[ Final ]

395 29 11
                                    

// Unicode //
~~~~~~~~~~

ဖလော်ရီဒါရဲ့ မိုးသည်းတဲ့ ညတစ်ည ။

" သူတို့ မင်းကိုရှာနေတော့မှာ "

" မနက်ကျမှ ရှင်းပြလိုက်မယ် "

" မုသားတွေသုံးပြီးတော့လား "

နှစ်ယောက်သား ရယ်သံတွေထပ်တူကျသည်။ ချောကလက်ပူပူတစ်ခွက်ကို စားပွဲပေါ်တင်ပေးပြီးနောက် ဘေးမှာဝင်ထိုင်တဲ့ ဆိုင်က အက်ဒီ့ကိုထွေးပွေ့၏။

" မင်းနဲ့အတူတူရှိလို့ထင်တယ် ၊ ငါ့မွေးနေ့က ပျော်စရာကောင်းနေတယ် "

" နောက်နှစ်တွေလည်း အတူတူရှိနေမယ် ၊ မွေးနေ့လက်ဆောင်တော့ မပေးဘူးပေါ့ "

" မင်းကတော့.. မကောင်းတဲ့ကောင်ပဲ ! "

ဆိုင်ရဲ့ရယ်သံတွေ လွှမ်းခြုံထားတဲ့ဧည့်ခန်းဟာ မီးလင်းဖိုမလိုအပ်တော့တဲ့အထိ အနွေးဓာတ်တို့ပြည့်ဝနေသလိုပင်။

" ငါ့မှာ မင်းအတွက်လက်ဆောင်ရှိပါတယ် "

" တကယ်လား "

" ဟုတ်တယ် မင်းကြိုက်ပါ့မလားတော့မသေချာဘူး "

" ငါကြိုက်မှာပါ ၊ ဘာလဲ.. ပြလေ "

ဆိုင်ရဲ့ ဂျာကင်အင်္ကျီအိတ်ကပ်ထဲက နှိုက်ထုတ်လိုက်သည်မှာ အနက်ရောင်လက်ပတ်ကြိုးကလေးပဲဖြစ်သည်။

အက်ဒီ ပြုံးလိုက်၏။

ထိုအချိန်ဝယ် ခြံရှေ့တွင်ထိုးရပ်လာသော ကားနှစ်စီးမှမီးရောင်ဟာ လိုက်ကာမချ‌ထား‌သောပြတင်းပေါက်မှတဆင့် ဧည့်ခန်းထဲသို့စူးစူးရှရှဝင်လာသည်။ အက်ဒီတို့ နှစ်ယောက်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ ဆိုင်ရဲ့မိဘတွေမရှိတဲ့အချိန် နှစ်ယောက်တည်းအချိန်ဖြုန်းဖို့ ကြံရွယ်ထားတာမဟုတ်လား။ အခုမှ ရုတ်တရက်ကြီး ပြန်ရောက်လာကြတာမို့ နှစ်ယောက်သားစိတ်လှုပ်ရှားသွားတာအမှန်ပင်။

ဆိုင်က အက်ဒီ့အတွက်ရည်ရွယ်ထားတဲ့ကြိုးလေးကို အိတ်ထဲပြန်သိမ်းလိုက်၏။

" အက်ဒီ "

ပြေးဝင်လာတဲ့ အမေဖြစ်သူမှာ အက်ဒီ့ကိုပွေ့ဖက်သည်။ ဒက်ဒီလည်းပါသည်။ ဆိုင်ရဲ့ မိဘတွေပါရောက်လာတာမို့ သူတို့အကြောင်းကို ကြေညာပြီးသားဖြစ်သွားတဲ့အခြေနေဟာ အတော်လေးအောင့်သက်သက်နိုင်၏။

Sye  [ Completed ]Where stories live. Discover now