ဝမ်အိမ်တော် သုံးထပ်မြောက်၏ အပေါ်ဆုံးအထပ်၌ ဝမ်ရိပေါ် သီချင်းညည်းရင် အင်္ကျီရွေးနေသည်။ တချက်တချက် စည်းချက်အလိုက် ကိုယ်လေးလှုပ်ရမ်းရင်း ပြင်ဆင်စရာများကိုပြင်ဆင်နေလေသည်။မျက်နှာထက်က ပေါ့ပါးနေသည့် အပြုံးများက လက်ဆက်နေသည့် ပန်းပွင့်လေးများလို ဝေဝေဆာဆာ လင်းလက်နေလေသည်။
မနေ့က စုံစမ်းခိုင်းထားသောသတင်းအရ ယုန်ဆိုးလေးမှာ ကျန်းချန်ဆိုသော သူငယ်ချင်းတစ်ယောက်ကလဲွရင် ဘယ်သူမှမရှိ။
~ ယုန်ဆိုးလေး မင်းလိမ်တာ နည်းနည်းများနေပြီ ~ထားပါ ။ အပိုင်ရမှ အတိုးချပြီး အပြစ်ပေးပစ်မယ်။
မင်းက ငါနဲ့ပဲရမှာ ။❤️❤️
"မာမီရေ လှလှလေးပြင်ပေးနော်"
"ဟယ် သမီးလီ ဘာပဲွရှိလို့တုန်း"
မိန်းခလေးတစ်ယောက်ကို ပြင်ပေးနေရင်း ဝင်လာသောလီလီကြောင့် လှမ်းမေးလိုက်သည်။" ရုံးသွားမလို့ "
" ရုံးမှာပဲွရှိတာလား ""မာမီရယ် ပဲွတော့မရှိဘူး boss ကို ကြာဇံကျွေးမလို့ အစည်းအဝေး ကလည်းရှိတယ် ရှောင် group သား လည်း လာမှာ
အမလေး အခုတလော ရုံးတက်ရတာ စိတ်ကြည်လိုက်တာ အဟိ ""ဟယ် ဝမ် group သားနဲ့ ရှောင်group သားလား"
ပြင်လက်စအားချထား ရင်းပြေးလာသောမာမီ ကြောင့် လီလီတစ်ယောက်သဘောကျနေလေသည်။အဟင်း တစ်ညလုံးမြူစွယ်ဖို့ စဥ်းစားပြီး အိပ်လို့တောင်မရဘူး
သူဌေးသားနဲ့ ငါ့လို ရှပ်ပြာတွေက ဘယ် ရုပ်ရှင်စီးရီးမှာ ကြည့်ကြည့် အတဲွပဲ
အမလေး ပြောရင်းနဲ့ ရင်တောင်ခုန်လာပြီ
ငါက ရှပ်ပြာရှပ်ပြာ ကလေးဆန်ဆန်လေးပေါ့boss ဝမ်က အစပိုင်းကြည့်မရပေမယ့် bossရှောင်က ငါ့ကိုမြင်မြင်ချင်းကြွေ
နောက်မှ boss ဝမ်က လိုက်ကြွေ
နှစ်ယောက်လုံးက ငါ့ကို ဝိုင်းလု အဟိ" လီလီ "
"..."
"လီလီ"
"..."
"ဟဲ့ "
"အမလေး ဘုရား "အနားကပ်ကာ အော်ထည့်လိုက်သော မာမီကြောင့် လီလီမှာ လန့်ကာ အော်မိလေသည်။
" ဟာ မာမီက လည်း လန့်လိုက်တာ လီလီ အလှည့်လား "
"ဟုတ်ပအေ တကတည်း စိတ်ကူးယဥ်နေလိုက်တာ "
"အဟိ "
"လှလှနော် စင်ဒရဲလားလေး မင်းသားနဲ့ သွားတွေ့ရမှာ အဟဲ "
"အေးပါအေ ညည်းကလည်း အဆင်ပြေရင် တစ်ဝိုင်းနော်
"
"စိတ်ချ မာမီတို့ကို မမေ့ဘူး"
အလှပြင်ခံရင်း စိတ်ကူးယဥ်လိုက်ဦးမယ် ။
ငါတော့ ဒီတစ်ခါ သေချာပေါက် ဘဲရပြီ ပဲ...❤️❤️❤️
ရှောင်းကျန့် ဒီနေ့လည်း အစည်းအဝေးရှိတာကြောင့် စောစောထမိသည်။
မဟုတ်ဘူး အချစ်ဦးနဲ့ တွေ့ရမှာမို့ဆို ပိုမှန်မယ်ညကလည်းတစ်ညလုံးအိပ်မရ
ချစ်သူရှိသွားတယ် ပြောမိလို့ တကယ်ထင်သွားမှာ စိုးနေသည်။ရိပေါ် ငါအခုထိ မင်းကို ချစ်နေတုန်း ပဲ ထင်တယ်
ထို့ကြောင့် စောစောထကာ ပြင်ဆင်နေမိသည်။
အဖြူရှပ်လက် ရှည်ကို လက် တစ်ဝက်ခေါက်ပြီး စတိုင်ပန်လေးနှင် ဆံပင်လေး နည်းနည်း ဖွလိုက်ရင်း စောစောပဲ ထွက်လာလိုက်လေသည်။နည်းနည်း ပိုစောတွေ့ချင်သည့် မျှော်လင့်ချက်လေးနဲ့ပေါ့... ,
3.6.2021