ကောင်းကင်တစ်ခုလုံး မဲမှောင်၍အနက်ရောင်တိမ်တိုက်တို့သည် ပိုင်နက်နယ်နမိတ်ကဲ့သို့ တစ်မျှမှမရွေ့ ။ ရန်ကုန်မြို့၏ ကားလမ်းများမှာ ပုံမှန်ထပ် ပို၍ ကြပ်ပိတ်နေလေသည် ။
ဝုန်း................ဟူသောအသံနှင့်အတူလူများစုအုံလာသောကြောင့် မိုးမခမြိုင်စိုးရိမ်ထိပ်လန့်မှုနှင့်အတူ လက်များပင်တုန်လာရသည်။ အတတ်နိုင်ဆုံးစိတ်ကိုထိန်း၍ ကားတံခါးကိုဖွင့်ကာ မိမိကားရှေ့မှလူစုထဲသို့တိုးဝင်ကာ အဖြူရောင်ဂါဝန်ပေါ်၌မြင်မကောင်းအောင်သွေးများ ပေကျံ၍လဲနေသောကောင်မလေးတစ်ယောက်ဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။ တဖြည်းဖြည်းနှင့် လူများပို၍စုဝေးလာသောကြောင့် မိုးမခမြိုင်အသက်ရှုပင်ကျပ်လာမိသည် ။ ထိုမိန်းခလေးကိုအမြန်ဆုံးပွေ့ချီ၍ ကားပေါ်သို့တင်ကာ ထိုမိန်းခလေး၏ သူငယ်ချင်းဖြစ်ပုံရသောမိန်းခလေးကိုပါခေါ်တင်ကာ နီးစပ်ရာဆေးရုံသို့အမြန်မောင်းပို့ရသည်။
ဆေးရုံသို့ရောက်သောအခါ ထိုမိန်းခလေး၏ သူငယ်ချင်းကောင်မလေးမှာဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေဟန်ပေါ်နေသဖြင့် ကားထဲမှမိမိဘာသာမချီ၍ ဆေးရုံတွင်းသို့ပြေးဝင်လာရသည်။ မိုးမခသည်ယောက်ျားသားဖြစ်စေအုံးတော့ ထိုမိန်းခလေးကိုမနည်းချီနေရသည့်ပုံစံ ဘုရားစူးယောက်ျားလေးပါ။ သွေးတွေနှင့်ပေကျံနေသောမိုးမခကိုမြင်တော့ သူနာပြုများနှင့်ဆရာဝန်တွေပြေးကာ အရေးပေါ်ခန်းထဲသို့သွင်းရန်အမြန်ဆန်ပြုလုပ်နေကြသည်။ ထိုမိန်းခလေး၏ သူငယ်ချင်းကောင်မလေးမှာပြေးလာ၍
“အကို ညီမ ဖြူသဲအိမ်ကိုဖုန်းဆက်ထားတယ်...ဖြူသဲဘာမှမဖြစ်လောက်ပါဘူးနော်”ကျန်တော်ခေါင်းပင်ငြိမ့်ပြမိဟန်မရှိ စိတ်ထဲတွင် ကြောက်ရွံခြင်းနှင့် ထိန်လန့်ခြင်းတို့ကြီးစိုးနေသည်။ ကျန်တော့်အတွေးများပင်မဆုံးလိုက်ထိုမိန်းခလေး၏ မိခင်ဖြစ်သူသည် ခွဲစိတ်ခန်းရှေ့သို့အပြေးလွှားရောက်လာကာ ကျန်တော့်အားသေချာစိုက်ကြည့်နေသည်။ ထိုအန်တီမျက်လုံးတို့မှာ ကြောက်စရာမကောင်း ဝမ်းနည်းခြင်းနှင့်ကြေကွဲခြင်းပုံရိပ်တို့မှာပြည့်နှက်နေသည်။ ကျန်တော်ကိုယ်တိုင်ပင် ဝမ်းနည်းစိတ်ကလှိုက်ဖိုနေမိသည်။ ခဏအကြာခွဲစိတ်ခန်းမှ ဆရာဝန်တစ်ဦးထွက်လာ၍
“ စိတ်မကောင်းပါဘူး....လူနာအသက်ကိုမမှီလိုက်နိုင်ဘူး....ခွင့်ပြုပါအုံး” ဟုဆိုကာပြန်ဝင်သွားသည်။ ထိုအချိန် သူမ၏မိခင်မှာ ရှိုက်ငင်ကာအော်ငိုနေရှာသည်။ နှုတ်မှလဲ
“ သမီး ကိုကိုကြီးပြန်လာရင်.....အမေဘယ်လိုပြောရမှာလည်း.....”
“ငါ့သမီးလေးကိုမှ ...ဘာလို့ရွေးပြီးခေါ်သွားရတာလည်း...အဲ့ဒါမင်းကြောင့်.....မင်းလုပ်လို့ငါ့သမီးလေးသေရတာ......” ဟုဆိုကာ ခ ရင်ဘတ်ကိုထု၍ အော်ငိုနေသောအန်တီကြီးအားကြောင်၍ သာကြည့်နေမိသည်။
“ ခ ... ခ ဘာဖြစ်သွားသေးလည်း မမမြိုင်ကိုပြော..” လို့ပြောကာ ခ ၏လက်တစ်စုံကို ကိုင်ကာပြောနေသောမမမြိုင်။
YOU ARE READING
မောင်စေရင် ( မောင်စေရင်)
AcciónUnicode မိုးမခမြိုင် "မောင်.. မင်းစေရင်ငါက အသက်ကိုတောင်ပေးနိုင်တယ် အဲ့ဒါဘာလို့လည်းသိလား......ငါမောင့်ကိုအရမ်းချစ်လို့......" တည်ဂတိ "ကျန်တော်ခများကိုသိပ်မုန်းတယ်....ကျန်တော့်ကိုပိုင်ဆိုင်ချင်ရင် ကျန်တော့်အမုန်းတွေကိုခများခံနိုင်ရည်ရှိရမယ်..." Zagyi...