ရိပေါ်မှာရှောင်းကျန့်အားအတင်းဆဲွခေါ်လာပြီး
ကမ်းနားလမ်းမှ အသင့်မှာထားသော သင်္ဘောပေါ်သို့ ဆက်လိုက်သည်။" ရိပေါ် မင်းဘာလုပ်တာလဲ"
" ကိုယ့်လက်ထဲက လျှောက်ပြေးနေတဲ့ ယုန်ဆိုးလေးကို လိုက်ဖမ်းနေတာ"
"ဘယ်မှာပြေးလို့လဲ မင်းနဲ့ ငါပြီးပြီး "
" ယုနိဆိုးလေးက မင်းလို့ဘယ်သူပြောလဲ "
"ဝမ်ရိပေါ် မင်း "
မျက်နှာနီရဲကာ မျက်ရည်ဝေ့လာသော ရှောင်းကျန့်ကြောင့် ရိပေါ်မှာ ချက်ချင်းအနား ကပ်လာရင်း မျက်ရည်လှမ်းသုတ်လိုက်သည်။" အာ စတာစတာ ကိုယ်မှားပါတယ် နော်"
ရှောင်းကျန့်မှာ ပြောမှ မျက်ရည်ပိုကျလာပြီး ခေါင်းလှည့်လိုက်သည်။
" ယုန်လေး ကိုယ့်ကိုကြည့် ဟိုတုန်းက ဘာလို့ ချက်ချင်းထွက်ပြေးသွားတာလဲ "
" ကိုယ်ဘယ်လောက်လိုက်ရှာခဲ့ရလဲ ဘယ်လောက်ပူထူခဲ့ရလဲ "
" မင်းပျော်နေမှာပါ"
" မဟုတ်ဘူး ကိုယ် လွတိလပ်မှု ကို ရှာချင်ခဲ့တာမှန်တယ် ဒါပေမယ့် ကိုယ့်ဘေးကယုန်လေးကိုတော့ ထွက်သွားခွင့်မပေးနိုင်ဘူး
ကိုယ် အတ္တ ကြီးခဲ့ ပါတယ် အခု ကိုယ်ပြင်ပါ့မယ် ကိုယ့်ကို အခွင့်အရေးထပ်ပေးနိုင်မလား "
ထိုစကားသံကြောင့် ရင်ခုန်သံမြန်လာသော ရှောင်းကျန့်မှာ ဘာလုပ်ရမလဲ မသိဖြစ်ကာ အရှက်သည်းနေလေသည်။
သူငါ့ကိုချစ်နေဆဲပဲလား
ပျော်ရွှင်စိတ်က ထိန်းမရ
အရှေ့၌ ငြိမ်နေသော ရှောင်းကျန့်ကြောင့် ရိပေါ်မှာ စိတ်မရှည်စွာ" ကျန့်ကျန့် ကိုယ့်ကိုမယုံဘူးလား
ကိုယ် ဘာထပ်လုပ်ပြရမလဲ ကျန့်ကျန့်မှာ ချစ်သူမရှိဘူးဆိုတာလည်း ကိုယ်စုံစမ်း ပြီးပြီ "ရှောင်းကျန့်မှာ အနောက်သို့တစ်လှမ်းဆုတ်လိုက်ရင်း
" ဟို ဟို စောင့်ကြည့်ဦးမယ်
.. ဟုတ်တယ် စောင့်ကြည့်ဦးမယ် "" စောင့်ကြည့်မယ် ကိုယ့်ကိုလား "
" အင် "ခေါင်းလေးမော့ကာ ခေါင်းညိတ်ပြလာသော ရှောင်းကျန့်ကြောင့်
~ အား း ချစ်ဖို့ကောင်းလိုက်တာ ချစ်နေရဲ့သားနဲ့ မူပြန်ပြီး ဒီယုန်ဆိုးလေးတော့ ကောင်းပြီးလေ စိတ်ကျေနပ်အောင် လိမ်မာပြရတာပေါ့ ~
" အချိန်ဘယ်လောက်ယူမှာလဲ "
ရှောင်းကျန့်လက်လေး တစ်ချောင်းထောင်ပြလိုက်သည်။" တစ်နှစ်လား ဟား များတယ်ကွာယုန်လေး"
" အမ် မဟုတ်ဘူးလေ "
ရိပေါ်ကြောင်တောင်တောင်နှင့် သူ့ယုန်လေး မျက်နှာကို ကြည့်မိသည်။
" တစ်လ "
စိတ်လှုပ်ရှားဟန်နှင့် ပြောလာသော ယုန်လေးကြောင့် ရိပေါ် ရီချင်စိတ် မနည်း အောင့်လိုက်ရသည်။မရဘူး စျေးဆစ်ရမှာ ကိုယ့်တာဝန် ။ တစ်ရက် ဖြစ်ဖြစ် တစ်လဖြစ်ဖြစ် တစ်နှစ်ဖြစ်ဖြစ် ဆယ်နှစ်ဖြစ်ဖြစ် ယုန်လေးကသူ့လက်ထဲက လွတ်မှာမဟုတ်တော့ဘူး ယုန်လေး အဖြေကလည်း သူ့အတွက်အရေးမကြီးဘူး သူနမ်းချင်နမ်းမှာပဲ အဟက်
"တစ်ပတ်လောက်တော့လုပ်ကွာ ကိုယ်မခံစားနိုင်ဘူး "
ငါအချိန်ယူတာများသွားလား ဟုရှောင်းကျန့်တွေးလိုက်မိလေသည်။ရိပေါ်သနားပါတယ် လျှော့ပေးလိုက်မယ်။
" အာ့ဆို နှစ်ပတ် "
" မရဘူးကွာ တစ်ပတ်ပဲ "" အာ့ဆိုလည်း တစ်ပတ် "
ခွီ
ရိပေါ်ရယ်သံကြောင့် ရှောင်းကျန့်မှာ နားမလည်သလို ငေးကြည့်မိသည်။
" အဟဲ ကိုယ်အရမ်းပျော်နေလို့ ဆောရီးယုန်လေး မွ"
ရိပေါ်ပြောရင်း ယုနိလေး နှုတ်ခမ်းအား ဖိကပ် နမ်းပြီး ချက်ချင်းပြန်ခွာလိုက်သည်။
ရှောင်းကျန့်မှာတော့ ရင်တွေခုန်လျှက်
သူ့ယုန်လေးကတော့ အရင်ထက်တောင် ပိုချစ်ဖို့ကောင်းလာတယ်။
ပိုလည်းချောလာတယ်။
အခုထိ သူ့စိတ်ထဲမှာ ကိုယ်ရှိမှန်းသိတော့ပိုပျော်ရတယ်ကုမ္ပဏီ ၌ လီလီမှာတော့ အလှပြင်လာသော်လည်း နှစ်ယောက်လုံး ကို လွတ်သွားသောကြောင့် တစ်နေ့လုံး ဆိုက်ကိုဖောက်လျှက်သာ
5.8.21