အခန်း(၃) (Unicode)

33 3 0
                                    

   ဒီနေ့ ခ အစောကြီးနိုးနေသည်နှင့်  ရေမိုးချိုး

အဝတ်စားလဲ၍  USAမှတာဝန်လွှဲပြောင်းရာ

ဆေးရုံသို့  ထွက်လာခဲ့သည်။  အချိန်မှာအတော်

ပင်စောနေသေးသောကြောင့်   အင်းယားကန်

ဘက်သို့လှည့်မောင်းလာခဲ့သည်။  လမ်းဘေး

နေရာလွတ်လေး၌သာ  ကားကိုရပ်ခဲ့လိုက်သည်။

ရန်ကုန်မနက်ခင်း၏  လတ်ဆတ်သောလေကိုရှု

ရှိုက်ရင်း  ခုံတန်းလေးတစ်ခု၌ ဝင်ထိုင်လိုက်

သည်။  ထိုချိန်

   “ ဒုန်း....” အသံကြားရာ  ခ  လှမ်းကြည့်လိုက်

မိသည်။
 
      “  အကိုကျန်တော်မမြင်လိုက်လို့ပါ”  ဟု

ကောင်လေးတစ်ယောက်က အကိုကြီးတစ်

ယောက်ကိုတောင်းပန်နေရှာသည်။  ခ  ချက်ချင်း

ဆိုသလိုပြုံးမိလိုက်သည်။  မောင်ကိုသတိရလာမိ

ပြန်သည် ။ ရယ်လိုက်တိုင်းပေါ်လာတတ်တဲ့ 

သွားတက်လေးတွေကို ငေးမောချင်နေသေး

တယ်။ 

       “ မောင်ရယ် ငါမင်းကိုထပ်တွေ့ချင်သေး

တယ်ကွာ..”  ခ ထိုင်နေသည်မှာတစ်နာရီကျော်နေ

ပြီဖြစ်၍  ဆေးရုံသွားရန်ထကာ     ကားရပ်ထား

သောနေရာလေးသို့  ပြန်လာခဲ့သည်။  ကားတံခါး

ဖွင့်ရန် ပြုလုပ်နေစဉ် သူ့အားပြုံးပြနေသော  ပုံ

ရိပ်လေးတစ်ခု။  ထိုပုံရိပ်လေးမှာ မောင်ဖြစ်

နေသည် ။ ခ  ဟာလေ ခဏလေးတွေ့လိုက်ရ

သည့်မောင်ကို အချိန်ပြည့်မျက်လုံးထဲမြင်

နေသည်မှာ လွန်တယ်မဟုတ်လား။  တွေးနေ

တုန်းပင် ထိုပုံရိပ်လေးမှာ  တဖြည်းဖြည်းအနား

ကိုလျှောက်လာနေသည်။  ခ  ငေးနေစဲပင် ထိုပုံ

ရိပ်လေးသည်  ခ  အား....

       “  တွေ့ကြပြန်ပြီနော်ဒေါက်တာလေး...”

မောင်စေရင်   ( မောင်စေရင်)Where stories live. Discover now