FATED
___________
_______________
____________________ARC_1(မင်းဖြစ်ရတဲ့ဒုက္ခ)
___________________________________________"အခုအတွေးတွေကိုပို့လွှတ်ထားတဲ့အကြောင်းအရာတွေစီအာရုံပြုလိုက် အဲ့ဒီမှာ အနီရောင်ကောင်းကင်မီးတောက်ဖီးနစ်ဖင်းဂေါ့ ကျင့်စဥ်ကိုတွေ့လိမ့်မယ် အဲ့ဒီထဲကအသက်ရှူနည်းအတိုင်းလိုက်ရှူ အချိန်ကြာလာရင် host ရဲ့ဘေးနားလာကလူကျီစယ်နေတဲ့ အနီရောင်ဘောလုံးအစက်သေးသေးလေးတွေကိုခံစားလာမိလိမ့်မယ် အဲ့ဒါကို 'ချီ'စွမ်းအင်လို့ခေါ်တယ် hostရဲ့သဘာ၀၀ိညာဥ်စွမ်းအင်က သန့်စင်တဲ့မီးစွမ်းအင်ဆိုတော့ မီးစွမ်းအင်ချီတွေကိုပဲခံစား ကြားလား"
"အင်း~~"
သူ ငြိမ်းချမ်းရေးsystemလေး၏သတိပေးသင်ကြားနေသည့်စကားများကို အင်း ဟုသာအသံသေးသေးပြုမိသည်။မှတ်ဉာဏ်ထဲမှာရှိနေသည်အသက်ရှူနည်းအတိုင်းအသက်ကို သူဖြေးညှင်းစွာရှူထုတ်ရှူသွင်းလိုက်လုပ်နေမိသည်။အချိန်တော်တော်ကြာတဲ့အထိ သူ့ လျို့လေး ပြောသည့် ချီစွမ်းအင်ဆိုသည်ကိုမခံစားမိသေးသော်လည်း သူကတော့ နေလို့ထိုင်လို့အတော်သက်သောင့်သက်သာဖြစ်လာသည်။
ဒီအသက်ရှူနည်းကတကယ်အထင်သေးလို့မရဘူးဘဲ။
ရှူထုတ်...ရှူသွင်း....ရှူထုတ်...ရှူသွင်း.....
သူဘယ်လောက်ကြာကြာအသက်ရှူလေ့ကျင့်ခန်းကိုလုပ်နေမိလည်မသိဘူး။သူ့တစ်ကိုယ်လုံးကသက်သောင့်သက်သာရှိနေမှုကြောင့်တဖြည်းဖြည်းခေါင်းလေးမှာယိုင်လာသည်။မျက်ခွံများမှာမှာလေးလံလာ၍ဖွင့်ကိုမဖွင့်ချင်တော့ပေ။သူ့အသိစိတ်၀ိညာဥ်လေးကငြိမ်းချမ်းလာပြီး လောကကြီးလုံး၀အမှောင်ဖုံးသွားသလိုခံစားလိုက်ရသည်။
YOU ARE READING
FATED(System)
Fantasyသူနက်ရှိုင်းသည့်ပင်လယ်ကြီးအောက်တွင်နစ်မြောနေသလိုခံစားနေရသည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုနှင့်ဆက်နွယ်ခြင်းခံလိုက်ရသည်။ "မင်္ဂလာပါ ကောင်းသောတွေ့ဆုံခြင်းပါ ကျွန်တော်က ငြိမ်းချမ်းရေးSystemပါ နောင်တ တရားတွေနဲ့သေဆုံးသွားသူတို့ရဲ့ဆန္ဒတွေကိုဖြည့်စည်းပေးရ...