FATED
___________
______________
__________________ARC_1(မင်းဖြစ်ရတဲ့ဒုက္ခ)
___________________________________________၀မ်အန်း သူ့အရှေ့ ရှိ ယခုအထိ ရန်ဖြစ်မပျက်ဖြစ်နေသည့် လူအုပ်ကြီးကို ကြည့်ရင်း ခေါင်းတွေကိုက်လာသလိုခံစားလိုက်ရသည်။
မှတ်ဉာဏ်အသစ်များကြားထဲလေ့လာရှာဖွေလိုက်သည့်အခါ အခုအခြေအနေကိုအလိုလိုသိသွားသည်။
အခုအချိန်သည် စစ်ဖြစ်ရန်လက်တကမ်းအလိုပင်။သူ လျို့ ဆိုသူအား စိတ်ထဲမှတိုးတိုးလေးမေးလိုက်သည်။
"မင်းပို့ပေးတဲ့အချိန်ကမစောလွန်းနေဘူးလား အဲ့ဒီအစား ငါ့ကို သေခါနီးဆဲဆဲအချိန်သာပို့လိုက်ပါတော့လား"
"Host အတွက်အခုလိုခုန်ကူးပို့ပေးဖို့အတွက် လျို့ အတွက်လည်းလွယ်ကူမနေဘူး "
သူဘာကြောင့်မှန်းမသိဘူး။ လျို့ ဆိုသူကသူ့အား မျက်ခုံးပင့်ပြီး သူဒုက္ခရောက်နေတာကိုပြုံးပြုံးကြီးစိုက်ကြည့်နေတယ် ဟုခံစားနေရသည်။
သူရောက်လာသည့်အချိန်မှာ ယခင်ခန္ဓာကိုယ်သည် 'ဖျင်းယွမ်တိုင်းပြည်က အရင်ယုတ်ကမ်းစွာဖြင့် စည်းမျဥ်းကိုစတင်ဖောက်ဖျက်သည်ဖြစ်သောကြောင့် ဒီတိုက်ပွဲကိုစတင်ရလိမ့်မယ်'ဟုအမိန့်ထုတ်တော်မူပြီးခါစ အချိန်ဖြစ်၏။
ထို့ကြောင့် မုတ်ဆိတ်မွှေးဖွေးဖွေးဖြူနှင့်အဘိုးကြီး တစ်နည်း အမတ်ချုပ်ကြီး ဟုန်ပေကျွမ်း ကသူသေမည်ဆိုလျှင်တောင်ရအောင်တားမည်ဟုဆိုကာ အခုလိုငိုကြီးချက်မဖြင့်ဒူးထောက်တောင်းပန်နေခြင်းပင်။
YOU ARE READING
FATED(System)
Fantasyသူနက်ရှိုင်းသည့်ပင်လယ်ကြီးအောက်တွင်နစ်မြောနေသလိုခံစားနေရသည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုနှင့်ဆက်နွယ်ခြင်းခံလိုက်ရသည်။ "မင်္ဂလာပါ ကောင်းသောတွေ့ဆုံခြင်းပါ ကျွန်တော်က ငြိမ်းချမ်းရေးSystemပါ နောင်တ တရားတွေနဲ့သေဆုံးသွားသူတို့ရဲ့ဆန္ဒတွေကိုဖြည့်စည်းပေးရ...