" ဟဲ့ သိပြီးပြီးလား
ဒီနေ့ ငါတို့ရုံးကို ခေါင်းဆောင်အသစ်လာမယ်"
"အမလေးနင်က နောက်ကျနေသေး ဟိုမှာ ဟွာဟွာတို့က အင်္ကျီအသစ်နဲ့ ပျာယာကိုခက်လို့"
"ငါတို့တော့ ထီပေါက်တာပဲနော် ရိပေါ်လေးရှိနေသရွေ့ လစာမပေး လည်းရတယ် အလကားလာလုပ်ပေးမယ် နားရက်လည်းမပေးနဲ့ ဖြစ်နိုင်ရင် တစ်နေ့လုံးတညလုံး တူတူလုပ်ချင်တာ အဟိ"ထိုသို့ ပြောချင်ရာပြောနေသော အတွင်းရေးမှူးမလေး လီလီမှာ အရှေ့မှ မျက်ရိပ်ပြနေသော ဝန်ထမ်းများကိုမမြင်
ရိပေါ်မှာ အနောက်တွင်တောင့်တောင့်လေးရပ်လျက်သား
what the hell တစ်နေ့လုံးတစ်ညလုံး တူတူလုပ်ချင်တယ်ဆိုပဲ
အမလေး ပြောရင်း ကြက်သီးထလာပြီခေါင်းငုံ့ ကာ တိုးတိုးတိတ်တိတ်ပြေးဝင်သွားသော ရိပေါ်အား လီလီမှာ မမြင်လိုက်ရပေ။
ရုံးခန်းထဲရောက်မှ သက်ပြင်းအသာချရင်း ငါရှောင်ရမယ် ငါရှောင်ရမယ် ဟုထပ်ခါထပ်ခါရွတ်နေလေသည်။
ထိုဖြစ်ရပ်ကို မသိသော လီလီမှာ ရိပေါ်ရောက်ပြီး ကြားတာနဲ့ ကော်ဖီပြေးဖျော်ရင်း ရုံးခန်းထဲ ဇွတ်ဝင်လာလေသည်။
ရိပေါ်သည် အလုပ်များလေ့လာနေရာမှ လီလီ ကိုမြင်သော် ခုံပေါ် ခြေထောက်တင်ရပ်ရင်း
" အမ် ဘာလုပ် ဘာလုပ်တာလဲ "
"အဲ ခေါင်းဆောင်အတွက်ကော်ဖီ ကော်ဖီ "
မျက်တောင်လေး ပုပ်ခပ် ပုပ်ခပ်နှင့် မျက်စိနာနေဟန်လုပ်ပြနေ၍
ရိပေါ်မှာ ကော်ဖီခွက်ကိုကြည့်လိုက် လီလီကိုကြည့်လိုက်လုပ်နေရာမှရုတ်တရက် တံခါးဖွင့်ကာ ဝင်လာသော ဟွားဟွားက " ခေါင်းဆောင် ရှောင် group က ရှောင်းကျန့်ရောက်နေပါတယ်"
ဟူသောစကားသံကြောင့် ပြေးထွက်လာလေတော့သည်။
"တော်သေး ယုန်ဆိုးလေးကယ်လို့ ယုန်ဆိုးလေး မင်းကြောင့် ငါ ဘီလူးမတွေနဲ့ အလုပ်လာလုပ်နေရတာ"
လီလီမှာ ဘုမသိ ဘမသိ ရိပေါ်နောက်လိုက်ထွက်လာလေသည်။ လီလီ အတွေးတွင်တော့
"ရိပေါ်လေးက လန့်တက်တာ ထင်တယ် နောက်မှ ကိုယ်ဖိရင်ဖိ ကာကွယ်ပေးရမယ် အဟိ "❤️❤️
" ကျန့်ကျန့် "
ခေါ်သံကြောင့် ခေါင်းအမော့ ရှောင်းကျန့်ဘေး အပြေး ဝင်ထိုင်သောရိပေါ်
အနားမှ ဝန်ထမ်းလေးများမှာ အံသြနေကြဟန်"အဟမ်း ဒီက ဘယ်သူလဲမသိဘူး" မသိသလို
ရှောင်းကျန့်အပြောကြောင့် ရိပေါ် မျက်နှာ စူပုပ်လာကာ
" မမှတ်မိဘူးလား မင်းငါ့ဆီက ငွေလိမ်သွားတာလေ
ဘယ်လိုပြောရမလဲ ငါက အကြွေးရှင်ပေါ့ "
နှုတ်ခမ်းတစ်ခြမ်းရဲွ့ကာပြောသော ဝမ်ရိပေါ်
ကြောင့် ရှောင်းကျန့်သွေးတက်လေပြီ။
" အဟဲဟဲ အကိုလေး လူမှားနေပြီထင်တယ်
ကျွန်တော်က ရှောင်group က ပါ china ရောက်တာလည်း မကြာသေးဘူး အကို့ ex တွေနဲ့ မှားတာများလား "
သွားလေးစေ့ကာ အသိပေးသလို မျက်လုံးလေး ပြူးပြလာသော ရှောင်းကျန့်
အဟက် ချစ်ဖို့ကောင်းလိုက်တာ
အကောင်လိုက်လေ မျိုချင်လာပြီး
ခက်တာက သူပြောတဲ့ ex ထဲ သူပါနေမှန်း သတိမထားမိသေးသော ယုန်ဆိုးလေး
"အင် ဟုတ်မယ် ကျောင်းတုန်းက ယုန်စုတ်နဲ့မှားသွားတယ် သွေ့ပချိ ပုလင်းဖင်မှန်နဲ့ သွားခေါခေါနဲ့ ပိန်ညောင်ညောင်နဲ့ တစ်ချက် တစ်ချက်ဂစ်ထသေး sorry sorry "
ထိုစကားကို ရဲွ့သလိုပြောနေသော ဝမ်ရိပေါကြောင့် ရှောင်းကျန့် ဒေါသတို့ ငယ်ထိပ်တက်လေပြီ
"ဝမ်ရိပေါ် ဝက်စုတ်ကောင် မင်းက ဘယ်လောက်ချောနေလို့လဲ ဘဝင်ရူးကောင် တွေ့သမျှမိန်းကလေးလိုက်နေတဲ့အကောင် သေတောင်မင်းတို့ဝမ်groupနဲ့ အလုပ်မလုပ်ဘူး "ရုတ်တရက်
အော်ကာ စာရွက်တွေနှင့်ကောက်ပေါက်သွားသော ရှောင်းကျန့်ကြောင့်
ဘေးမှ ဝန်ထမ်းများမှာ ကြောင်လျက် ဘာလုပ်ရမှန်းမသိသေး
ကောက်ပေါက်ခံရသော ရိပေါ်မှာတော့ ပြုံးဖြီးလျက်
❤️❤️26.4.2021