Chapter - (7) "ငါ....မင်းကို...ချစ်တယ်..." 🚨🔞🚨

1.5K 32 65
                                    


[Unicode##]

"ငါ....မင်းကို...ချစ်တယ်..."

မုဒြာ အစက သူ့ (မုဒြာ) အဖေတောင်းဆိုတာကို လက်မခံပေမယ့် နောက်တော့ အကြံတစ်ခုရသွားကာ လိုက်လျောပေးလိုက်သည်။ မုဒြာ ရဲ့ ဖခင်ဖြစ်သူကလည်း သူ့သမီးက သူ့အား ငြင်းဆန်ခြင်းမရှိတော့သည့်အတွက် တော်တော်လေးကို ကျေနပ်အားရသွားသည်။

"သမီး အဖေ့ဆန္ဒကို လိုက်လျောတဲ့ အတွက် ငါ့သမီးလေး ဘာလိုချင်လဲပြော...
ဖေဖေ ဖြည့်ဆည်းပေးမယ်..."

"တကယ်လား ဖေဖေ...
ပြီးမှ စကားပြန်ပြောင်းလို့ မရဖူးနော်..."

"တကယ်ပေါ့..."

"ဒါဆို သမီးလိုချင်နေတဲ့ ကားရှိတယ်...
Lamborghini sport car latest model လေးလေ..."

"ဟား...ဟား...ဟား....ငါ့သမီးကတော့ .....
အခွင့်အရေးကောင်းကောင်းအသုံးချနေတာပဲ..."

"သမီးသာ ရုက္ခ နဲ့ လက်ထပ်ဖြစ်တဲ့နေ့ .....
ဖေဖေ သမီးကို...လက်ဖွဲ့အနေနဲ့ ပို့ပေးလိုက်မယ်...
ဟုတ်ပြီလား...."

"ဖေဖေပြောတော့ ..
လိုချင်တာဖြည့်ဆည်းပေးမယ်ဆို..."

"စျေးများလွန်းတယ်လေ...
အခုလောလောဆယ် ...ဖေဖေ ရင်းနှီးမြုပ်နှံထားတဲ့ ....
အရင်းအနှီးငွေကလဲ ..ပြန်မပေါ်သေးဖူးဆိုတော့ ...
သမီးသာ ရုက္ခ နဲ့ယူလို့ ဖေဖေအလုပ်တွေ ပိုချဲ့နိုင်ရင် ...
ဒီ့ထက်စျေးကြီးတဲ့ကားတောင် ဖေဖေဝယ်ပေးမယ်...
ဟုတ်ပြီလား..."

"အာ့ဆိုရင်တော့....မျှော်လင့်ချက် မရှိတော့ပါဖူး...
သမီး အဲ့ကောင်ကို မယူချင်ဖူး..."

"အခု လောလောဆယ် လက်ခံပြီး...
သူတို့နဲ့  သွားပတ်သက်ပေးမယ်ဆိုတာကလည်း....
သမီး ရည်ရွယ်ချက်နဲ့ သမီးပဲ....
အဲ့ကောင်ကိုယူချင်တာမဟုတ်..."

"သူတို့မိသားစုက ..မျိုးရိုးစဉ်ဆက်အရမ်းချမ်းသာတာ...
သမီးသာ ရုက္ခ နဲ့အဆင်ပြေရင် ..ဖေဖေတို့အတွက်
တိုးတက်ဖို့အခွင့်အလမ်းတွေ အများကြီး ရလာမှာ...
ငါ့ သမီးလေး ကောင်းစားဖို့အတွက်လည်း...
ဒီဖေဖေ တောင်းဆိုနေရတာပါ..."

"သမီး ရုက္ခ ကို မလိုချင်ဖူး...
သမီး စိတ်ဝင်စားတာ...လိုချင်တာက...
သူ့ (ရုက္ခ) အနားက ...ဟို...တစ်ယောက်..."

What is LOVE? အချစ်ဆိုတာ ဘာလဲ? အခ်စ္ဆိုတာ..ဘာလဲ?Where stories live. Discover now