FATED
________________
_____________________
____________________________
ARC_1(မင်းဖြစ်ရတဲ့ဒုက္ခ)
___________________________________________"တင်းတောင်! ဂုဏ်ယူပါတယ် ငြိမ်းချမ်းရေးရမှတ် ၁၅ မှတ်ရရှိပါပြီ!"
ဝမ်အန်း"........."
ဘာကြီးတုန်း!
ငြိမ်းချမ်းရေးရမှတ်?ငြိမ်းချမ်းရေးSystemလေး လျို့"ငြိမ်းချမ်းရေးရမှတ်ဆိုတာက တာဝန်ပြီးမြောက်မှုပေါ်မှာမူတည်ပြီးအမှတ်ပေးတာပါ host အနေနဲ့ နဂိုခန္ဓာပိုင်ရှင်ရဲ့ဆန္ဒဖြည့်စည်းပေးနိုင်မှုဒါမှမဟုတ် ပတ်ဝန်းကျင်မှာရှိတဲ့ဘေးဒုက္ခအန္တရာယ်တွေကိုအနည်းနဲ့အများကာကွယ်ပေးနိုင်မှုစတာတွေကိုလည်းထည့်တွပ်ထားပါသေးတယ်"
"ဒီအမှတ်ပေးစည်းမျည်းတွေကမင်းစိတ်တိုင်းကျလား"
"အလိုဗျာ!မဟုတ်တာ စွတ်စွတ်စွဲစွဲ သူ့ဟာသူ စနစ်ကအလိုလိုသတ်မှတ်ထားတာကို "
"အိုက်ယား မင်းကလည်းပြန်တုန့်ပြန်ချက်ကြီးကလည်းပြင်းထန်လိုက်တာမဟုတ်ရင်ပြီးတာပါပဲ ဒါနဲ့ ငါဘာလို့အခု ၁၅ မှတ်ရရတာလဲ ငါလည်ဘာမှမလုပ်ဘဲနဲ့"
ဒီ System ဟာ စိတ်ထဲရှိတိုင်းအမှတ်တွေပေါက်ပေးနေတာတော့မဟုတ်ဘူးမလား။
"အဲ့ဒါက host က လူပေါင်းများစွာဒုက္ခရောက်ပြီးကပ်ဘေးဖြစ်မယ့်အရေးက ကယ်တင်လိုက်လို့လေ "
"ဟမ်!?"
"host သာတကယ်လို့စစ်ဖြစ်ခဲ့ရင် နှစ်ဖက်နှစ်နိုင်ငံက စစ်သည်ပေါင်းများစွာအသက်ဆုံးရှုံးမယ် အပြစ်မဲ့တဲ့ပြည်သူတွေစစ်ဘေးဒုက္ခကိုခံစားကြရလိမ့်မယ် host ကဒီအရာတွေအကုန်လုံးဖြစ်မယ့်အရေးကနေရှောင်ရှားလိုက်နိုင်တာကြောင့်မို့လို့ပါ"
"အာ....ဒီလိုလား"
ဝမ်အန်း ရုတ်တရက်ကြီးသူ့ကိုယ်သူ စူပါဟီးရိုးကြီးတစ်ဉီးလိုခံစားလိုက်ရသည်။လူသားတွေရဲ့အသက်ပေါင်းများစွာကိုကယ်တင်လိုက်နိုင်တာကြောင့်လေ။
ငါလေးဟာဘယ်လိုတွေတောင်တော်နေ ထက်နေ ရတာတုန်း။
ဝမ်အန်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဆာလို့ကောင်းနေကာမှ ရုတ်တရက် ကိစ္စတစ်ခုကိုသူသတိရသွားသဖြင့် ဖြတ်ခနဲဆိုသူ၏လက်ကိုကြည့်လိုက်၏။
ထိုအခါ ကျောက်စိမ်းဖြူလက်စွပ်လေးကသူ၏လက်သကြွယ်တွင်ထင်းခနဲ။
YOU ARE READING
FATED(System)
Fantasyသူနက်ရှိုင်းသည့်ပင်လယ်ကြီးအောက်တွင်နစ်မြောနေသလိုခံစားနေရသည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုနှင့်ဆက်နွယ်ခြင်းခံလိုက်ရသည်။ "မင်္ဂလာပါ ကောင်းသောတွေ့ဆုံခြင်းပါ ကျွန်တော်က ငြိမ်းချမ်းရေးSystemပါ နောင်တ တရားတွေနဲ့သေဆုံးသွားသူတို့ရဲ့ဆန္ဒတွေကိုဖြည့်စည်းပေးရ...