Chapter - (11) "ငါ့ကို...မမေ့ပစ်လိုက်ပါနဲ့..." 🚨🔞🚨

778 23 16
                                    


[Unicode##]

"ငါ့ကို...မမေ့ပစ်လိုက်ပါနဲ့..."

ပြင်းထန်တဲ့ နာကျင်မှုဝေဒနာတို့ဖြင့် လူမိုက်ကြီးသည် ဘယ်ဘက်မျက်လုံးကို လက်ဖြင့်အုပ်လျက်။

"ခွေးကောင်လေးတွေ ...
မင်းတို့ကို ... ငါ....အသေ..သတ်..သတ်...ပစ်..မယ်..."

မျက်လုံးထဲတွင် သံစိုက်ဝင်လျက် သွေးများပန်းထွက်ကာ ယိုစီးကျနေတဲ့ မြင်ကွင်းကြောင့် သစ်ခက် သည် ကြက်သေသေပြီးနောက် ခဏအကြာမှာပင် မေ့လဲကျသွားလေတော့သည်။

ရုက္ခ ရုန်းကန်ရင်း ခုနက ထိုလူကြီးပစ်ချလိုက်တဲ့ သံကို စမ်းမိကာ မျက်လုံးကို အားနဲ့ ပိတ်ထိုးလိုက်ခြင်းပင် ဖြစ်သည်။

ရုက္ခ ထိုလူမိုက်ကြီး ဘောကို အားအပြည့်ထည့် ပိတ်ကန်လိုက်ပြီး

"ဒါ...ခင်ဗျားနဲ့ တန်ရာ တန်ရာ ရတာပဲ..."

၄င်းသည် မျက်လုံးပေါက်သွားတဲ့ နာကျင်မှုဝေဒနာ အပြင် ဥအောင့်သည့် ဝေဒနာကိုပါ မချိမဆန့် ထပ်တိုးခံစားလိုက်ရသည်။

ဒေါသတို့ အလီလီတက်လာကာ ရုက္ခ လည်ပင်းကို ဆွဲကိုင် ဖမ်းညှစ်ထားသောကြောင့် ရုက္ခ အသက်ရှုမဝဖြစ်ကာ ရုန်းကန်ရင်းနှင့် သံစိုက်နေတဲ့ နေရာကိုပင် လက်သီးဖြင့် ထပ်ထိုးဖိလိုက်သည်မို့ သူ့လက်တွင် သွေးများက ထပ်မံပေကျံလျက်။

ထို့နောက် မေ့လဲသွားသော သစ်ခက် ကို ပွေ့ချီလျက် ဒူးထောက်ခွေကျသွားသော ထိုလူကြီးကို တစ်ချက်စောင်းငဲ့ ကြည့်လိုက်ကာ အခန်းတွင်းမှ ထွက်လာခဲ့တော့သည်။

အချိန်မှာ (၉)နာရီထိုး ကျော်ကျော်။

သစ်ခက် အဖေ ငွေလာပို့ပေးချိန်နှင့် တိုက်ဆိုင်နေသည်မို့ ၄င်းနေရာသို့ သွားနေကြ၍ ဤနေရာ၌ လူသိပ်မရှိ။

ကလေးငယ်တွေမို့ ထွက်ပြေးနိုင်လောက်သည့် အရည်အချင်းမရှိနိုင်သည့်အပြင် အကိုလေးကလည်း အောက်မှာရှိနေသည် မဟုတ်လား။

အခုတော့ အကိုလေးက သူထိုကလေးတွေနှင့် ကစားချင်၍ မြေအောက်ခန်းထဲသို့ ဘယ်သူမှ မလာရ ပြောကြားထားသဖြင့် အပေါ်ထပ်တွင် သူတို့ လူတစ်စု အေးအေးဆေးဆေး ရုပ်ရှင်ကြည့်နေကြခြင်းပင်။

What is LOVE? အချစ်ဆိုတာ ဘာလဲ? အခ်စ္ဆိုတာ..ဘာလဲ?Where stories live. Discover now