[ 1 ]

887 30 2
                                    

// Unicode //
~~~~~~~~~~

" hey ! "

နှုတ်ဆက်သည့်အသံက သူ၏အနောက်မှလာတာမို့ အက်ဒီ လှည့်ကြည့်လိုက်သည်။ အနားကိုလျှောက်လာသူဟာ ဘတ်စကတ်ဘောအသင်းက အီသန် ။ အသင်းသားအဖြစ်ဝင်ဖို့လာခေါ်တာ မဟုတ်ပါစေနဲ့လို့ဆုတောင်းရင်း အက်ဒီ ပြန်နှုတ်ဆက်လိုက်၏။

" ဟိုင်း "

" ညနေကျရင် ကစားဖို့ရှိတယ် ၊ မင်းလာကြည့်ပါလား ၊ စိတ်ဝင်စားရင် အသင်းထဲဝင်လို့ရတာပေါ့ "

" ငါ..စောစောပြန်ရမှာမို့လို့ "

" အာ.. အဲ့လိုလား.. ဒါဆိုလည်း နောက်မှတွေ့တာပေါ့ "

အက်ဒီ စိတ်မပါစွာပြုံးပြရင်း အတန်းထဲဝင်လာလိုက်၏။ ဘတ်စကတ်ဘောအသင်းမှာပါဖို့ အီသန် ခေါ်တယ်ဆိုတာလည်း ဆရာမရဲ့တိုက်တွန်းမှုကြောင့်သာဖြစ်လိမ့်မည်။

ဘယ်သူကများ သူ့လိုလူတစ်ယောက်နှင့် အပေါင်းသင်းလုပ်ချင်မှာလဲလေ။

လှုပ်ရှားသွားလာနေကြသည့် ကျောင်းသူကျောင်းသားတွေနှင့် ကျောင်းရှေ့ကအားကစားကွင်းမှာ ဆော့ကစားနေသူတို့ကို အက်ဒီ ငေး‌ကြည့်နေသည်။ ဘယ်သူတွေ ဘယ်လိုပျော်ရွှင်နေပါစေ သူ့အတွက်တော့ ရှင်သန်ခြင်းဆိုတာ အနှစ်သာရမရှိတဲ့ကမ္ဘာကြီးထဲ အသက်ရှူနေရသလိုပင်။ အရာအားလုံးဟာ အကြောင်းရင်းမရှိစွာဘဲ အဓိပ္ပာယ်မဲ့နေ၏။

ဒီလို ခံစားချက်မျိုးတွေ ဘယ်အချိန်ကစပြီး သူ့ကိုယ်ထဲဝင်ရောက်လာလဲဆိုတာ သူမသိ။ အသက်ရှင်ရခြင်းဟာ အဓိပ္ပာယ်မဲ့လွန်းတယ်လို့ ဘာကြောင့်တွေးမိတယ်ဆိုတာကိုပင် သူမသိချေ။ သေချာတာတစ်ခုကတော့ အက်ဒီဆိုတဲ့ သူ့အတွက် အသက်ရှူနေတဲ့နေ့ရက်တိုင်းဟာ ငြီးငွေ့စရာအတိ။

တဖွဲဖွဲရွာနေသည့်မိုးဟာ ပိုသည်းလာမဲ့ပုံမပေါ်သလို တိတ်သွားဖို့လည်း အစီစဉ်မရှိသည့်အလား။ ပြတင်းပေါက်ကတဆင့် စိုစွတ်နေသောလောကကြီးကိုငေးရင်း အက်ဒီ ပျင်းရိလာသည်။ အိမ်ပြန်ပြီး ကုတင်ပေါ်မှာ ခွေခွေလေးအိပ်နေချင်သည့်စိတ်ကသာ သူ့အတွေးကိုစိုးမိုးထား၏။

Sye  [ Completed ]Where stories live. Discover now