Chapter - (3) "ငါက သူ့ယောက်ျား..." 🚨🔞🚨

2.1K 45 17
                                    

[Unicode##]

"ငါက သူ့ယောက်ျား..."

ညနေစောင်းတော့ သူ(သစ်ခက်)ရေမိုးချိုးကာ သူ (ရုက္ခ) မှာထားတဲ့အတိုင်း ဝတ်စုံဝတ်ရန် ပါကင်ထုတ်ကို ဖောက်လိုက်သည်။အဲ့နေ့ထဲက အခုအချိန်အထိ သူ (သစ်ခက်) တစ်စက်လေးမှ မထိကြည့်ရသေးလို့ ဘယ်လိုပုံစံရှိမှန်းတောင် သူ (သစ်ခက်) မသိဖူး။ဖွင့်ကြည့်လိုက်တော့ တံဆိပ်က သူ(သစ်ခက်)တစ်ချိန်က ဝတ်နေကျဖြစ်တဲ့ သူ့ (သစ်ခက်)အကြိုက် နာမည်ကြီးတံဆိပ်ပါပဲ။

နက်ပြာရောင် suit ဖြစ်ပြီး ဒီဇိုင်းက နောက်ဆုံးပေါ်  limited design ဖြစ်တယ်။သူ (သစ်ခက်) က သူ့ (ရုက္ခ) အတွက်  sex အသုံးတော်ခံဖြစ်ပေမယ့် သူ့ကို အဝတ်အစား အသုံးအဆောင် အစားအသောက်နှင့်ပတ်သက်လို့ သူက သခင်လေးတစ်ပါးလိုပါပဲ။အဲ့ဒီ့အတွက်တော့ သူ့ (ရုက္ခ) ကို ကျေးဇူးတင်သင့်တယ်လေ။

အရေးကြီးတဲ့ပွဲတော်တော်များများကို သူ (ရုက္ခ) နဲ့အတူတက်ခိုင်းလေ့ရှိပြီး သူ့ (ရုက္ခ) အနားကတော့ တစ်ဖဝါးမှ မခွါဖို့ကို မှာလေ့ရှိတယ်။တခြားသူတွေနဲ့  အလိုက်အထိုက် ရီရီမောမော ပြောမိပြန်ရင်လည်း သူ (ရုက္ခ) က မကြိုက်ပြန်ဖူး။အဲ့နေ့မျိုးဆို ပြဿနာရှာ အရစ်ခံရပြီပဲ။အဲ့လိုဖြစ်လို့ ပွဲမတက်ခိုင်းနဲ့ မလိုက်ချင်ဖူး ...ဆိုတော့လည်း မဟုတ်ပြန်ဖူး။အခုလဲ ဘယ်ပွဲကိုသွားရပြီး ဘာတွေဖြစ်ဦးမလဲပဲ။

အတွင်းရှပ်အင်္ကျီ အရောင်က baby pinkရောင် အဖျော့လေးဖြစ်ပြီး အသားဖြူတဲ့ သူ့ (သစ်ခက်) အတွက် အင်မတန်မှ လိုက်ဖက်လွန်းနေတယ်။ မသိရင် ယုန်ပေါက်စလေးတစ်ကောင်လိုပဲ အရမ်းကိုမှ ချစ်စရာကောင်းနေတယ်။

ထိုမြင်ကွင်းကြောင့် ရုက္ခ စိတ်တွေက ဂယက်ထကာ သူ့ (သစ်ခက်) ကို ချက်ချင်းပင် ဝါးစားပစ်လိုက်ချင်တယ်။ဒါပေမယ့်လည်း အခုအချိန်က မသင့်တော်တာမို့ သူ့ (ရုက္ခ) စိတ် သူပဲ ကြိတ်မှိတ်မြိုသိပ်ပစ်လိုက်ရတယ်။

'ဒီ..ယုန်ပေါက်စလေးကတော့ သူ့ (ရုက္ခ) စိတ်ကို အချိန်တိုင်းလိုလို ဆွဲဆောင်နေတော့တာပဲ။'

What is LOVE? အချစ်ဆိုတာ ဘာလဲ? အခ်စ္ဆိုတာ..ဘာလဲ?Where stories live. Discover now