11

91 6 1
                                    

meeting room သို့ ရှောင်းကျန့်ခြေလှမ်းစစချင်းတွေ့လိုက်ရသည်မှာ  ဝမ်ရိပေါ်

​ နက်ကတိုင် လျော့လျော့ လေးချည်ထားရင်း ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကို ကြိုဖတ်နေလေသည်။
သူဝင်လာတာကိုပင် ဂရုမစိုက်နိုင်

တစ်ဆိတ်လောက်သူက ဘာလို့ဒီနေ့ အရင်နေ့တွေထက်ပိုတောက်ပနေရတာလဲ

ရှောင်းကျန့်တွေးရင်းနှာခေါင်းရှုံ့မိလေသည်။
ထို့နောက် ရိပေါ်အရှေ့တည့်တည့်ခုံမှာဝင်ထိုင်လိုက်ရင်း

" ဒီနေ့ မင်းရုံးက လူတွေနောက်ကျလှချည်လား"
" မင်းစောနေတာလေ"
စာဖတ်ရင်းခေါင်းတောင်ထောင်မကြည့်ဘဲ ပြောလိုက်သော ဝမ်ရိပေါ်ကြောင့်  ရှောင်းကျန့်စိတ်ထဲမကျေနပ်မှုသေးသေးလေးတိုးဝင်လာလေသည်။
တစ်ဆက်တည်းမှာပဲ  မနေ့ကသူပြောလိုက်တဲ့အကြောင်းကို ဝမ်ရိပေါ်က ဂရုမစိုက်သလို ပုံစံကြောင့်  ဝမ်းနည်းလာမှုက လှိုက်ကနဲ့ ဖြစ်လာလေသည်။ သို့သော် အားတင်းလိုက်ရင်း

"ဒါဆိူ ငါတို့ပဲ   ဆွေးနွေးလိုက်တာပေါ့"
"ကောင်းပြီလေ"
  ဖတိနေသော စာအုပ်အားပိတ်ရင်း  အစည်းအဝေးကိူစတင်လိုက်လေသည်။
ရိပေါ်က တော်တော် စိတ်ကူးကတော့ ကောင်းပါသည်။
သူလိုချင်တဲ့ ပုံစံ  သူဖြစ်ချင်သည့်ပုံစံကိုလည်း တစ်ခါတည်း ပြောလာသောကြောင့်  design ပိုင်းအတွက်ဖိအားမရှိ  ။ ""

" ဆိုတော့ ဒီပုံစံအတိုင်းပဲ ဆက်သွားကြတာပေါ့"

"ဒုန်း "
meeting ပြီးခါနီး ရုတ်တရက် တံခါးဖွင့် ဝင်လာသော လီလီကြောင့် နှစ်ယောက်လုံးမှာ ကြောင်၍ကြည့်နေမိသည်။

လီလီမှာ သူတို့နှစ်ယောက်ကိုတွေ့မှ  ရုတ်တရက် နာရီကြည့်ဖို့သတိရလေသည်။
နာရီလက်တံက 10:30 တိတိ

ဆိုင်တွင်ကြိုးစားပမ်းစားပြင်လာပြီးမှ
လမ်းတွင်ကားပျက်သည့်အပြင် ဘီးပါပေါက်သောကြောင့် ရုံးချိန်မမှီသည့် အပြင် အစည်းအဝေးပါ ပြီးသွားလေပြီ ။

လက်မလျော့ပါဘူး လီလီ တဲ့ တစ်လီပဲရှိတယ်။

"ခေါင်းဆောင် လီလီ လမ်းမှာကားပျက်လို့ ဆော်ရီးနော် ဒီက mr.ရှောင်းကျန့်ရောပဲ"
လေသံလေးဖိကာ ကပိုကရိုလေး ဟန်လေးနှင့် ခေါင်းလေးမဝံ့မရဲ ငုံ့ကာပြောလိုက်လေသည်။
"ရပါတယ်"
" ဝမ်းသာတယ် "
​ရှောင်းကျန့်အနောက်သို့ငဲ့ကြည့်လိုက်လေသည်။
ပခုံးတွန့်ပြသောရိပေါ်ကြောင့် မျက်လုံးလေး ပုပ်ခပ်ပုပ်ခပ်နှင့် နားမလည်သလို ဖြစ်နေသော ရှောင်းကျန့်ကြောင့် ရိပေါ်မှာ ရင်ခွင်ထဲမှာ ခပ်ကြမ်းကြမ်းဖတ်ထားရင်း ဖိနမ်း ချင်စိတ်က ထိန်းမရ။
လီလီမှာ ရိပေါ်ပြောလိုက်သောစကားသံကြောင့် ရိပေါ်အားလှမ်းကြည့် စဥ်
~ ဘယ်လိုမြင်ကွင်းမျိုးပါလိမ့်~

တစ်ယောက်က ကြောင်တောင်တောင် ပါးစပ်လေးဟလို့ တစ်ယောက်ရဲ့ မျက်လုံးလေးကတော့ တစ်ယောက်ရဲ့နှုတ်ခမ်းပါးလေး မခွာ

အမလေး ကြည့်ရင်း ကြက်သီးထလာပြီ

" နောက်ခေါက် အစည်းအဝေးတွေလည်း လီလီ တက်စရာမလိုဘူး "
တိတ်ဆိတ်မှုကို ရိပေါ်မှ ဖြိုခွင်းလိုက်ပြီး

"ရှောင်းကျန့် ငါနဲ့လမ်းကြုံတယ် လိုက်ခဲ့" ဟုဆိုကာ ရှောင်းကျန့်လက်အား ဆဲွရင်း ထွက်လာခဲ့လေသည်။
ရှောင်းကျန့်မှာ ဒီအခြေအနေကို အခုထိနားမလည်နိုင်သေးပေ။

15.6.21

love=ယုန်လေးWhere stories live. Discover now