3

132 7 0
                                    

ရှောင်းကျန့် တုန်နေသောရင်ဘက်အားအသာဖိရင်း

"ရိပေါ်..  "

သူမေ့ချင်ပေမယ့် ဘယ်တော့မှမမေ့မယ့်နာမည်လေး

ချစ်သူဖြစ်ခဲ့တယ် လမ်းခဲွခဲ့ရတယ်
လမ်းခဲွပြီးတစ်နှစ်အကြာမှာ ရိပေါ်ဟာ ဝမ်အိမ်တော်က သခင်လေးမှန်း သိခွင့်ရခဲ့တယ်
သူကတော့ UK မှာ design ဘာသာရပ်သင်ယူရင်းပေါ့
အခုတော့ကျောင်းပြီးလို့ china ပြန်လာခဲ့တယ် 
xiao ကုမ္ပဏီမှာသာ အလုပ်ဝင်မယ်ပေါ့

ထိုင်ခုံပေါ်မှာ အတွေးလွန်နေတုန်း

"ဘာတွေးနေတာလဲ "
"မင်းနဲ့ဆိုင်လား"
"အယ်လယ့်  အရင်လို တုံးတုံးအအလေးမဟုတ်တော့ဘူးပေါ့"
"မင်းနဲ့ပြောစရာမရှိဘူး "
ရုတ်တရက် ထရပ်သော ရှောင်းကျန့်အား

လက်မှ ဖမ်းဆဲွရင်း ဆဲွချလိုက်သောကြောင့် သူ့ရင်ခွင်ထဲ ပြိုဆင်းလာသော ကိုယ်လေးကို ဖမ်းထိန်းရင်း ခိုးနမ်းမိလေသည်။
"မင်း ဘယ်လိုဖြစ်နေတာလဲ"
ရင်ခွင်ထဲမှ စွာနေသောရှောင်းကျန့်အား ရိပေါ်အသည်းယားလာကာ

" ငါဆဲွတာဖြည်းဖြည်းလေး  မင်းသာငါ့ရင်ခွင်ထဲ ဝင်ချင်နေတာ မသိဘူးထင်နေလား...
အခုတောင် ရင်ခုန်နေသေးတာလား
ရေသောက်မလား "
ပြုံးထေ့ထေ့နှငိ့ ဘေးကရေဗူး လှမ်းယူပြသော ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက်သွေးတက်လေပြီ။

" အရူးကောင် ဝက်မိစ္ဆာကောင်"
နှုတ်ခမ်းမှ ပွစိရွတ်ကာ ဘေးသို့ထိုင်ချလိုက်သော ရှောင်းကျန့်

"သူငယ်ချင်း လုပ်ရအောင် "

"မလုပ်ချင်ဘူး "
".."
"ငါ့ကို ချစ်နေသေးတာလား"

အရှေ့ကို ကြည့်နေရာမှ ရိပေါ်ပြောစကားကြောင့် ရှောင်းကျန့် လှည့်ကြည့်လိုက်စဥ်  သူ့ဘက်သာငေးရင်းပြောနေသေးရိပေါ်ကြောင့် မနေတက်စွာ

"သေလေ  လုပ်ဆိုလည်းလုပ်တာပေါ့ "
ရိပေါ် လက်သီးလေးဆုပ်ရင်း နှုတ်ခမ်းနှစ်ခုအားတင်းတင်းလေးစေ့ကာ အပျော်လေးကို ဖုံးဖိရင်း

" ဒီနေ့ကစ ငါတို့သူငယ်ချင်းနော်  မင်းအိမ်ဘယ်နားမှာလဲ "
"ဘာလုပ်ဖို့လဲ "
"သူငယ်ချင်းလေး  သိသင့်တာပေါ့ အရင်ကလည်း မင်းအကြောင်းဘာမှမသိခဲ့ရဘူး အခုပြောမင်းအိမ်နေရာ  ဖုန်းနံပါတ် မိဘနာမည် အကုန်ပြော "
"ဝမ်ရိပေါ်..."
"အာ.. ဖြည်းဖြည်းအော် မပြောချင်သေးလည်းနေ ဖြည်းဖြည်းအော် အခုတော့ထ အိမ်လိုက်ပို့မယ် "

"ကျန်းချန်ပါတယ် "

ထိုစဥ် ဦးဆုံးမှပန်းဝင်လာသော ကျန်းချန်ကြောင့်
ရှောင်းကျန့်ပြေးထွက်ကာ
"ကျန်းချန်  ကျန်ချန်း "
လှမ်းအော်လေသည်။
သာမန်ထက် ပျော်နေသယောင် ရှောင်းကျန့်အား ဝမ်ရိပေါ်လှမ်းကြည့်ရင်း  ငါနှုတ်ထွက်လိုက်လို့ သူရသွားတာများ ဟွန်း
" လာခဲ့.."
ရှောင်းကျန့်လက်အားလှမ်းဆဲွကာ   သူကားရှိရာသို့ ဆဲွခေါ်လာလေသည်။
"ဘာလုပ်တာလဲ"
"အိမ်ပြန်ပို့ပေးမယ်ပြောနေတယ်လေ"
"မလ်ုပါဘူး ကျန်းချန်နဲ့ တူတူပြန်မယ်ပြောနေတယ်လေ"
"မရဘူး ငါပို့မယ့် ကိုယ့်ဘာသာတက်မလား ချီတင်ရမလား "
တဇွတ်ထိုးလုပ်မည့်ပုံနှင့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ အောင့်သက်သက်နှင့်ပင်
"တက်ယူမယ် "
"လိမ်မာတယ် "
"အိမ်လိပ်စာပြော "
"....."
"ok"

မင်းတို့သိလား  ကိုယ်ချစ်နေတဲ့သူအချစ်ဦးကို ပြန်လိုက်နေရတဲ့ ခံစားချက်
အရင်လို ငါမလောတော့ဘူး ချစ်သူ
မင်းရင်ထဲကို ဖြည်းဖြည်းချင်း ပြန်လှမ်းလာမယ် တစ်ဘဝလုံးစာအတွက်ရည်ရွယ်ပြီးတော့
မင်းဘက်ကတော့ အပြုံးနဲ့ဆီးကြိုပေးပါ
ငါ့ဘက်က အရာအားလုံးပြောင်းလဲပေးပါ့မယ်

❤️

30.3.2021

love=ယုန်လေးDonde viven las historias. Descúbrelo ahora