အခန်း(၄) (Unicode)

36 2 0
                                    

      တစ်နေကုန် လူနာတွေလိုက်ကြည့်နေရသောကြောင့်လားမသိ အချိန်တွေကုန်လို့ကုန်မှန်းတောင်မသိတော့ချေ။  နာရီအားတစ်ချက်မော့ကြည့်လိုက်သောအခါ  8:00တောင်ထိုးနေပြီဖြစ်၍  အိမ်ကိုလဲမပြန်ချင် မတွေ့ချင်သော မျက်နှာအားတွေ့ရမှာစိုး၍  ည dutyဆင်းရန် ပြင်ဆင်နေလိုက်သည်။
     “ ဟာဒေါက်တာတို့ကအလုပ်ကြိုးစားလိုက်တာဗျာ... ည dutyပါဆင်းမလို့လားဗျ...”လို့ပြောရင် နားနေခန်းတံခါးကိုဖွင့်၍ ဝင်လာသော လုပ်ဖော်ကိုင်ဖက် ကိုသန့်စင် ။ ဒီနေ့မှသိသည့်ဆိုပေမယ့် အားလုံးမှာ ခ အားညီလေးအရင်းလိုချစ်ခင်ပေးကြပါသည်။ 
     “ ဟုတ်ကဲ့ကိုသန့် ကျွန်တော်အိမ်လဲမပြန်ချင်တော့တာနဲ့ ညdutyဝင်လိုက်တာဗျ..”
      “ ခ အကို့ကို အကူညီလိုတာရှိရင်အချိန်မရွေးပြောပါ ဒီဆေးရုံမှာ ခ ကအငယ်ဆုံးလေ ခလိုတာရှိရင် အကိုတို့က အချိန်မရွေးကူညီမယ်...”
      “  ကိုသန့် ကဒီရောက်နေတာကို ဖြူ ကလိုက်ရှာနေတာ မောင်လေးညစာစားပြီးပြီလား..”လို့ပြောရင်းဘေးခုံတွင်ဝင်ထိုင်၍ ပြောနေသော Nurseမဖြူသျှင်  ။
    “ မစားရသေးပါဘူးမဖြူရာ ကျွန်တော်မဆာလို့..”
       “    ကဲအဲ့ဒါဆို အကိုတို့ ဆေးရုံရှေ့က coffeeဆိုင်ကိုခဏသွားထိုင်ရအောင်လေ ညစာစားချိန်ဆိုတော့ခဏတဖြုတ် သွားထိုင်ရအောင်.”
      “ ဟို ကျွန်တော်...”
     “ကဲလာပါမောင်လေးရယ် ကိုသန့်စီကသောက်ရခဲတယ် လာလာသွားရအောင်” ဟုပြောကာအတင်းခေါ်နေသော အမတွေကြောင့်အားနာနာနှင့်လိုက်ခဲ့ရသည်။
     Coffeeဆိုင်ရောက်သည်နှင့် ထိုင်ရုံရှိသေးတယ် ။
   တူ ............
      Messageဝင်လာသံကြား၍ ကြည့်လိုက်ရာ သူမျှော်နေသော လူသားတစ်ယောက်၏ စာတိုတစ်ကြောင်း  “ ခ ဘာလုပ်နေလဲ..” တဲ့ မောင်ဟာလေတကယ်ကို ခကသူ့ထက်အသက်ကြီးသည်ကိုသူမေ့လျော့နေလား။
      တူ.........
    “ ခ လို့ခေါ်တာကိုစိတ်ဆိုးသွားလား ” မောင်ဟာ ခစိတ်ကိုကြိုများသိနေသည့်အလားမေးလိုက်သောကြောင့် ဘာရယ်မဟုတ် ခ ရင်ထဲကြည်နှုးရပြန်သည်။
      တူ.......
     “ ခ စိတ်ဆိုးနေတာလား စာလဲမပြန်ဘူး ”
  ကိုသန့်တို့ရှိသောကြောင့် စာမပြန်သည်ကို မောင်ကအဖြစ်သည်းပြနေသည်။
     
        📞🎶Kokoro  wo nani ni tatoe you.....Taka no youna kono kokoro...🎶📞
   “ ကိုသန့်နဲ့ မမဖြူ ခဏလေးနော် ခ ဖုန်းလေးသွားပြောလိုက်အုံးမယ်..”
     “သွားလေ ခ ရပါတယ်...”
     “ ဟုတ်ကဲ့ ” ဖုန်းအားအမြန်ယူ၍ ဆိုင်ရှေ့သို့ထွက်ကာ
    “ Hello....”
   “ခ ဘာလို့ကျွန်တော့်ကိုစာပြန်မပို့တာလဲ..”
ကြားရပါပြီသူချစ်သောလူသား၏ အသံ။ အသံကိုနားထောင်ရသည်မှာ မောင်စိတ်တိုနေသည်လား။
    “ ခ ကျွန်တော်ပြောတာကြားလား..”
   “ ညdutyဆင်းရတယ် အဲ့ဒါ လုပ်ဖော်ကိုင်ဖက်အကိုတွေအမတွေနဲ့စကားပြောနေလို့မပို့ဖြစ်တာ ပါ ”
    “ ခ အခုဘယ်မှာလဲ  ”
    “ ညdutyဆင်းပါတယ်ဆို ဆေးရုံမှာပေါ့ကွ ”
     “ ဘာစားပြီးပြီလဲ..ကျွန်တော်လာပို့ပေးရမလား ”
    “ မပို့ပေးနဲ့ရတယ် တည်ဂတိနဲ့ က တွေ့တာနှစ်ကြိမ်ပဲရှိသေးတယ် ဘာလို့အဲ့လောက်ကောင်းပြနေတာလဲ အဲ့လိုတွေလုပ်ပြနေတော့ငါအားနာရတယ် ”
    “ ခ မနက်ဖြန်တွေ့ချင်တယ် ရမလား ”
    “ မနက်ဖြန်ငါduty outမှာ တွေ့လို့တော့ရပါတယ် ”
   “ ကျွန်တော်လာကြိုမယ်လေဆေးရုံကို ”
    “ ငါ့မှာကားပါတယ် တည်ဂတိ လာမကြိုနဲ့ရပါတယ် ”
   “ ပြီးရောဗျာ အဲ့ဒါဆိုလဲ မနက်ဖြန်တွေ့ကြမယ်နော် ” 
    “ ဟုတ်ကဲ့ ” လို့ပြောရင်းကျသွားတဲ့ ဖုန်းcalledလေးကိုကြည့်ရင်း ပြုံးနေမိသော သူ့အား ဘယ်ချိန်ကမှန်းမသိရောက်နေသော မမဖြူက “ ခ ဘာတွေများအဲ့လောက်သဘောကျနေတာလဲ ဟိုမှာ coffee တွေအေးကုန်တော့မယ် လာလာ ”
   “   ဟုတ်ကဲ့မမဖြူ ခ သူငယ်ချင်းနဲ့စကားပြောတာမပျက်သေးလို့ကြာသွားတယ် သွားကြမယ်လေ ” လို့ပြောကာမမဖြူကိုခေါ်၍ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
 ..........................................................................
  📞🎶 Hello December Ring to babe🎶📞
     “ Hello ကိုကိုကြီး ”
    “ ..........................”
    “ စိတ်ချပါ ညီညီသေချာလုပ်လိုက်ပါ့မယ် ”
     “ ........................ ”
     “ ဟုတ်ကဲ့ကိုကိုကြီး အဲ့ဒါဆိုညီညီဖုန်းချလိုက်တော့မယ် ” ဖုန်းကိုချ၍ messageတစ်စောင်ပို့လိုက်သည်။ “ good night Kha ” စာပို့ပြီးသည်နှင့် မျက်နှာထက်တွင် fake smile တစ်ခုကိုချိတ်ဆွဲလိုက်ခြင်းကို မည်သူမျှမြင်လိုက်မည်မဟုတ် ။
..........//////..........................////............/////............
    
     မနက်စောစောအိပ်ရာထကာ ဆေးနံ့မကင်းသော ဆေးရုံ၏ အနံ့သက်ကို မုန်းမိသောလဲ ခ ကိုတွေ့ချင်သောကြောင့်ဆေးရုံရှေ့တွင်စောင့်နေမိသည်။  ဆယ့်ငါးမိနစ်ကြာသောခါ ထွက်လာပါပြီ ဂျူတီကုတ် အင်္ကျီလေးကိုလက်ပေါ်တွင်တင်၍ ကျွန်တော်အားပြုံးပြနေသော လူကြီးလေး။  ပါးချိုင့်လေးနှစ်ဖက်ကို ကျွန်တော်တကယ်မြတ်နိုးမိပါသည်။ ဒီနေ့မှထူးဆန်းနေသည်မှာ ခ ၏ မျက်လုံးလေးများပင် ကျွန်တော်တွေ့ဖူးသည့် အညိုရောင်မျက်လုံးလေးတွေမဟုတ်ပဲ ကြည်ပြာရောင်သန်းနေသည့် မျက်လုံးအိမ်လေး။ ကြည်ပြာရောင်မျက်လုံးလေးတွေနှင့်လဲ ထိုလူသားလေးမှာလှနေပေသည်။
       “ တည် ဂတိ ဘာဖြစ်လို့လဲ ငါ့မျက်နှာမှာတစ်ခုခုပေနေလို့လား ”
       ထိုအသံလေးကိုကြားခါမှ ငေးမောနေသည့်စိတ်တိုပြန်လဲအသိဝင်၍
       “ ဟုတ်တယ် ခ မျက်ကပ်မှန်တပ်ထားတာလား ”
       “ ဟုတ်တယ် ငါမျက်မှန်မတပ်ချင်လို့ ဘာလဲမလိုက်လို့လားဟင် ”
      “ မဟုတ်ပါဘူး ခ နဲ့အရမ်းလိုက်နေတော့ တခြားသူတွေ ကြည့်နေတာကိုကျွန်တော် မကြိုက်ဘူး ”
     “ ဟီး.ဟီး အဲ့လောက်ကြီးမြှောက်မနေပါနဲ့ မနက်စာငါဝယ်ကျွေးပါ့မယ် ”
     “ မနက်စာ မစားချင်ဘူး ”
      “ အေးပါကွာ မင်းငါ့ကိုပြောစရာရှိလို့လား ”
     “ အင်းရှိတယ် ”
     “ အဲ့ဒါဆိုပြော ငါအိမ်ပြန်ရအုံးမှာမလို့ ”
      “ တစ်နေရာရာကိုသွားရအောင်လေ အင်ယားကန်ဖြစ်ဖြစ် ကန်တော်ကြီးဖြစ်ဖြစ် ”
     “ အေးပါအဲ့ဒါဆို မင်းရှေ့ကမောင်း ငါနောက်ကလိုက်ခဲ့မယ် ”
  “    ကျွန်တော်ကားနဲ့ပဲလိုက်ခဲ့ပါလား ”
  “ ငါ့မှာကားပါတယ် ”
  “ ခ ကားကဘီးပေါက်နေတယ် မဟုတ်ဘူးလားကြည့်ကြည့်အုံး ”
     ခ လဲ ကားကိုဝှေ့ဝိုက်ကြည့်လိုက် သောအခါ
   “ ဟုတ်ပါရဲ့ ညတုန်းကတောင်အကောင်းကြီးပါ ကျစ် အိမ်ကိုဘယ်လိုပြန်ရမှန်းမသိ တော့ဘူး ”
    “ ကဲပါ ကျွန်တော်အိမ်ထိလိုက်ပို့ပေးမယ် ငြင်းမနေပါနဲ့တော့ ခ ရာ နော်သွားရအောင် ”
     ခ လဲခေါင်းငြိမ့်ပြ၍ ကားနောက်ခန်းကိုဝင်ရန်ပြုနေစဉ် “ ခ လာလေရှေ့မှာပဲထိုင် lover sect လေးမှာ ” လို့ပြောရင်းရီပြနေသည့်မောင့်ကိုကြည့်ရင်း ခ ရင်တွေအလွန်ပင်ခုန်ရပါသည်။
ကားပေါ်ရောက်သောလဲ ခါးပတ်ကိုသူကိုယ်တိုင် ပတ်ပေးနေသည့်မောင့်ကို ခ ငေးကြည့်နေမိသည်။ ဒီလူသားသာ ခ အနားရှိနေရင် ခ အရာအားလုံးပြည့်စုံ မည်။ ခ တစ်ခါမှ မရဘူးသော မေတ္တာတွေကိုလဲ ထိုလူသားပေးနိုင်လိမ့်မည် ဟု ခ အကျွင်းမဲ့ ယုံပါသည်။ ကားမောင်းနေသည့် မောင့်အားငေးကြည့်နေရသည်မှာ ခ အတွက်ပြည့်စုံမှုတစ်ခုပင် ဒီအချိန်လေးကိုရပ်တန့်ထားချင်မိတယ်။ လူရှင်းတဲ့တစ်နေရာအရောက်   မောင် ကားကိုရပ်လိုက်ကာမှ
     “ တည်ဂတိ ဘာဖြစ်လို့လဲ အင်ယားကန်မရောက်သေးဘူးလေ ”
     “ ခ ကို ကျွန်တော် ပြောစရာရှိတယ် ”
     “ အင်းပြောလေ ”
    “  ခ ကိုကျွန်တော်ချစ်တယ် ကျွန်တော့်ကိုပြန်ချစ်ပေးမလား ”
     “ ငါ... မင်းကို..... ”
     “ မချစ်ဘူးလို့မပြောနဲ့ ကျွန်တော်မလိုချင်ဘူးအဲ့အဖြေကို စဉ်းစားမယ် လဲမပြောနဲ့ ”
   “ ဟာ ဘယ်လိုကြီးလဲ မင်းပြောတာကြီးကငါ့ကိုအပိုင်တွက်ပြီး လာပြောနေတာလားတည်ဂတိ ”
    “ မဟုတ်ဘူး ခ ကျွန်တော်စောင့်နေရတဲ့အလုပ်ကြီးကိုမကြိုက်ဘူး ခ မချစ်ဘူးလို့ပြောတာကြီးကိုလဲမလိုချင်ဘူး ကျွန်တော်အတ္တြကီးတယ်လို့ ခ ထင်ချင်ထင်မယ် ဒါပေမဲ့အဲ့ဒါတွေအားလုံးက ခ ကိုချစ်မိလို့ဖြစ်သွားတာ ”
     အစကဒေါသထွက်ပေမယ့် " ခ ကိုချစ်လို့ဖြစ်သွားတာ " ဆိုတဲ့မောင့်စကားကြောင့် ခ ဒေါသတွေဘယ်ပျောက်ကုန်မှန်းမသိ ။ တွေ့တာမှ သုံးခါပဲရှိသေးသည့် သူ့အား မောင်ကချစ်သည်ဆိုသည်မှာဖြစ်နိုင်ပါ့မလား ။ မယုံနိုင်သောမျက်လုံးတို့ဖြင့်    မောင့်အားကြည့်နေမိသည်။
     “ တွေ့တာမကြာသေးပဲ ယုံလို့ဖြစ်ပါ့မလားလို့မတွေးနဲ့ ခ အရာအားလုံးထက်ပိုပြီးချစ်တယ်ဆိုတာတော့ယုံပေးပါ ခ ”
       မောင်အကြားမြင်များရနေသည့်အလား ခ စိတ်တွေကိုကြိုမြင်နေတတ်သည်။
    “ ခ တစ်ခုခုတော့ပြောလေကွာ အဲ့လိုကြီးတိတ်ဆိတ်မနေပါနဲ့ ”
   “ ငါ...ငါ မယုံရဲဘူး တည်ဂတိ ငါ့ကိုဘယ်သူမှ တကယ်မချစ်ကြဘူး ငါအမြဲအထီးကျန်ဆန်ခဲ့ရတယ် ငါ့ကိုမင်းက ချစ်တယ်ပြောတော့ ငါဘယ်လိုမှမယုံရဲဘူး ”
   “ ခ ကျွန်တော့်ကိုမယုံဘူးပေါ့ အဲ့တော့လဲ ခ ယုံအောင်ပြရသေးတာပေါ့ ” လို့ပြောရင်းကားတံခါးကိုဖွင့် ၍ ဆင်းသွားသောမောင့်အား လိုက်ကြည့်နေမိသည်။ မောင်ရူးသွားပြီလား ကားလမ်းမပေါ်တွင်ပက်လပ်လှန်ကာအိပ်နေသည်။ ခ လဲကားတံခါးကိုဖွင့်၍ မောင့်အနားသို့သွားကာ
     “ တည်ဂတိမင်းဘာလုပ်တာလဲ ထ အခု ”
   “ မထဘူး ခ ချစ်တယ်လို့မပြောမချင်းဒီတိုင်းနေမှာ ”
    “ ထပါတော့နော် ကားတွေဘာတွေလာရင်ဘယ်လိုလုပ်မလဲ မင်းကလိမ္မာပါတယ် ”
    “ ခ ချစ်တယ်လို့ပြောလိုက်လေ ”
   “ ငါစဉ်းစားပြစေအုံးနော် ”
   “ ဘာ လဲဗျာ ချစ်ရင် ချစ်တယ် မချစ်ရင် မချစ်ဘူးပေါ့ ဘာကိုစဉ်းစားနေအုံးမှာလဲ ”
   မောင့်အားမနိုင်ဘူးဟူသောအကြည့်ဖြင့် ကြည့်ယုံရှိသေး ကားတစ်စီးအရှိန်နှင့်မောင်းလာသည်ကို ခ တွေ့လိုက်ရသည်။
    “ တည်ဂတိ ဟိုမှာကားလာနေပြီ ထတော့မင်းကိုတိုက်မိလိမ့်မယ် ”
   “ မထဘူးဗျာ တိုက်လို့သေတော့လဲ ဘာဖြစ်လဲ ခ ပြန်မချစ်တဲ့ဘဝကြီးနဲ့တော့မနေချင်ဘူး သေသေ ”
   “ တည်ဂတိထတော့လို့ ထပါတော့ကွာ ”
  “ ပြောလေအဲ့ဒါဆို ”
  “ ချစ်တယ် ချစ်တယ် ဟုတ်ပြီလား ထတော့ ”
  “ ဒီလိုမှပေါ့ ” လို့ပြောရင်း ထလာသောမောင့်အားထူပေးလိုက်သည်။ ထိုအခါ
   “ ကျေးဇူးသားရီးရေ နောက်ကျမှတွေ့မယ် ”လို့ဘေးမဖြတ်သွားသောကားအားလှမ်းပြောနေသည့်မောင်။ ခ နားပင်မလည်နိုင်တော့ချေ ။
  သူ့အမှားသူသိသောမောင်မှာ သူ့အားပြုံးပြ၍
   “ ခ ငြင်းမှာကြောက်လို့လုပ်လိုက်မိတာပါ စိတ်မဆိုးနဲ့နော် ” ခ မျက်စောင်းထိုး၍ ကားပေါ်ပြန်တက်ခဲ့သည်။ မောင်သည် ပြာပြာတလဲ ကားပေါ်လိုက်တတ်၍
    “ ခ စိတ်ဆိုးသွားတာလား တောင်းပန်ပါတယ် အဲ့လိုကြီးမနေပါနဲ့ ”
    “ အရူးလုပ်တာခံလိုက်ရတယ် အရူးကောင်သွားငါ့နားမလာနဲ့ ”
    “ အခုလိုလုပ်လိုက်ရတာက ခ ကို အရမ်း ချစ် လို့ပါ ” ဒီစကားအောက်မှာကျရှုံးရပြန်ပါပြီ ။
    “ ထားပါဒီတစ်ခါတော့ခွင့်လွှတ်လိုက်မယ် ”
   “ ကျေးဇူးပါမောင့်ကမ္ဘာလေး”
     “ တည်ဂတိငါဗိုက်ဆာနေပြီ ”
   “ ရည်းစားတောင်ဖြစ်နေပြီ တည်ဂတိလို့ခေါ်တုန်းလား ”
   “ အဲ့ဒါဆိုဘယ်လိုခေါ်ရမှာလဲ ”
   “ မောင်လို့ခေါ် ”
   “ အေးပါတည်ဂတိ ရာ ”
      မျက်မှောင်ကျုတ်၍ ကြည့်နေသောမောင်သည် တကယ် ကိုကြည့်ကောင်းပါသည်။
   “ မောင်မျက်မှောင်ကြီးကျုတ်မထားနဲ့လေ မောင်နဲ့မလိုက်ဘူးသိလား ”
    “ ခ ဘာစားမလဲ မောင်လိုက်ဝယ်ကျွေးမယ် ”
    “ ရတယ်မောင် အစဉ်ပြေတဲ့ဆိုင်သွားလေ ”လို့ပြောလိုက်သည်နှင့် ခ တို့၏ ကားလေးသည်မုန့်ဆိုင်ဆီသို့။

................./////............///..........////..............////......
အရှည်ကြီးupdateတင်ပေးလိုက်တယ်ဗျာ😁😁😁😁အမှားပါရင်ခွင့်လွှတ်ပါ🥺🥺🥺🥺🥺 မိုးမလင်းအင်ယာအဖွဲ့ရဲ့ ဂိုဏ်းချုပ်မလို့ နောက်အပိုင်းတွေမှောင်ပါမယ် အသက်မပြည့်ရင်မဖတ်ပါနဲ့နော်😥😥😥😥😥

မောင်စေရင်   ( မောင်စေရင်)Where stories live. Discover now