပါသည်

"ယွန်းဂီ"

"အော်ရောက်ပြီလား"

"အင်း"

"ရော့သော့အပို မင်း၀င်ပြီးချော့လိုက်ပါ "

သော့လေးကိုင်ကာအိမ်ပေါ်ထပ်သို့တပ်သွားတဲ့ထယ်ယောင်း ယွန်းဂီကတော့အောက်ထပ်တွင်သာကျန်ခဲ့လေသည်

"ဂျောင်ဂု ကလေး ~"

အခန်းထဲ၀င်တော့လင်းမ‌ေနမှောင်မဲလို့ ပြီးတော့ဂျောင်ဂုကလဲရှိမနေ ပြီးတော့တိတ်နေတဲ့အခန်းသံရေကျသံကကျယ်ကျယ်လောင်လောင် မဟုက်မှ

"ကလေး !"

မြင်လိုက်ရတဲ့မြင်ကွင်းက‌ရင်နာဖွယ် သူ့ကလေးက ရေဗန်းအောက်ကျုံးကျုံ့လေးထိုင်ကာငိုနေ‌ခဲ့သည်လေ

"ကလေးရယ်"

"ဟင် ဟင့်ကိုကို~~"

သူ့အသံကြားလို့ထင် မော့ကြည့်လာတဲ့ကလေးက အံ့ဩမှုတွေနဲ့ ဒါ့အပြင်ဘယ်လောက်‌ေတာင်ငိုထားလဲမသိ မျက်လုံးတွေကရဲလို့ ရေဗန်းပိတ်ကာ ရေဗန်းအောက်ကကိုယ်ငယ်ကိုပွေ့ချီလိုက်တော့ သူ့ကိုဖတ်တွယ်လာတဲ့ခြေထောက်တွေ လက်တွေက အတင်းအကျပ် လွတ်ထွက်သွားမဲ့လူလိုလို

"ကလေး~"

"ဟင့် ကျွန်တော့်ကိုစိတ်မပျက်ပါနဲ့နော် ကိုကိုမကြိုက်တဲ့အခုပုံစံကြီးလည်းပြင်ပါ့မယယ် အရင်ဘ၀ကဂျောင်ဂုပုံစံနေဆိုလည်းနေပါ့မယ် ဟီးးး ကျွန်တော့်ကိုတော့မထားခဲ့ပါနဲ့ ကျွန်တော်ကသိပ်ချစ်တာလေဗျာ sob*"

ရှိုက်ကြီးတငင်ပြောနေတဲ့ကလေးစကားအဆုံးသူ့ရင်အစုံကြေကွဲရလေသည်

🖤Once upon a time 🖤Where stories live. Discover now