🖤Part 15🖤

3.5K 372 48
                                    

[Unicode]

လမ်းတစ်လျှောက်ခေါင်းညွှတ်ကာအရိုအသေပေးနေကြတဲ့ရွာသူရွာသားများ ......
ပန်းများကြဲထားတဲ့လမ်းတစ်လျောက် ထယ်ယောင်းနဲ့ဂျောင်းဂုစီးလာတဲ့ဝေါယာဉ်ငယ်ဟာဖြည်းညင်းစွာဖြတ်ကျော်လာသည်

ဂျောင်ဂုတစ်‌ေယာက်မျက်လွှာချကာ‌၀တ်ရုံတော်ကိုသာကြည့်နေသည် လူတွေကြားထဲအခုလိုပါဝါအဖြူသာချထားတဲ့ဝေါယာဉ်နဲ့ သွားရသည်မှာစိတ်လှုပ်ရှားဖို့ကောင်းသလို ကြောက်လည်းကြောက်မိသည်

ခဏအကြာ၀တ်ရုံစကိုကိုင်ထားတဲ့လက်လေးကိုအပေါ်ကအုပ်မိုးကာကိုင်လာသူ

"မင်း မင်းသား"

"မကြောက်နဲ့အဆေပြေသွားလိမ့်မယ်"

မင်းသားပြုံးကာဆိုသည် မင်းသားကသူကြောက်တက်တာသိနေခဲ့တာလားပြီးတော့မင်းသားကပြုံးပြသည်လားသူ့ကိုမင်းသားကပြုံးကာဆိုလာတယ်တဲ့လား ဒါဟာအိမ်မက်ဆိုရင်တောင်သူမနိုးထချင်မိတာအမှန်ပဲ

ပြီးတော့ နဂိုကကြောက်နေတဲ့ဟာရယ်ခုလိုမင်းသားအပြုအမူတွေကြောင့်အံ့ဩသလိုနှစ်သက်မိလို့ချက်ချင်းဝှဲတက်လာတဲ့မျက်ရည်တွေ ထိန်းထားတဲ့ကြားထဲကမှ မျက်ရည်တစ်စက်ဟာသူ့ပါးပြင်‌ေပါ်‌ေပါက်ကနဲကြသွားလေတော့

"မင်းမျက်ရည်ကျတာကိုယ်တော်မကြိုက်ဘူးလို့ပြောခဲ့တယ်နော် ဒါကြောင့်မငိုပါနဲ့ ဒီနေ့ကနေ့ထူးနေ့မြတ်လေ"

သူခေါင်းတစ်ဆပ်ဆပ်ညိမ့်ကာ သူနားထောင်မိတော့မင်းသားကရယ်ကာသူ့ဆံ‌ပင်ကိုလာဖွသည် ပြီးတော့

"လိမ္မာတယ်" တဲ့

မင်းလေးကြောက်နေ‌တာကိုယ်တော်အကုန်သိတယ် မင်းကိုချစ်ပါတယ်ဆိုကတည်းက မင်းအကြောင်းခရေစေ့တွင်းကျ ကိုယ်တော်စုံစမ်းထားခဲ့တာ.... မင်းအပေါ် ကျ‌ေရာက်လာမယ့်အန္တာရာယ်တွေကို ရင်ဆိုင်ဖြေရှင်းပေးမှာမို့ ကိုယ်တော့်လက်ကိုအခုလိုပဲပြန်လည်ဆုပ်ကိုင်ထားပေးပါငယ်........

~~~~~~~~~~~~~~~

နန်းတွင်းကွင်ပြင်ထဲကျင်းပတဲ့အာဏာလွှဲပွဲကို ပြည်သူတွေနဲ့ကျင်းပချင်လို့အပြင်မှာသာကျင်းပဖြစ်ခဲ့ကြသည်၊ဤပွဲရဲ့ ခင်းထားတဲ့ကော်စောနီတစ်လျှောက် တည်ကြည်သောမျက်နှာနဲ့ လျှောက်လာတဲ့အိမ်ရှေ့စံထယ်ယောင်း ကြင်ယာတော်ဂျွန်လေးက အိမ်ရှေ့စံနောက်ကကုပ်ကုပ်လေးလိုက်လာလေရဲ့

🖤Once upon a time 🖤Hikayelerin yaşadığı yer. Şimdi keşfedin