"FATED"
_________
__________
___________
သူအဆုံးအစမဲ့သည့် ပင်လယ်ထဲတွင် နစ်မြုပ်နေသကဲ့သို့ခံစားနေရသည်။သူအချိန်ဘယ်လောက်ကြာကြာ အသက်ရှူရခက်သည့်ဒဏ်ကိုခံစားနေရမှန်းမသိပေမယ့် သေချာတာကတော့ သူအခုထိမသေဆုံးသေးပေ။"မင်္ဂလာပါ Host ကောင်းသောတွေ့စုံခြင်းပါ"
မကြားရတာ ရက်ပေါင်းများစွာကြာခဲ့ရသည့် သက်ရှိတစ်ဉီး၏အသံကိုကြားလိုက်ရသည့်အခါ သူစိတ်လှုပ်ရှားစွာဖြင့်မျက်လုံးကိုဖွင့်ကြည့်မိသည်။သို့သော် ထူးဆန်းမှုကိုပါ သူတစ်ပြိုင်နက်ကြုံတွေ့လိုက်ရသည်။
ငါအသက်ရှူလို့ရသွားပြီ။
ငါ ... ငါ အသက်ရှင်ပြီ။သူမျက်လုံးဖွင့်ကြည့်သည့်အခါမြင်လိုက်ရသည်က နက်ပြာရောင်ပင်လယ်ရေပြင်အောက်မဟုတ်ဘဲ အဖြူရောင်မြူခိုးတွေနှင့်ပြည့်နှပ်နေသည့်နေရာတစ်ခုပင်ဖြစ်၏။
"ဒီမှာလူရှိလားခင်ဗျ!!!"
သူစောနကသက်ရှိတစ်ဉီးဉီး၏အသံကိုကြားလိုက်ရသည်မှာသေချာပေါက်ပင်။အခုတော့ သူတစ်ဉီးတစ်ယောက်ကိုမျှမတွေ့မိချေ။
"တွေ့ရတာဝမ်းသာပါတယ် host ကျွန်တော်က 'ငြိမ်းချမ်းရေးSystem'ပါ ကျွန်တော်ကို လျို့ လို့လည်းအလွယ်ခေါ်လို့ရပါတယ်..."
"လျို့ ~ ခြောက်?"
"ဟုတ်ပါတယ် အဲ့ဒီ လျို့ ပါ"
"မင်းက ဘယ်နေရာမှာလဲ လျို့~"
သူမြင်နိုင်စွမ်းမရှိသည့်မြူခိုးပတ်ဝန်းကျင်ကိုသူလှည့်လည်ကြည့်ရှုမိသည်။သို့သော် မည်သည့်သက်ရှိတစ်စုံတစ်ခုကိုမျှရှာဖွေတွေ့ရြှိခင်းမရှိပေ။
"Host ကအခုချိန်မှာ လျို့ ကိုတွေ့နိုင်စွမ်းမရှိသေးပါဘူး သတ်မှတ်ထားတဲ့ကျင့်ကြံမှုအဆင့်ကိုရောက်မှသာ လျို့ ကိုတွေ့နိုင်စွမ်းရှိမှာပါ~"
"ကျင့်ကြံမှုအဆင့် အဲ့ဒါကဘာလဲ"
"Host ကို လျို့က တာဝန်တွေတစ်ခုပြီးတစ်ခုပေးမှာပါ အောင်မြင်ရင် ဝိညာဉ်စွမ်းအားတွေတဖြည်းဖြည်းချင်းတိုးတက်လာပြီး နောက်ဆုံး host မှာသန်မာတဲ့ဝိညာဉ်ခန္ဓာရှိလာမှာပါ"
YOU ARE READING
FATED(System)
Fantasiသူနက်ရှိုင်းသည့်ပင်လယ်ကြီးအောက်တွင်နစ်မြောနေသလိုခံစားနေရသည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုနှင့်ဆက်နွယ်ခြင်းခံလိုက်ရသည်။ "မင်္ဂလာပါ ကောင်းသောတွေ့ဆုံခြင်းပါ ကျွန်တော်က ငြိမ်းချမ်းရေးSystemပါ နောင်တ တရားတွေနဲ့သေဆုံးသွားသူတို့ရဲ့ဆန္ဒတွေကိုဖြည့်စည်းပေးရ...