Chapter - (10) "မင်းကို ငါ အမြဲကာကွယ်ပေးမယ်..." 🚨🔞🚨

981 17 27
                                    


[Unicode##]

"မင်းကို ငါ အမြဲကာကွယ်ပေးမယ်..."

သစ်ခက် ကုတင်ပေါ်တွင် ထိုင်ရင်းဖြင့် စားပွဲပေါ်တင်ထားသော နာရီလေးကိုသာ တစိုက်မတ်မတ်ကြည့်ရှုနေရင်း စိတ်မောဟိုက်နေသည်။

(၁၀)နာရီထိုးဖို့ (၅)မိနစ်အလို။

မကြာခင် (၁၀)နာရီ ထိုးတော့မည်မို့ သူ့ အမေနှင့် တွေ့ဖို့ အချိန်က တစ်ဖြေးဖြေးချင်းနီးကပ်လာသည်မို့ ပူပင်သောကရောက်လျက်။

သို့သော် ဒီနေ့မှ တိုက်ဆိုင်စွာ company မသွားပဲ အခန်းထဲမှာပင် lap top တစ်လုံးဖြင့် ထိုင်အလုပ်လုပ်နေသော ရုက္ခ။

ရုက္ခ အိမ်မှာ ရှိနေသည့်အခါ သူ့ကိုဘေးနားတွင်ထားကာ မျက်စိရှေ့ကအပျောက်မခံသည်မို့ သူအခက်ကြုံနေရခြင်းပင်။

'ဘာလို့ ဒီနေ့မှလဲကွာ...'

ရွေ့လျားနေသော အချိန်တွေနှင့်အတူ အကြံဉာဏ်များ ဖျစ်ညှစ်ထုတ်လျက်။

သစ်ခက် ဖုန်းကို မသိမသာလေးယူလိုက်ကာ အသံတိုးထားလိုက်ပြီး ရုက္ခ တစေ့တစောင်း အကဲခတ်ကြည့်လိုက်သည်။

ရုက္ခ က အလုပ်ကိုသာ သည်းကြီးမည်းကြီး လုပ်နေသည်မို့ သတိထားမိဟန် မတူ။

သူ မသိမသာလေး အိမ်သာသွားရန် ထလိုက်သည်။ခြေလှမ်း (၅)လှမ်းသာ လှမ်းရသေးသည်။အနောက်မှ ပေါ်ထွက်လာသော အသံကြောင့် အနည်းငယ် ရင်ထိတ်သွားရသည်။

"ဘေဘီ...ရူးသွားပေါက်မလို့လား..."

"အင်း..."

"ကိုယ်လိုက်ခဲ့ပေးရမလား..."

"ရတယ်...မလိုဖူး..."

သစ်ခက် ပြာပြာသလဲ တုန့်ပြန်လိုက်မိခြင်းပင်။

"ခက် ကလည်း အဲ့လောက်မလန့်သွားပါနဲ့...
ကိုယ်က နောက်တာပါ..."

'ဟူး...တော်ပါသေးရဲ့...'

ရေချိုးခန်းထဲရောက်သော် သစ်ခက် စာမြန်မြန်ရိုက်ပို့လိုက်ရသည်။

"ငါ...အခု....ဖုန်းပြောလို့ အဆင်မပြေဖူး...
အဆင်ပြေတဲ့အခါမှ ဖုန်းပြန်ဆက်လိုက်မယ်..."

What is LOVE? အချစ်ဆိုတာ ဘာလဲ? အခ်စ္ဆိုတာ..ဘာလဲ?Where stories live. Discover now